18.

18.1K 1.5K 104
                                    

"Hyung... baby ကို ကျတော့ကို ပေးမယ်မလား...ဟင်.....ပေးမှာလား....ပေးနော်.....မပေးရင် ခိုးပြေးမှာ.... အေးဆေးတောင်းနေတာနော်....ပြီးမှ Jungkook က တကယ်ခိုးသွားတယ် မပြောနဲ့.. ပေးစရာရှိတာ မြန်ုမြန်ပေး..''

ဧည့်ခန်းတွင် ဖုန်သုတ်နေသည်မှာ မောရတဲ့ကြားထဲ ထိုယုန်နာက ဘေးကနေ တတွတ်တွတ်ဖြင့်...ပေးချင်အောင် အသနားခံပြီး တောင်းတာလည်း မဟုတ်... လက်တပြင်ပြင် ဗလတပြပြဖြင့်...

Joon ရေ... Jin လေး အဖြစ်ကို လာကြည့်ပါဦး... ကိုယ့်အိမ်မှာကိုယ် နေရတာတောင် မလုံခြုံတော့ဘူး Joon ရဲ့...

"အားတိုင်း ယားတိုင်း ငါ့ကလေးကို တောင်း... ငါ့လောက် မင်းကို ဒယ်ပြားစာကျွေးတာလည်း မင်းမမှတ်ဘူး....ငါ့ ကလေးက ခုမှ ဖြူဖြူစင်စင်လေး...ဘာမှ မသိသေး နားလည်သေးတာတောင် မဟုတ်ဘူး... ငါက ပိုးမွေးသလိုမွေးထားတာ...ကလေးက ခုမှ ပိစိလေး ရှိသေးတယ်... မင်းလို အမြဲ dirty mind နေတဲ့ယုန်နဲ့ ငါက ဘယ်လို စိတ်ချရမလဲ...ငါ့ကလေးက ino...no...cen.....t.....''

"Daddyyyyyyyy''

😯😱😱😯

လှေကားလက်ရမ်းကို ခွပြီး လျောဆင်းလာသော ကလေးငယ်ကို ပြေးဖမ်းကာ ပွေ့ပြီး ဆိုဖာပေါ် သေချာ နေရာချပေးလိုက်သည်...

"အဟီး.....Daddy.. ထယ်ထယ်မှာတဲ့ ရေခဲမုန့်ပါတယ်မလား..''

"What the f*''

ထို what the f* က jin hyung ရဲ့ high note နှင့်မို့ အနဲဆုံးတော့ ဘေးက လေးအိမ်လောက်က အသာလေး လန့်လောက်သည်.....

ကလေးငယ်ပါ လန့်သွားသည်မို့ ကိုယ်လေးပင် ကျုံ့သွားသည်အထိ...

"Yarrrrrrrr....Jeon Jungkook.....မင်း သေဖို့သာ ပြင်ထား....ငါ့ကလေးကို''

ဖုန်စုတ်စက်ကြီး ပစ်ချကာ ဘေးနားက ကြက်မွှေးကြီး ဆုပ်ကိုင်လိုက် jungkook ကို အမဲဖျက်ဖို့ ပြေးလာသည့် Joon ရဲ့ Jin လေး....

ပြေးလာပုံက ဒေါနှင့် မာန်နှင့်မို့ ရာဇဝင်ကားထဲက စစ်ပွဲဝင်မယ့် စစ်သူကြီးလိုပင်... သူက ဓားကိုင်ထားတာတော့ မဟုတ်...ကြက်မွှေးကြီး တချောင်းဖြင့်....

ရေခဲမုန့်ဗူး ကလေးရှေ့ချပေးခဲ့ကာ ဧည့်ခန်းကို ပတ်ပြီး အသက်လုပြေးနေရတဲ့ Jungkook က ခုတော့ လက်လည်း မပြင်နိုင်သလို ဗလလည်း မပြနိုင်....သူလည်း ကြက်မွှေးကြောက်သည်ကိုး...ဒယ်ပြားထက် ကြက်မွှေးက ပိုနာသည်လေ...

Don't touch my baby (Completed)Where stories live. Discover now