တော်မဝင်ပါ.....သို့သော် part(19)

26 1 1
                                    

တော်မဝင်ပါ
            သို့သော်.....

***အပိုင်း(၁၉)***

M i n n_W a t h o n e_H t e t

မနက်မိုးလင်းမှ ရွာချသောမိုးသည်းထဲ တီးကလေးတစ်ချောင်းဖြင့် အဖော်ပြုလမ်းလျှောက်နေကာ ကျောင်းလာနေသူကား မှူးပိုင်။
စာသင်ဆောင်ကြီး၏ ဆင်ဝင်ပေါက်ကို ရောက်တော့ ထီး၌စိုရွှဲနေသော မိုးရေလေးများကို ခါထုတ်ရင်း ထီးပိတ်လိုက်၏။
ခေါင်းကို ကိုင်ကြည့်လိုက်တော့ မလုံတလုံရှိလှသော ထီးခေါင်းမိုးက မိုးယိုခြင်းကြောင့် ရေစက်လေးများ ဆံပင်လေးများကြား၌ တွဲလွဲခိုနေသည်။
လက်လေးနဲ့ဖွဖွကလေးသုတ်ရင်း လှေကားပေါ်တစ်ထစ်ချင်းတက်ကာ စာသင်ခန်းဆီသို့ လျှောက်သွားလိုက်သည်။
ရေစိုလာသောထီးအား စာသင်ခန်းရှေ့ ဝရန်တာတွင် ပြန်ဖွင့်ကာ ထားမည်အလုပ်......

"မှူး...."

အသံလာရာဆီသို့လှည့်ကြည့်လိုက်တော့....
အခန်းဝ၌ လက်ပိုက်ကာ မတ်တတ်ရပ်နေသော ဝတ်ရည်ကိုတွေ့ရသည်။

"ဝတ်ရည် ၊ ဒီမှာဘာလုပ်နေတာလဲ"

"မှူးကိုလာစောင့်နေတာလေ "

"ဟဟ...အထူးအဆန်း ၊ မှူးက သမ္မတမို့လား"

"ဝတ်ရည်တို့ မေးစရာရှိတယ်"

"အင်း မေးလေ ၊ ဘာများလဲ"

"အခန်းထဲ မဝင်တော့ဘူးလား မှူး"

"နင်ပိတ်ရပ်ထားတော့ မှူးဘယ်လိုလုပ် ဝင်ရမလဲ"

"ဟုတ်သားပဲ Sorry"

မှူးပိုင် အခန်းထဲဝင်လိုက်တော့ စာသင်ခန်းထဲရှိ
ထိုင်နေကျ ခုံနားရောက်တော့ ပြည့်ဖြိုးနဲ့ သူဇာခင်ကပါ မျက်တောင်မခတ်ပဲ စူးစိုက်ကြည့်နေကြ၏။

"ဝတ်ရည် မှူး ဘာထူးဆန်းနေလို့  ပြည့်ဖြိုးနဲ့ သူဇာတို့ကဘာလို့ အဲလောက် မှူးကိုစူးစိုက်ကြည့်နေရတာလဲ"

"မှူး...နင်အခု ကျောင်းကိုဘယ်ကနေလာတာလဲ"

လေသံခပ်မာမာနဲ့ သူဇာခင်က မေးလိုက်သည်။
ဘေးနားမှာတော့ ဝတ်ရည်က လက်ပိုက်ကာ မတ်တတ်ရပ်လျက် မှူးပိုင် ဆီမှ အဖြေကို စောင့်နေသည်။

"မှူး အကိုအိမ်ကပါ"
"အကိုဆိုတာသေချာလား မှူး"
"ဘာလို့လဲပြည့်ဖြိုး"

တော်မဝင်ပါ...သို့သော်Where stories live. Discover now