****တော်မဝင်ပါ......သို့သော်****
အပိုင်း{၉}
Minn Wathone Htet(ငသုန်)"....တိန်...တိန်....."
မှူးပိုင် လိုင်းစဖွင့် ဖွင့်ချင်း၌ပင် CBမှ messageဝင်သံများ
တန်းထွက်လာ၏။ ဝင်ကြည့်တော့ လင်းလက်ဆီကပင်။
"မှူး.... ဘာလုပ်နေလဲ?နေကောင်းလား?အဆင်ကောပြေလား?
ဝတ္ထုဖတ်ရတာကော သဘောကျနှစ်ခြိုက်မိရဲ့လား....??"
မေးခွန်းများ တရစပ်ဝင်လာတော့ မှူးပိုင် တစ်ချက်ပြုံးလိုက်ပြီး
"မေးခွန်းတွေများတော့... ဘယ်ဟာကိုအရင်စဖြေရမလဲဗျ..."
ခပ်ရွှင်ရွှင် replyပြန်လုပ်လိုက်သည်။ ထို့နောက် လင်းလက်မေးသော
မေးခွန်းတစ်ခုချင်းစီအား replyပြန်ဖြေလေ၏။ နောက်ဆုံးမေးခွန်း
ကို မဖြေခင် လင်းလက်အား
"လင်းလက် ကကော LGBTပဲလား?"
မေးလိုက်တော့"ဟုတ်ပါတယ်"ဟူသော messageလေးတန်းပို့၏။
"မှူးကကော?"
လင်းလက် အမေးကို မှူးပိုင် ချက်ချင်းreplyမလုပ်နိုင်ပေ။ကိုယ့်ပါကို
ဘာလဲဆိုတာ အတိအကျလည်းမသိ။ သေချာတာတစ်ခုကတော့
မိန်းကလေးကိုစိတ်ဝင်စားခြင်း အလျဉ်းမရှိပေ။ယောက်ျားချင်းကော
စိတ်ဝင်းစားလားဆိုပြန်ရင်လည်းမဟုတ်။ငယ်ငယ်ကတည်းက
အပြောအဆို၊နေအထိုင်နူးညံ့သိမ်မွေ့သည်။
အရှက်အကြောက်လည်းကြီး၊မိန်းကလေးမျက်နှာပေါက်ပိုင်ဆိုင်ထားတော့
ရွာကလူတော်တော်များများက Gayဟုစနောက်ကျီစယ်ခြင်းခံရ၏။
စိတ်ထားကလည်းကောင်းလွန်းတော့ ထိုကဲ့သို့စနောက်ကျီစယ်ခြင်းကို
ဘာမှပြန်ပြောခြင်းမရှိပဲ အပြုံးနဲ့ သည်းခံတတ်သူပင်။ထို့ကြောင့်လည်း
လင်းလက်အမေးအား ဘာမှမတုံ့ပြန်လိုက်ပဲ internet ချက်ချင်းပိတ်ကာ
သီချင်း(MP4)ကြည့်နေလိုက်သည်။
ခဏကြာတော့" C Row၌ရှိကြသော First Year ညီလေးများ
(၁၀)နာရီတိတိအချိန်တွင် ဘုရားခန်းသို့အရောက်လာကြပါ"
အခန်းအပြင်ဘက်မှ Seniorတစ်ယောက်အော်သံကိုကြားတော့
မှူးပိုင် သီချင်းကို ခေတ္တပိတ်လိုက်ပြီး Gameဆော့နေသော
ညီသုတမိုးရှိရာ ကုတင်ညာဘက်ခြမ်းသို့လှည့်လိုက်၏။
သုတကလည်း ပြန်လှည့်ကြည့်တော့ အကြည့်ချင်းဆုံဖြစ်သွားကြ
လေသည်။ထို့နောက် တစ်ယောက်ကိုတစ်ယောက်ပြုံးပြလိုက်ကြပြီး
"သွားမယ်မလား...သုတ"
"သွားရမှာပေါ့...မှူးရေ"
"ဟုတ်...အတူတူသွားကြတာပေါ့."
"Ok"
----------------------------------------
(၁၀)နာရီထိုးပြီမို့ဘုရားခန်း၌ First Yearကျောင်းသားလေးများ
အပြည့်ရောက်နှင့်နေကြချေပြီ။ခဏအကြာမှာတော့အသက်(၅ဝ)နီးပါးခန့်
ရှိသော အဆောင်မှူး ရောက်လာ၏။အဆောင်မှူးကကိုယ့်ပါကိုအရင်မိတ်ဆက်ပြီး
ကျောင်းသားတစ်ယောက်ချင်းစီ၏ နာမည်နှင့်ဇာတိကိုမိတ်ဆက်ခိုင်းသည်။
ပြီးနောက်စာကြိုးစားဖို့၊လိမ်လိမ်မာမာနေကြဖို့
မှာကြား၏။သူ့ဘဝအကြောင်းကိုလည်းပြောပြပြီး ဒေါက်တာဘွဲ့ရအောင်ကြိုးစားခဲ့
ပုံများကို အားကျအတုယူဖို့ကိုလည်း သြဝါဒစကားခြွေသည်။ထို့နောက်
တွင်(၁၁)နာရီထိုးပြီမို့ နှုတ်ဆက်စကားပြောကာ ကျောင်းသားများအား မိမိအခန်းများသို့ပြန်လည်
သွားခွင့်ပြုလေ၏။
မှူးပိုင် အိပ်ချင်စိတ်ကိုထိန်းမရနိုင်တော့သဖြင့် အခန်းထဲရောက်သည်နဲ့
ခြင်ထောင်တောင် မထောင်နိုင်ပဲ တန်းအိပ်ပျော်သွား၏။သုတကပဲ
ခြင်ထောင် ထောင်ပေးလိုက်သည်။ပြီး နှိုက်နှိုက်ခြိုက်ခြိုက် အိပ်ပျော်သွား
သော မှူးပိုင် မျက်နှာအားစူးစူးစိုက်စိုက်ကြည့်ကာ
"ဘာလို့ ဒီလောက် ချစ်စရာကောင်းရတာလဲ မှူးရေ"
သုတ စိတ်မထိန်းနိုင်၍ မှူးပိုင်နဖူးလေးအား သာသာလေးခိုးနမ်းရှိုက်မိလေ၏။
ထို့နောက် စောင်ပါခြုံပေးလိုက်ပြီး မိမိအိပ်ယာပေါ်၌ အိပ်မောကျနေသော
မှူးပိုင်၏ကုတင်ဘက်သို့လှည့်ကာ လဲလျောင်းအိပ်စက်လိုက်သည်။
======================================
မနက်တိုင်း ခြောက်နာရီဆို ပုံမှန်နိုးနေကျ မှူးပိုင်တစ်ယောက် သည်နေ့မနက်
ခြောက်နာရီမှာလည်း လန်းလန်းဆန်းဆန်းနဲ့ နိုးထလာ၏။ရှစ်နာရီအတန်းချိန်
ရှိသည်မို့ အိပ်ယာခပ်မြန်မြန်လေး သိမ်းလိုက်သည်။ "ခြင်ထောင်...ငါညတုန်းက
ခြင်ထောင် မထောင်ပဲအိပ်ပျော်သွားခဲ့တယ်မလား၊စောင်လည်းမခြုံပဲ....ခုကဘယ်
လိုလုပ်ပြီး....."
"Morning မှူး"
"ဟင်...သုတ ဘယ်အချိန်ကတည်းက အိပ်ယာနိုးပြီး ကျောင်းသွားဖို့အသင့်ဖြစ်နေရတာ
လဲ"
"ကျနော်က ငါးနာရီဆို ပုံမှန်နိုးနေကျလေ"
သုတကပိုဇွဲကောင်းနေ၏။
"ညတုန်းက မှူး ကို ခြင်ထောင် ထောင်ပေးထားတာလား....
စောင်ရောခြုံပေးထားတာလား...."
"ဟုတ်တယ်လေ...မှူးက ခြင်ထောင်လည်းမထောင်၊
စောင်လည်းမခြုံပဲ အိပ်ပျော်သွားတာလေ။
နောက်နေ့တွေလည်း.......ခြင်ထောင်ထောင်ပေးပါရစေနော်...
မှူး အိပ်ပျော်နေတာလေးက အရမ်းအသည်းယားဖို့ကောင်းတာပဲ....
....ဟီး....."
"ဟင်..."
အရှက်တရားများက မှူးပိုင်ဆီ ဝင်ရောက်လာပြန်တော့ခေါင်းကလေးငုံ့လိုက်၏။ သုတ ရိပ်မိသဖြင့်
"ကဲ...ဟင်မနေနဲ့၊ လုပ်စရာရှိတာမြန်မြန်လုပ် Ferryမမီပဲနေအုံးမယ်"
ရှက်ရှက်နဲ့ခေါင်းမမော့ပဲ ခပ်သွက်သွက်ကလေး အိပ်ယာသိမ်းလိုက်ပြီး ကုတင်အောက်မှရေပုံးကိုလှမ်းယူ
လိုက်ကာ အပြင်ထွက်ရန် တံခါးဖွင့်မည်အလုပ်...
"မှူး..... စောင်လျှော်မလို့လား... အတန်းချိန် နောက်ကျလိမ့်မယ်၊ အပြန်ကျမှလျှော်ပါလား...."
ရှက်ကိုးရှက်ကန်းနဲ့ စောင်နဲ့တံဘက်မှားပြီး ပုခုံးပေါ်တင်ကာ ရေသွားချိုးရန်အတွက် တံခါးကို
ဖွင့်နေသော မှူးပိုင် အား သုတ လှမ်းပြောတော့မှ ညာပခုံးကိုစောင်းငုံ့ကြည့်မိတော့သည်။ထိုအခါမှ စောင်ကို
မခေါက်တော့ပဲ လုံးထွေးပြီး ကုတင်ပေါ် ပစ်တင်လိုက်ကာ ကြိုးတန်းမှတံဘက်အား လှမ်းဆွဲယူလိုက်၏။ ထို့နောက် တံခါးဆွဲဖွင့်ကာ
သုတ်သီးသုတ်ပြာနဲ့ ရေချိုးရန်ထွက်သွား လိုက်တော့သည်။ သုတ ကတော့ပြုံးဖြီးလျက်အခန်းထဲ၌ကျန်ခဲ့၏။
............................
YOU ARE READING
တော်မဝင်ပါ...သို့သော်
Non-Fictionညီ့အချစ်က အကို့အတွက် တော်မဝင်ပေမယ့် မင်းဝသုန်ထက် (နှလုံးသားဖြင့်ရေးဖွဲ့သည်)