14.

18.2K 1.7K 77
                                    

"ကိုကို ထယ်ထယ် ကြောက်နေပြီ''

" ကိုကို ထယ်ထယ့်ကို နောက်နားမှာပဲ စောင့်နေနော်''

"ကိုကို ထယ်ထယ် လှရော လှရဲ့လား''

"ကိုကို ထယ်ထယ့်ကို မရီရဘူးနော်''

ဒီနေ့ ပြဇာတ်ကတဲ့နေ့....

မနက်ကအိမ်က ထွက်လာတဲ့အထိ အကုန် အေကာင်း.. ဇာတ်တိုက်ပြီး ကရတော့မယ်ဆိုမှ မျက်စိမျက်နှာတွေပျက်ကာ လက်ဖျားတွေလည်း အေးစက်နေသည့် ကလေးငယ်..

စင်နောက်မှ ကိုယ်ပါဝင်ပြီး သူ့ကို စိတ်အေးအေးထားဖို့ ပြောနေရသည်..

"Baby ရယ်...ရှေ့မှာ jin hyung ကော joon hyung ကော ရှိတယ်လေ.တခြားသူတွေကို မကြည့်ရဲရင် jin hyung ကိုပဲ ကြည့်... ကြားလား...ကိုကိုက ဒီဘေး baby ကို စောင့်ကြည့်နေမယ်.ဟုတ်ပြီလား''

ချွေးစေးလေးတွေပင် ထွက်နေပြီး မျက်နှာက မသာမယာနှင့်မို့ လက်ဆွဲပြီးသာ အိမ်ပြန်ခေါ်သွားလိုက်ချင်တော့သည်...

"ထယ်ထယ်ကလည်း gigiလည်း တူတူ ရှိနေမှာပဲကို.. မကြောက်ပါနဲ့... ရော့ ရော့.. အကြောက်ပြေအောင် chocolate လေး စားလိုက်''

Yoongi လေးကလည်း ပါလာတဲ့ မုန့်အိတ်လေးထဲက ချောကလက်ချောင်းလေးကို ခွာပြီး သူ့သူငယ်ချင်းလေးကို ကျွေးရှာသည်...

ဟိုကျားပေါက်လည်း အစားစားနေတော့ ခဏမေ့သွားဟန်ရှိသည်...

Yoongi လေးကျွေးတာစားလိုက် စကားပြောလိုက်နှင့် မျက်နှာလေး ပြန်လန်းလာသည်...

"ထယ်လေး ဒီမှာ ထယ်လေးအတွက် cake ''

ကိတ်ဗူးသေးသေးလေကို ကိုင်ရင်း ရောက်လာသည့် နောက်တယောက်..

ထိုသူက Jihoon...

"ကြောက်နေတာမလား... အကြောက်ပြေအောင် ဒါလေး အရင်စားလိုက်''

Cake ဗူးလေးကို ဖွင့်လိုက်တော့ ကလေးကြိုက်တဲ့ strawberry cake လေး... ကလေးငယ်ကတော့ ပျော်သွားသည့် ပုံပေါ်သည်..

"Jihoonie... gomawo...ထယ်က ဒီကိတ်ကိုအရမ်းကြိုက်တာ''

Yoongi လေး ကျွေးတာတမျိုး jihoon ကျွေးတာ တမျိုးနှင့် ကို့ကိုတောင် မေ့သွားဟန်တူသည်..

Don't touch my baby (Completed)Where stories live. Discover now