ရက်အတော်ကြာမှတင်ရလို့ သုန်ရဲ့ စာဖတ်မိတ်ဆွေများအား အထူးတောင်းပန်ပါတယ်ခင်ဗျား
😇😇😇😇😇😇😇😇😇တော်မဝင်ပါ
သို့သော်......****အပိုင်း(၂၂)****
M i n n_ W a t h o n e _H t e t
ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကျော်လွန် ကုန်ဆုံးလာခဲ့်သည်မှာ ယခုဆိုပါလျှင် နှစ်လတာ ကျောင်းပိတ်ချိန်ကုန်ဆုံး၍ ကျောင်းတော်ကြီးလည်းပြန်ဖွင့်ချေတော့မည်။
စာမေးပွဲ resultက မှူးပိုင်တို့သူငယ်ချင်းတစ်သိုက်အား ဒုတိယနှစ်တက္ကသိုလ် ကျောင်းသား/ကျောင်းသုများအဖြစ် အောင်မြင်ချောမွေ့စွာသယ်ယူပို့ဆောင်ကာ ကျောင်းတော်ကြီးမှ အပြုံးပန်းဝေဝေဆာဆာဖြင့် နွေးနွေးထွေးထွေး ဆီးကြိုနေပေသည်။"ဘာလိုလိုနဲ့ ငါတို့တွေတောင် ဒုတိယနှစ်ကို ရောက်ကြပြီနော်"
"သူဇာ နင်က First year မှာပဲ တစ်သက်လုံးနေချင်တာလား"
"နေစရာလား "
"သိဘူးလေ first year က မောင်လေးချောချောလေးတွေ ငမ်းချင်နေလားလို့"
"ဝတ်ရည်....နင်နော်"
"စတာပါ....ဟဲဟဲ"
"လာ ferryကားပေါ်တက်ကြရအောင်"
"အင်း...."
"မှူး....သေချာဂရုစိုက်ပြန်နော်"
"အေးပါ ၊ နင်တို့တွေလည်း ဂရုစိုက်ပြန်ကြ"
"တာ့တာနော်"
"တာ့တာ"
သောကြာနေ့ရောက်တိုင်း မှူးပိုင်အတွက် ရင်ခုန်ပျော်ရွှင်ကြည်နူးရ၏။
အဘယ်ကြောင့်ဆိုသော် သောကြာနေ့ရောက်လျှင် အဆောင်ပြင်ကို night out ထွက်လို့ရသည်။စနေနေ့ တစ်ရက် အပြင်မှာတစ်နေကုန်နေပြီး
တနင်္ဂနွေနေ့ ညကိုးနာရီ မထိုးခင် အဆောင်သို့ပြန်ဝင်ရ၏။
ထိုကဲ့သို့ ကျောင်းပိတ်ရက်ရောက်တိုင်း မှူးပိုင်တစ်ယောက် မင်းနောင်ရိုးဆီ သွားနေကျ ။ခုလည်း အထုပ်အပိုးတွေနဲ့ မင်းနောင်ရိုးဆီ သွားရန် စိတ်အားထက်သန် ပြင်းပြနေလေ၏။
ခဏအကြာမှာ မင်းနောင်ရိုး နေသော နေရာဖက်သို့ ရောက်သည့် ကားလာ၍ ကားပေါ်သို့ မှူးပိုင် အဆောတလျင် တက်လိုက်သည်။
YOU ARE READING
တော်မဝင်ပါ...သို့သော်
Non-Fictionညီ့အချစ်က အကို့အတွက် တော်မဝင်ပေမယ့် မင်းဝသုန်ထက် (နှလုံးသားဖြင့်ရေးဖွဲ့သည်)