"Baby... ထတော့..အိမ်ရောက်ပြီလေကွာ...Baby လေး.. ကိုကို့ရဲ့ သဲငယ်လေး''
အိပ်ချင်ယောင်ဆောင်နေတဲ့သူက ပိုနှိုးရခက်တယ်ဆိုတာ သိတယ်မလား ... အခု ဒီကလေး ထိုအတိုင်းပင်..
"ကိုကို့ကို daniel တို့ရှေ့ ဘယ်လိုခေါ်လဲ'' မေးတာကို ရုပ်ရှင်ကြည့်ပြီး အိမ်ရောက်မှ ပြောပြမည်ဟု ကတိခံခဲ့သည့် အနှီ လူလည်ပတ်ကားလေး...အခု ပြန်လမ်းတလျောက်လုံးလည်း အိပ်ချင်ယောင်ဆောင်နေခဲ့ခြင်းဖြင့် ဥာဏ်နီဥာဏ်နက်တို့က မည်သို့ထုတ်ခဲ့လဲ မသိ...
အနှီတက္ကသိုလ်ကျောင်းသားလေးလည်း ကလေးဆန်လွန်းပေမယ့် အချစ်ကို ခံစားတတ်လာသည်မှာ အသေအချာပင်...
ထို့ထက်သေချာသည်က ကိုယ့်အပေါ် တိမ်းညွှတ်နေသည်က ပြောစရာပင် မလိုတော့...
ကိုယ်တိုင်ကသာ အရင်က ဟိုတွေး ဒီတွေးဖြင့် ထင်ချင်ရာထင်ကာ စိတ်မကောင်းဖြစ်ခဲ့သည်က အရူးလိုပင်....
"အင်း...ဒီလိုဆိုရင်တော့ ဝယ်လာတဲ့ ကြက်ကြော်နဲ့ pizza တွေ မပျော့ခင် Tannie ကိုပဲ ကျွေးရတော့မယ် ထင်ပါရဲ့''
ကားတံခါးကို ဖွင့်ကာ အိပ်ချင်ယောင်ဆောင်နေသော ကျားပေါက်လေးကို ပွေ့ရင်း ခပ်တိုးတိုးလေး မြူဆွယ် ကလိလိုက်သည်..
မျက်ခုံးနှစ်ဖက်က တွန့်ချိုးသွားသည်မို့ အနှီပေါက်စ အစားအသောက်တော့ အလွတ်မခံနိုင်သည့်ပုံ...
"ကဲ...ကျားပေါက်လေး... အိပ်ချင်ယောင်ဆောင်နေတာရပ်တော့..ကိုကို ကြက်ကြော်နဲ့ pizza ယငလာခဲ့မယ်... ဟိုမှာ Tannie လေးက baby နဲ့ ဆော့ချင်လို့တဲ့''
နှုတ်ခမ်းလေးဆူပြီး မျက်လုံးလေး မဖွင့်ချင် ဖွင့်.ချင်နဲ့ ကလေးငယ်ကို ဆိုဖာပေါ် ချပေးခဲ့ကာ မုန့်ထုတ်ဆွဲပြီး ထမင်းစားခန်းထဲ ဝင်လာခဲ့လိုက်သည်..
.......
"Tannie....ကိုကိုက Daddy လို့ ခေါ်တာသိရင် စိတ်ဆိုးမှာလား မသိဘူးနော်''
ပေါင်ပေါ်က Tannie က သခင်ကို ဝိုင်းစက်သော မျက်လုံးလေးဖြင့် ခေါင်းလေးစောင်းကာ မော့ကြည့်နေသည်...
"သဘောက ငါ အဆူခံရမယ်ပေါ့... မင်းကလည်း ငါက ကိုကိုက ငါ့အပိုင်ဆိုတာကို ကြွားချင်လို့ပါကွ...အေးပေါ့လေ ကိုကိုက Daddy ခေါ်ရလောက်အောင်လည်း Jin Hyung လောက်မှ အသက်မကြီးသေးတာ စိတ်ဆိုးမယ်ဆိုလည်း ဆိုးလောက်ပါတယ်''
YOU ARE READING
Don't touch my baby (Completed)
RomanceTaekook Zawgyi + Unicode Notice 👉 Not English Version That's Myanmar. ❤️