Zawgyi
"ပေါက်စလေးရေ...မပြီးသေးဘူးလား နောက်ကျတော့မယ်နော်''
နံနက်ချိန်ခါ တေးသံသာတော့မဟုတ်.... ကျောင်းဖွင့်ရက်တိုင်းကြားရတဲ့ kim seok jin ရဲ့ လောဆော်သံပင်..
"ဖြေးဖြေးလုပ် baby.. မပြေးနဲ့ ချော်လဲမယ်.. စာအုပ်တွေကော စုံပြီလား... လာလာ ကိုကို့နား လာဦး.. ''
အပြင်ဘက် ကားပေါ်က jin hyung က အေးဆေးထိုင်အော်နေပေမဲ့ အိမ်ထဲ ဝုန်းဒိုင်းကြဲ ဂယက်ထနေသူက သူတို့နှစ်ယောက်....
Necktie လေးကို သေချာတည့်အောင် စီးပေးကာ ကျောပိုးအိတ်ကို တချက်စစ်ပေးပြီး လွယ်ပေးလိုက်သည်..
မနက်တိုင်း သူ့ဟာသူ ပုံမှန်လုပ်နေကျ ကလေးက ခုတော့ jungkook ရဲ့ နေရာတကာ ဝင်ပါနေမှုကြောင့် မျက်စိတွေပင် နောက်လောက်သည်...
ခုလည်း အိမ်ပေါက်ဝမှာ baby ကို ဖိနပ်စီးပေးနေရင်း မှာတမ်းခြွေနေရသည်
"Baby... ကျောင်းရောက်ရင် သူများတွေကို မဖက်ရဘူးနော်...ပေါင်ပေါ်လည်း တက်မထိုင်ရဘူးနော်.... ပြီးရင် ပြေးလွှားပြီး မဆော့ရဘူးနော်... ချော်လဲရင် ကိုကိုပဲ စိတ်ပူရမှာ..ပြီးတော့ နေ့လယ်စာကို သေချာစားနော်....ကိုကိုက ညနေလာကြိုမယ်နော်...ကိုကို့ကို ကျောင်းပေါက်ဝမှာစောင့်နော်...ဘယ်မှလျောက်သွားမနေနဲ့နော်''
မှာနေသမျှကို ခေါင်းလေး ညိမ့်ကာ ညိမ့်ကာဖြင့် နားထောင်ရှာသည်...
"ဟိုအကောင် jungkook. ခုချက်ချင်း အိမ်ထဲဝင်..ပေါက်စလေး လာခဲ့တော့... ငါ့ကလေးကို ငါတောင် သူ့လောက် စစ်စစ်ပေါက်ပေါက် မမှာဘူး...လျှာကိုရှည်တယ်...''
Jin hyung ရဲ့ ပေါက်ကွဲသံကြောင့် baby ကို မျက်စပျစ်ကာ ကားထဲဝင်ခိုင်းပြီး အိမ်ထဲ အမြန်ပြန်ဝင်လာရသည်..
ပြောမရဘူးလေ ဆက်ပြီး နေနေရင် ကားပေါ်က ပန်းအိုးတို့ အလှတင်ထားတဲ့ အရုပ်တို့က လေပေါ်ဝဲလာနိုင်လောက်တယ်..
ဟူး....အလုပ်ကိစ္စကြောင့်သာ baby ကို ဒီနေ့ ကျောင်းလိုက်မပို့ဖြစ်...
Baby ကျောင်းသွားတဲ့ အချိန်တွေက ကျတော့်ရဲ့ ခြောက်ကပ်ကွဲအက်နေသော အဓိပ္ပါယ်မရှိသော နာရီ စက္ကန့်များပင်..
YOU ARE READING
Don't touch my baby (Completed)
RomanceTaekook Zawgyi + Unicode Notice 👉 Not English Version That's Myanmar. ❤️