"ပေါက်စလေးရေ အင်္ကျီလဲရအောင်''
Seokjin ရဲ့ အော်သံအဆုံးမှာ TV ကြည့်နေတဲ့ ကလေးငယ်က ပေါက်ပေါက်ဗူးကို ပစ်ချကာ အပေါ်ထပ် ပြေးတက်သွားသည်..
ဒီနေ့က ပေါက်စလေးရဲ့ အထက်တန်းဘွဲ့ယူရမယ့်နေ့...
ဘွဲ့ယူရမယ့်သူက ဘယ်လိုမှ မနေဘူး.. မနက်လင်းကတည်းက ကာတွန်းကားထိုင်ကြည့်နေတာ...
ပျာယာခတ်ပြီး ဆောက်တည်ရာမရနေကြတာက Kim Seokjin နဲ့ Jeon Jungkook တို့..
Jungkook က မနက်အစောကြီးကတည်းက ကလေးငယ်စီးဖို့ ဖိနပ်.. စားဖို့ မုန့်တွေ လာပို့ပြီးသွားပြီဖြစ်သည်... ခဏနေမှ ပြန်လာမည်ဟုဆိုကာ ပြန်သွားခြင်းပင်..
Seokjin ကတော့ ညကတည်းက အလုပ်ရှုပ်နေသူပင်... မျက်နှာ ပေါင်းတင်ခြင်း ဆံပင် ပေါင်းခြင်း.. စသဖြင့် မဆုံးနိုင်သော အလှအပရေးရာတို့ဖြင့် ညကတည်းက ပျာယာခတ်နေခြင်းပင်..
ဘွဲ့ယူမည့် ကလေးငယ်ကတော့ ဆော့လိုက် စားလိုက် ကာတွန်းကားကြည့်လိုက်ဖြင့် ပုံစံမပျက်....
ခုလည်း အဝတ်အစားလဲဖို့ ကိုယ့်ရှေ့ အပြေးအလွှားရောက်လာတဲ့ ပေါက်စလေးက မျက်နှာမှာလည်း မုန့်တွေ ပေပွလို့ပင်...ဆံပင်ကိုလည်း ကလေးငယ်ရဲ့ ရိုးရာမပျက် ကြက်တောင်စည်းထားသေးသည်.... ဘောင်းဘီတိုလေးဖြင့် ကလေးရဲ့ ပေါင်တံဖြူဖြစင်းစင်းလေးက အထင်းသား..
မျက်နှာတခုလုံး ပေပွနေတာတောင် ကလေးငယ်က ချစ်စရာကောင်းတုန်းပင် ...
"Aigoooo....ပေါက်စလေးရယ်... ပေပွနေတာပဲ... လာ မျက်နှာ ပြန်သစ်ရအောင်''
ပေါက်စလေးကို ရေချိုးခန်းထဲ ခေါ်လာကာ မျက်နှာ ပြန်သစ်ပေးရသည်...
အဝတ်အစားလဲပြီး အောက်ထပ်ဆင်းလာတော့ ရောက်နေပြီဖြစ်တဲ့ jungkook က ဆိုဖာပေါ် အခန့်သားပင်...
"Jin hyungie... ထယ်ထယ်က ကိုကိုဝယ်လာတဲ့ Gucci ဖိနပ်လေး စီးမှာနော်..''
လှေကားမှ ပြေးဆင်းကာ လှေကားအနောက်ခြမ်း ဖိနပ်စင်ရှိရာသို့ လုံးတုံးတုံးဖြင့် ပြေးဝင်သွားသော ကလေးငယ်... ဆိုဖာပေါ်က jungkook ကတော့ သူ့ဆီပြေးလာသည်ဟု ထင်ကာ လက်ကြီးနှစ်ဖက် ကားပြီး ပြုံးပြုံးကြီး စောင့်နေသည်...ဟိုကလေးက သူ့ကို မြင်သည့်ပုံပင် မပေါ်...
YOU ARE READING
Don't touch my baby (Completed)
RomanceTaekook Zawgyi + Unicode Notice 👉 Not English Version That's Myanmar. ❤️