တော်မဝင်ပါ.....သို့သော်
***************
အပိုင်း(၆)
Minn Wathone Htet(ငသုန်)
"C-12"
ဟူသော စာလုံးအနက်ဖြင့် တံခါးရွက်ပေါ်ဝယ် ရေးထားသော အခန်းနံပါတ်က အထင်းသား။ ကောင်လေးက အခန်းတံခါးကိုတွန်းဖွင့်လိုက်၏။ အခန်းကားသပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိလှသည်။ကျွန်းသစ်ဖြင့်ပြုလုပ်ထားသော ကုတင်နှစ်လုံး၊ Fiberခုံနှစ်လုံး၊ ပစ္စည်းများထည့်ရန်အတွက်Lockerနှစ်ခု၊စားပွဲနှစ်ခု နှင့် စာကြည့်ရန် မီးလုံးနှစ်လုံး စသည့် ကျောင်းသားများအတွက် လိုအပ်သောပရိဘောဂ တချို့ကို အခန်း၏ဘေးတစ်ဖက်တစ်ချက်စီမှာထားရှိ၏။အခန်း၏ညာဘက်ခြမ်းကိုမူ တစ်ရက်စောရောက်နေသော ကောင်လေးက နေရာဦးထားတော့ လွတ်နေသောဘယ်ဘက်ခြမ်း၌ ပစ္စည်းများကိုနေရာ ချနေသော မှူးပိုင် အား ကောင်လေးက စေ့စေ့ကြည့်ကာ စကားဆိုလိုက်သည်။
"အော်...ဒါနဲ့ နာမည်လေးက အထွေးလေးတဲ့လား"
"တစ်မျိုးကြီးပဲနော်၊ချစ်စရာလေး၊ခေါ်ရတာ အရသာတော့ရှိသား"
ကောင်လေးက ပြုံးစိစိ နဲ့ပြော၏။ ကောင်လေး အပြောကြောင့် မှူးပိုင် ရှက်ကိုးရှက်ကန်းနဲ့ ထစ်ထစ်ငေါ့ငေါ့ ပြန်ပြောရှာသည်။
"ဗျာ...အဲ..အဲဒါက အိမ်မှာအငယ်ဆုံးမို့ ခေါ်ကြတာပါ၊နာမည်အရင်းက မှူးပိုင်ပါ""မှူးပိုင်?၊ ပိုတောင်ချစ်စရာကောင်းသေး"
"ဗျာ"
မှူးပိုင် ကောင်လေးကိုမကြည့်ရဲတော့ပေ။ခေါင်းကိုအောက်သို့ငုံ့လိုက်၏။လူရည်လည်လှသော ကောင်လေး က "အော်...နာမည်ကိုပြောတာပါ"
"ဘယ်နယ်ကလဲဗျ"
မှူးပိုင် ခုမှ နဲနဲအသက်ရှုချောင်သွား၏။ခေါင်းကို မရဲတရဲပြန်မော့လိုက်ပြီး
"ထားဝယ်ကပါ"
ကောင်လေး အမေးကို တိုးတိုးလေးပြန်ဖြေ၏။
"ဗမာပဲလားဗျ"
"ဟုတ်ပါတယ်"
"ကျနော့်နာမည်က ညီသုတမိုး ပါ"
"ရှည်တယ်နော်"
"ဗျာ"
"တစ်မျိုးမတွေးပါနဲ့၊နာမည်ရှည်တာကို ပြောတာပါ....ဟဲဟဲ"
"သုတလို့ခေါ်နိုင်ပါတယ်၊ ညောင်ရွှေကပါ၊အမေကရှမ်း အဖေကဗမာ ၊ရှမ်း-ဗမာ ကပြားလေးပါဗျ၊ရိုးသားတဲ့ ဖိုးသခွား လေးပါ....ဟဲဟဲ"
"အမလေး သူ့ကိုသူ ရိုးသားတယ်ဆိုတော့ ဒီကလူ မရိုးသားသလိုလို"
မှူးပိုင် မဲ့ကာ မသိမသာမျက်စောင်းလေးထိုးပြီး စိတ်ထဲ၌ မကျေမနပ် ပြောနေလေ၏။
"မှူးပိုင် ကိုရော မှူး လို့ခေါ်လို့ရလား"
"ဟုတ်ကဲ့၊အဆင်ပြေသလိုခေါ်နိုင်ပါတယ်"
မှူးပိုင် စိတ်မရှည်တော့ပေ။ "ညီသုတမိုး က နည်းနည်းတော့မလွယ်လောက်ဘူး။မေးထူးခေါ်ပြောလောက်ပဲ နေရမယ်"ဟုတွေးကာပစ္စည်းများကိုနေရာချလိုက်သည်။
"အဲဒီဖက်နေရတာအဆင်ပြေလား၊မပြေရင် ကျနော့်နေရာနဲ့ changeမလား"
"ရပါတယ်၊ဒီဘက်ကအဆင်ပြေပါတယ်"
အသံခပ်မာမာနဲ့ပြောသော မှူးပိုင် အားကြည့်ကာ သုတ တစ်ယောက် တော်တော်လေးရယ်ချင်သွားသည်။ သို့သော် မရယ်ပဲမနည်းထိန်းထားလိုက်၏။ တော်ကြာ ကြောက်ပြီး ပြေးသွားရင်တော့ ဒုက္ခ၊ စ, လို့တော့ကောင်းသား"
သုတတွင် သူခင်မင်သူတိုင်းကို အမြဲတမ်း စနောက်တတ်သောအကျင့်ဆိုးတစ်ခုရှိ၏။ ခုလည်း အရှက်အကြောက်ကြီးလွန်းသော မှူးပိုင်အား မြင်မြင်ချင်းခင်တွယ်မိကာ တမင်သက်သက်စနောက်ကြည့်နေခြင်းဖြစ်သည်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းနေလျင် အခန်းပြောင်းသွားမည်စိုး၍ မှူးပိုင် အား စကားမပြောတော့ အိပ်ယာပေါ်ပစ်လှဲကာ Gameဆော့နေလိုက်၏။
အခန်းခေါင်းရင်း၌ ဝရန်တာ ရှည်ကြီးတစ်ခုရှိ၏။ တစ်ခြားအခန်းများသို့လည်း ထိုဝရန်တာက သွားလို့ရသည်။ အခန်းကဲ့သို့သီးသန့်မလုပ်ထားပဲ အခြားအခန်းနဲ့တစ်ဆက်တည်း လုပ်ထား၏။ ဝရန်တာသို့ထွက်ရန် မှူးပိုင် ခေါင်းရင်းတည့်တည့်ကြီး၌ တံခါးပေါက်တစ်ခုရှိ၏။ ပစ္စည်းများကိုနေရာချပြီးသည်နဲ့ မှူးပိုင် လည်း လဲလျောင်းရန် ပြင်ဆင်လိုက်သည်။ ထို့နောက် ဖုန်းကြည့်နေလိုက်၏။ တစ်ချက်တစ်ချက် သုန်သုန်ကလေး တိုးဝှေ့တိုက်ခတ်လာသော ဝရန်တာအပြင်ဘက်မှလေပြေလေညှင်းလေးများက မှူးပိုင်၏ မျက်လုံးတစ်စုံကို မှေးစင်းဖို့စေခိုင်းနေသည့်အလား။ မှူးပိုင် လည်း မနေနိုင်တော့ပဲဖုန်းအား အိပ်ယာဘေး၌ချကာ လေပြေလေညှင်းလေးများ၏ စေခိုင်းမှု အမိန့်ကိုနာခံလိုက်လေသည်။
သုတ ကတော့Gameဆက်ကစားဆဲ။ဘေးဖက်တစ်ချက်စောင်းငဲ့ကြည့်လိုက်တော့ အိပ်ပျော်နေသော မှူးပိုင် အားတွေ့၍ ဖုန်းသံတိုးလိုက်၏။
.......................
YOU ARE READING
တော်မဝင်ပါ...သို့သော်
Non-Fictionညီ့အချစ်က အကို့အတွက် တော်မဝင်ပေမယ့် မင်းဝသုန်ထက် (နှလုံးသားဖြင့်ရေးဖွဲ့သည်)