19.

17.2K 1.5K 161
                                    

"Jimin hyung....''

Cheesecake ကို တမြုံ့မြုံ့စားနေရင်းကနေ အရှေ့က လူသားပိစိလေးက တခုခုကို မကျေနပ်သံလေးဖြင့် ခေါ်လေသည်...

"အင်း..ကလေး....ဘာလိုလို့လဲ ''

တခုခုကို ပြောရခက်နေဟန်ဖြင့် ကလေးငယ်က ချီတုံချီချ ဖြစ်နေပြန်သည်...

"ဟိုလေ.... gi ပြောရင် စိတ်မဆိုးရဘူးနော်... ပြီးတော့ gi မေးတာတွေလည်း အမှန်တိုင်းဖြေမယ်လို့ ကတိပေးရမယ်''

ပြောမယ့်စကားကို ပလ္လင်ခံနေသည်မှာ အူယားဖွယ်အတိပင်...

"ဟုတ်ပါပြီဗျာ.. မေးပါ...အကုန် အမှန်အတိုင်းပြောပါ့မယ်''

"Hyung မှာ ရည်းစားရှိလား''

မရဲတရဲလေးမော့ကြည့်ကာ မေးလာသည့်အပြင် အဖြေကိုလည်း မျက်လုံးလေးတလက်လက်ဖြင့် စောင့်နေသေးသည်...

"ကလေးကလည်း.. တချိန်လုံး ကလေးနဲ့ပဲနေးတယ် ကျောင်းသွားတယ်ပဲ လုပ်နေတာ ရည်းစား ရှိရင် ဒီလိုနေမလားကွ gi လေးရ''

"အင်းနော်.. ရည်းစားရှိရင် hyung က gi ဆီလာလာနေလို့ ရမလားနော်..အဟီး''

"Right.. တော်တယ်...ကလေးလေး''

"ထပ်မေးမယ်နော်''

"အွန်း''

"ဘယ်တော့ လက်ထပ်မှာလဲ''

"ဖွီးး.........အ ဟွတ် အဟွတ်    ..''

ရုပ်တည်ကြီးနဲ့ ဘယ့်နှယ်လိုတွေ ထမေးနေတာတုန်း Min Yoongi ရေ... သောက်နေတဲ့ ကော်ဖီတောင် သီးတယ်.....

"Min yoongi shii..ဘယ်သူ့သွားလက်ထပ်ရမှာလဲ ခင်ဗျ''

"ထားပါတော့...ရှိတယ်ပဲထား...Hyung က ဘာလုပ်ကျွေးမှာလဲ''

သောက်ကျိုးနဲ မေးခွန်းတွေနဲ့ ဘယ်လိုတောင် ရှေ့က ပိစိက ဆေးစားမှားလာလဲ မသိ..

"ဟုတ်ကဲ့ခင်မျ...ကျတော့် မိဘတွေမှာ ဘူဆန်မှာ လည်ပတ်နေတဲ့ စက်ရုံတွေ ရှိပါတယ်ခင်မျ... ကျတော့် အကိုကြီးမှာလည်း နိုင်ငံခြားမှာ company တခု ထောင်ထားပါတယ်ခင်မျ...ကျတော်က ဆိုးလ်မှာ ကျောင်းတက်ရင်း ဈေးကွက်ရှာနေတာပါခင်မျ... စက်ရုံနဲ့ နိုင်ငံခြားက ရုံးခွဲဖွင့်မိုပါခင်မျ... ကျတော့် အိမ်ထောင်ဘက်ကို ကောင်းကောင်းထားနိုင်ပါတယိ ခင်မျ....ဘာသိချင်သေးလဲဗျ''

Don't touch my baby (Completed)Where stories live. Discover now