13.

17.9K 1.7K 102
                                    

"Baby... အိမ်ရောက်ရင် စာ....လုပ်''

"ဝုန်း''(ကားတံခါးပိတ်သံ)

"😖''

ကားတံခါးကို ဝုန်းခနဲနေအောင် ပိတ်သွားသည်မှာ ပြောနေတာတွေတောင် တန့်ကုန်သည်...

ဒါလား....

baby စိတ်ကောက်တာပါ...

မျက်နှာလေးတောင် မကြည့်လိုက်ရဘူး.... ဇွတ်ကို ခြေဆောင့်ပြီး ဆင်းသွားသော ကလေးငယ်.

အိမ်ထဲ ဝင်သွားသည်အထိ ကြည့်ပြီး ကားကို ကိုယ့်အိမ်ဆီသာ မောင်းထွက်လာခဲ့လိုက်သည်...

ကောက်စိန်လေးကတော့ မနက်ကျရင် ဘယ်လိုတောင် ရစ်ပြီး ဂျစ်ကျဦးမလဲ မသိ....

..........

"ဟဲ့..ဟဲ့...ပေါက်စလေး..အဲ့ဒါ ဘာဖြစ်လာတာလဲ''

အိမ်ထဲကို ဆောင့်အောဂ့်ပြီး ဝင်လာသည့်အပြင် ဖိနပ်ကိုလည်း သေချာမချွတ်ဘဲ တောင်တဖက် မြောက်တဖက် ပစ်လွှင့်လိုက်သေးသည်...

ဧည့်ခန်းထဲထိုင်ပြီး running man ကြည့်ရင်း ခွီနေတာလေးတောင် ပေါက်စလေးကို ကြည့်ပြီး ကြောက်လာရသည်...

"ပေါက်စလေး...jungkook hyung ကော? "

မေးနေတာလည်း ပြန်မဖြေ..မျက်စောင်းတချက်လှမ်းထိုးပြီး အပေါ်ထပ်ကိုသာ ဝုန်းဒိုင်းကြဲပြီး တက်သွားသည်.....

ဘာတွေလဲ... kim seokjin တို့ ကိုယ့်ဘာသာကိုယ် ရေခဲမုန့်စားရင်း TV ကြည့်နေတာပာနော်..😒

ထိုင်နေလို့တော့ မဖြစ်သေး... ပစ်ထားရင် ပြသနာက ပိုကြီးသွားနိုင်သည်... ..

"Knock... knock... ပေါက်စလေးရေ... ဘာဖြစ်လာတာလဲ hyung ကို ပြောဦးလေ... ''

"....''

"Hyung ကို စိတ်မကောင်းဖြစ်အောင် လုပ်နေတာလား... တံခါးဖွင့်ဦးလေ...''

ပွင့်လာတဲ့ တံခါးနောက်မှာ မျက်ရည်တွေနှင့် ကလေးငယ်...

ကလေးကို ကုတင်ပေါ် ထိုင်စေပြီး ကလေးရှေ့ ဝင်ထိုင်ကာ မျက်ရည်တွေကို ဖွဖွလေး သုတ်ပေးရင်း....

"Hyung ကိုပြော...ဘာဖြစ်လာတာလဲ...ဘာလို့ငိုနေတာလဲ''

မေးလိုက်မှပင် ဟီးကနဲ ငိုချသည့် ကလေးငယ်..

Don't touch my baby (Completed)Where stories live. Discover now