Zawgyi
"Baby. ကိုကို့ကို စိတ်ကောက်တာလား..ဘာလို့လဲ.. တခုခု ပြောဦးလေ''
အိမ်ပြန်ရောက်တော့လည်း ကားပေါ်မှ ခြေဆောင့်ဆင်းကာ ကားတံခါးကိုပင် ဆောင့်အောင့်ပြီး ပိတ်သွားသေးသည်..
နောက်က လိုက်ခေါ်တာကိုလည်း အဖက်မလုပ်.. အိမ်ထဲပြေးဝင်ကာ ကျောပိုးလွယ်အိတ်ကို ပစ်ချပြီး အိမ်ပေါ်တက် အိပ်ရာပေါ် ပြေးတက်ကာ ခွေအိပ်နေသည့်ကလေးငယ်..
မုန့်ထုတ်ကို ရေခဲသေတ္တာထဲ ထည့်ကာ ဘာကို စိတ်ကောက်နေမှန်း မသိသော ကလေးငယ်ဆီ ပြန်ပြေးလာရသည်..
စောင်ကို ရင်ဘက်နားထိ ဆွဲခြုံကာ မျက်လုံးကို ဇွတ်မှိတ်ထား၍ နှုတ်ခမ်းကို ဆူထားသေးသည်..
"Baby. ကိုကို မေးနေတယ်လေ.. ဘာကို စိတ်ကောက်တာလဲလို့''
ကလေးဘေး.ဝင်လှဲကာ ဆံပင်လေးကို ဖွရင်း မေးလိုက်တော့ လက်ကို ပုတ်ချလေသည်..
"ဟူး....baby ရယ်.. ကိုကိုက ဘာလုပ်ပေးရမှာလဲ.. baby ဒီလိုကြီး နေနေတော့ ကိုကိုက ဝမ်းနည်းလာပြီ....ကိုကို ဘာမှားသွားလို့လဲ baby ရယ်.. စိတ်မကောက်ပါနဲ့တော့ကွာ..ကိုကို မနေတတ်ဘူး''
ခေါင်းကို လက်မောင်းပေါ် မ,တင်ကာ ရင်ခွင်ထဲသွင်းပြီး ခပ်တိုးတိုး ချော့နေမိသည်..
ဒီကလေး ဒီလိုမျိုး နေနေတာကို ဘယ်လိုမှ မခံစားနိုင်.. ကလေးမျက်နှာ တချက်ပျက်ရင်ကို ရင်ထဲ ပူလောင်လှတာ ခုတော့ ကလေးက စကားကို ပြန်မပြောတော့.... မနေတတ် မထိုင်တတ် ဖြစ်ရုံသာမက စိတ်ထဲလည်း ဝမ်းနည်းလာသည်..
"ဟူး..........'' သက်ပြင်းသာ အကြိမ်ကြိမ်ချမိနေသည်... ရဂ်ခွင်ထဲက ပေါက်စလေးကတော့ ငြိမ်လို့ပင်..... လက်သေးသေးလေးတွေက အင်္ကျီစကို လာလုံးချေနေသောကြောင့် အိပ်ပျော်နေတာမဟုတ်မှန်း သိသည်..
နဖူးပေါ်ဝဲကျနေသော ဆံနွယ်စလေးတွေကို ဖွဖွလေး သပ်ပေးနေကာ စကားထပ်မပြောဘဲ အသံတိတ် ချော့နေလိုက်သည်..
"ကိုကို''
ရင်ခွင်ထဲကလာတဲ့ အသံတိုးတိုးလေးက ရင်တစုံလုံးကို ယောက်ယက်ခတ်သွားစေသည်..
YOU ARE READING
Don't touch my baby (Completed)
RomanceTaekook Zawgyi + Unicode Notice 👉 Not English Version That's Myanmar. ❤️