" (Happy birthday to you )². Happy birthday dear Tae Tae.. H B T U''
Birthday song ဆိုပြီးတဲ့နောက်မှာ ကလေးငယ်က ဖယောင်းတိုင်ကို နှုတ်ခမ်းချွန်ချွန်လေးဖြင့် တဖူးဖူး မှုတ်သည်....
တယောက်တလှည့်ပေးတဲ့ လက်ဆောင်တွေကြားမှာ ကလေးငယ်က ခုန်ဆွခုန်ဆွနှင့်ပျော်နေသည်...
စားသောက်ဆိုင် အပေါ်ထပ် တထပ်လုံးကို ငှါးကာ ပြင်ဆင်ပြီး ကလေးငယ်ကို ခေါ်လာကာ suprise လုပ်ပေးခြင်းဖြစ်သည်....
ကလေးကြိုက်တဲ့ စတော်ဘယ်ရီကိတ်ကို Tata အရုပ်ပုံလေးမှာကာ ပွဲတခုလုံးကိုလည်း ပူဖောင်းကအစ ဇွန်းခရင်း အဆုံးထိ ထိုအရုပ်လေးနှင့်ချည်း ပြင်ဆင်ထားသည်...
ကလေးငယ်ကိုယ်တိုင်လည်း အနီရောင် hoodie လေးနှင့်မို့ အားလုံးဟာ ပနံသင့်စွာ ရှိနေသည်မှာ အထူးပြောပြစရါပင် မလို...
"Happy birthday baby... ကိုကို့ လက်ဆောင်က အခုဖွင့်ကြည့်မှ ဖြစ်မှာ ကလေး...''
ကလေးငယ်ရှေ့ ပါဆယ်ဗူးလေးကို ချြပီး ချက်ချင်းပင် ဖွင့်ခိုင်းတော့ အားလုံးက သူ့ရဲ့ လက်ဆောင်ဆီ စိတ်ဝင်တစား ဖြစ်လာကြသည်...
ကလေးငယ်ရဲ့ မျက်ဝန်းတောက်တောက်လေးတွေကလည်း ပါဆယ်ဗူးဆီ အကြည့်ရောက်နေသည်...
Box smile လေးဖြင့် တချက်မော့ပြီး ရီပြလာသည့် ကလေးငယ်က ဗူးကို ဖွင့်ဖို့ စိတ်လှုပ်ရှားနေဟန်...
ဗူးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ အရာကြောင့် ကလေးငယ်က သူ့ရင်ခွင်ထဲ ဝင်ပြေးလာကာ တင်းနေအောင် ဖက်ထားသေးသည်...
"ကျေးဇူး ကိုကို... ထယ်ထယ် လိုချင်တာ မှတ်မှတ်ရရ ဝယ်ပေးလို့... ကျေးဇူး တင်ပါတယ်... အများကြီး အများကြီး ကျေးဇူးတင်ပါတယ်''
ရဂ်ခွင်ထဲကနေ သူပြောချင်ရာတွေပြောပြီး ပြန်ပြေးထွက်သွားကာ လက်ဆောင်ပုံးထဲက အကောင်လေးကို ကောက်ပွေ့လိုက်သည်...
"Yeon Tan...Kim YeonTan နော်... ခုကစပြီး ဒီက သားသားလေး နာမည်က Kim YeonYan ဖြစ်သွားပြီနော်''
ခုန်ဆွခုန်ဆွဖြင့် ကလေးငယ်က လက်ထဲက မဲမဲသေးသေး ခွေးပေါက်စလေးကို နာမည်ပေး ကင်ပွန်းတပ်ပွဲ လုပ်နေသည်..
YOU ARE READING
Don't touch my baby (Completed)
RomanceTaekook Zawgyi + Unicode Notice 👉 Not English Version That's Myanmar. ❤️