12.

17.4K 1.8K 144
                                    

Pizza စားလိုက် ကြက်ကြော်လေးဝါးလိုက်နှင့် ရှေ့က ကလေးပေါက်စက သာယာနေသလောက် Jeon Jungkook တယောက်ကတော့ လက်မလည်နိုင်ရှာ...

အရိုးနွှင်နေရသည်မှာ လက်ပင် ပြုတ်ကျချင်လာသည်.....

"ကိုကို...အာာ''

ကြက်ကြော်လေးကို ပါးစပ်ရှေ့ လာထိုးကာ ခွံ့ကျွေးပြန်တော့လည်း ဒီက Jeon Jungkook တို့က အရည်ပျော်ရပြန်သည်...

ကလေးကျွေးတဲ့ ကြက်ကြော်က အချိုမြိန်ဆုံး ဖြစ်မည်ထင်သည်... ကြက်ကြော်ကို တမြုံ့မြုံ့ဝါးရင်း ရှေ့က ပေါက်စလေးကို ကြည့်ရင်း ပီတိတွေ ဖြာနေရသည်...

ထိုလူသားလေးက တနေ့ ကိုယ့်အပိုင်ဖြစ်လာမှာ သေချာသလောက်မို့ တွေးတွေးပြီး ပျော်နေရသည်..

"Baby...ဘာစားချင်သေးလဲ...ကိုကို့ကို ရေခဲမုန့်ကလွဲပြီး ကျန်တာ ပူဆာလို့ရတယ်''

ချောင်းအနဲငယ်ဆိုးချင်နေသော ကလေးကို ရေခဲမုန့် ဝယ်မကျွေးရန် jin hyung က သေချာ မှာထားသည်...

ရေခဲမုန့် မပူဆာရဘူးဆိုတော့ မျက်နှာလေးက မဲ့သွားလေသည်...

"ကဲ baby... ဘာမှ puppy eye တွေ လုပ်ပြမနေနဲ့...ဒီနေ့တော့ မရဘူး... ''

ဟောကြည့်....puppy eye မလုပ်နဲ့ဆိုတော့ နှုတ်ခမ်းလေးကို ဘဲနှုတ်သီးလေးလို ထော်ပြပြန်သည်...

"မရဘူး baby...မရဘူး... ထပ်လုပ်နေရင် ရေခဲမုန့် မရတဲ့အပြင် ကိုကို baby ကိုပါ ဝါးစားမိလိမ့်မယ်''

အကောင်ပေါက်စလေးကို ပါးလေးနှစ်ဖက်ကို ညှစ်ကာ ပြောတော့...

"ကိုကိုက နှာဗူးကြီး'' တဲ့..

ကိုကိုက ဒီခလေး တယောက်တည်းကို ဗူးတာကို...

"ဟယ်...jungkook shii... ''

ရုတ်တရက် ကိုယ့်နာမည်ကို ခေါ်ရင်း baby ဘေးနားဝင်ထိုင်သည့် ကောင်မလေးတယောက်..

ကိုယ့်အသိထဲကတော့ မဟုတ်လောက်ဘူးထင်သည်...ထိုမျက်နှာကို လုံးဝ မရင်းနှီး

"အာ...jungkook က မီယောင်းကို မမှတ်မိဘူး ထင်တယ်... ဂင်မီယောင်းလေ jungkook ရဲ့...အထက်တန်း တူတူပဲလေ''

ဂင်မီယောင်း...ဂင်မီယောင်း....

သေချာလေး ပြန်စဉ်းစားတော့မှ မှတ်မိတော့သည်...ဒါပေမဲ့ ဒီမျက်နှာတော့မဟုတ်... ဟို ဂင်မီယောင်းက မျက်နှာလေးထောင့် နှင့် မျက်လုံးမှေးမှေး..

Don't touch my baby (Completed)Where stories live. Discover now