"Baby. တံခါးဖွင့်ဦးလေ... အဲ့လိုကြီး ငိုမနေပါနဲ့ကွာ... ကိုကိုက ဘယ်လိုလုပ် စိတ်ကောင်းပါ့မလဲ''
"ကိုကို့ဘာသာ စိတ်မကောင်းရုံမကလို့ ဘာဖြစ်ဖြစ်လေ.. သွား...မခေါ်နဲ့... နောက်လည်း မလာနဲ့ ထယ်ထယ့်ဆီကို... ထယ်ထယ်စိတ်ဆိုးမှာကြောက်ရင် အစကတည်းက ကြိုပြောထားပါလား.. ခုမှ စိတ်မကောင်းဘူး လာပြောမနေနဲ့''
တကယ့် စွာတေးလေးပါပင်... တအီအီငိုနေသည့် ကြားက အသံစူးစူးလေးဖြင့် ရန်ပြန်တွေ့သေးသည်..
မနက်စာ စားနေတုန်း တိုက်ခန်းပြောင်းဖို့ကိစ္စကို jin hyung က လွှတ်ကနဲ ထွက်သွားမိသည်က စသည့် ပြသနာ...
အစကတော့ အိမ်ပြောင်းရင် baby ကိုပါ အလည်တခါတည်းခေါ်သွားမည်... တိုက်ခန်းက နီးနီးလေးမို့ baby ကို ချော့မော့ပြီး ပြောမည်ဟု စဉ်းစားထားသည်... အခန်းကိုလည်း baby ကြိုက်တဲ့ အရုပ်လေးတွေနှင့် ပြင်ပေးမည်... baby လာလည်ရင်ဖြစ်ဖြစ် လာအိပ်ရင်ဖြစ်ဖြစ် ပျော်နေအောင်ဖြစ်သည်...
ခုတော့ jin hyung ရဲ့ စကားနဲ့တင် baby က ထမင်းပန်းကန်ကို စောင့်ချကာ ဝုန်းဒိုင်းကြဲပြီး အခန်းတံခါးပါ ပိတ်ထားသေးသည် ...
"ပေါက်စလေး...အဲ့လို မလုပ်ရဘူးလေ... jk hyung တိုက်ခန်းက နီးနီးလေးကို... ဟိုမှာ ပေါက်စလေးအတွက် မုန့်တွေကော အရုပ်တွေကော အများကြီး ဝယ်ထားတာကို.. ပေါက်စလေးက စိတ်ဆိုးနေတာဆိုတော့ တခြားကလေးတွေကို ပေးလိုက်ရမှာလား အဲ့ဒါတွေက''
"မပေးရပါဘူး ထယ်ထယ်ပဲ ယူမှာ''
ဂျောက်ကနဲ တံခါးဖွင့်သံနှင့်အတူ မျက်ရည်တွေ ပလပွနဲ့ ပေါ်လာသည့် မျက်နှာလေး...
အရုပ်တွေ မုန့်တွေဆိုတော့ စိတ်ဆိုးနေတာတောင် သတိရသည့် ပုံမပေါ်တော့...
Jin hyung ကတော့ ငါ့ညီအကြောင်း ငါအသိဆုံးပါဆိုသည့် မျက်နှာပေးဖြင့် baby ကို ရင်ခွင်ထဲထည့်ကာ ချော့နေသည်..
"ပေါက်စလေးကလည်း jk hyung က အလုပ်လုပ်ပြီး ပိုက်ဆံတွေ အများကြီး ရှာရဦးမှာလေ.. သူ့ အိမ်မှာသူ နေမှရမှာပေါ့... ပြီးတော့ အိမ်က နီးနီးလေးလေ.. ပေါက်စလေး ကြိုက်တဲ့အချိန် သွားလို့ရတာပဲ .. ''
YOU ARE READING
Don't touch my baby (Completed)
RomanceTaekook Zawgyi + Unicode Notice 👉 Not English Version That's Myanmar. ❤️