တော်မဝင်ပါ.....သို့သော် part(25)

16 0 0
                                    

တော်မဝင်ပါ
သို့သော်......

***အပိုင်း(၂၅)***

M i n n_W a t h o n e _H t e t

ရီဝေဝေယစ်မူးမူးနဲ့ အိပ်ယာမှ နိုးထလာသော အလွမ်းနာကျနေသော သူတစ်ဦး.....
မနေ့က ငိုထားသော အရှိန်ကြောင့် မျက်လုံးများမှာ ဖူးရောင်မို့မောက်ကာ ဖွင့်မရအောင်ပင် ရှိနေ၏။ အတင်းအားယူစွာ ဖြည်းဖြည်းချင်းဖွင့်လိုက်ကာ စာကြည့်စားပွဲပေါ် တင်ထားတဲ့ဖုန်းကိုယူပြီး အချိန်ကိုကြည့်လိုက်တော့ မနက်ရှစ်နာရီပင် ထိုးချေပြီ။
ခါတိုင်းနေ့ဆို အစောကြီးနိုးနေသူ
မနေ့ညက သန်းခေါင်ကျော်ထိအိပ်မပျော်နိုင်ပဲ အိပ်ယာထဲ လူးလိမ့်နေခဲ့၍ ဒီမနက် အိပ်ယာထက် နောက်ကျခြင်းဖြစ်သည်။
ဒီနေ့အတန်းချိန်ကလည်း (၁၁)နာရီမှ ရှိ၍ တော်သေးသည်။
ဘေးက ညီသုတမိုးကတော့ "ခလော....ခလူး....."
ဟောက်ကာ အိပ်မောကျနေ၏။

.....မှားခဲ့တဲ့ အမှားတွေအတွက် တောင်းပန်ပါတယ် ၊ ညီမျက်နှာမငယ်ရအောင် လျော်ကြေးပေးမယ် ၊ ဘယ်လောက်တောင်းမလဲ....

မင်းနောင်ရိုး၏ စာနာခြင်းကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သောစကားလုံးများ မှူးပိုင် ခေါင်းထဲသို့ ဝင်လာပြန်၏။

....အကို ညီ့ကို ဒီတစ်ခါ တကယ်ပဲ လမ်းခွဲပြီလား.....
ဟင့်အင်း....မဖြစ်စေရဘူး ညီ တောင်းပန်မယ်....
လက်ခံကျေနပ်အောင်အထိ ၊ဟုတ်တေ ညီ တောင်းပန်မယ်
အကို ညီ့ကို ထားမသွားခဲ့ပါနဲ့....ညီရူးရလိမ့်မယ်....အီးဟီး....

"မှူး....နင့်မျက်လုံးတွေ ဘာဖြစ်တာလဲ၊ညတုန်းက မောင့်ဆီဖုန်းဆက်တော့ နင်ငိုနေတယ်တဲ့ ၊ ဘာမေးမေး ပြန်မပြောဘူးတဲ့ ၊ နင့်မှာ ဘာအရေးကိစ္စတွေရှိနေလို့လဲ ၊ဝတ်ရည်တို့ကို ပြောပြ"

"မဟုတ်မှလွဲရော...နင့်oppa နင့်ကို
လမ်းခွဲစကားဆိုပြန်ပြီလား"

မှူးပိုင်ဆီမှ ဘာအသံမှ ထွက်မလာပေ။
ဝတ်ရည်ပို၍ပင် စိတ်တိုသွား၏။

"ဟဲ့...မှူး..ဝတ်ရည်တို့မေးနေတာမကြားဘူးလား
ဘာဖြစ်လို့လဲလို့"

"သူ မှူးကို လမ်းခွဲလိုက်ပြန်ပြီ သူငယ်ချင်းတို့ရေ...
သူက မှူးကို လျော်ကြေးဘယ်လောက်ပေးရမလဲတဲ့..."

တော်မဝင်ပါ...သို့သော်Where stories live. Discover now