တော်မဝင်ပါ
သို့သော်......****အပိုင်း(၂၁)****
M i n n_W a t h o n e_H t e t
"ညီ...အကိုရောက်တော့မယ် မှတ်တိုင်မှာပဲ ခဏလေး စောင့်နေပေးပါနော်"
"ဟုတ်..အကို"
အိတ်ထဲကိုဖုန်းထည့်လိုက်ပြီး ကားမှတ်တိုင်သို့ လျှောက်လာလိုက်သည်။
စာမေးပွဲ နောက်ဆုံး ဘာသာဖြေပြီးသည့်အချိန်မို့ ကျောင်းသား/သူများ ကျောင်းဝန်းအတွင်း ၊ အပြင်၌
အော်ဟစ်ပျော်ရွှင်မြူးတူးကာဖြင့် ရှိနေကြသည်။ဝတ်ရည်တို့အုပ်စုလည်း Ferryနဲ့ မပြန်တော့ပဲ ကားမှတ်တိုင်သို့ လျှောက်လာနေကြ၏။
ကားမှတ်တိုင်တွင် မှူးပိုင်နဲ့တွေ့သောအခါ....."ဟဲ့...မှူး ဝတ်ရည်တို့တောင် မစောင့်ခဲ့ဘူးနော်"
"ဟုတ်ပအေ ၊ ငါတို့တွေကို မခင်ချင်တော့ဘူးလား မသိတော့ဘူး"
"မဟုတ်တာ.... နင်တို့ကလည်းကလေးဆန်လိုက်တာ ၊ မှူး သွားစရာရှိလို့ မစောင့်ဖြစ်ခဲ့တာပါ "
"ဘယ်သွားမလို့လဲ မှူး"
"ဆူးလေဘက်ကိုပါ"
"တစ်ယောက်တည်းလား"
ဝတ်ရည်အမေးကို မှူးပိုင် ဖြေမလို့ လုပ်နေတုန်းမှာပဲ မင်းနောင်ရိုးက မှူးပိုင်ဘေးနား ရောက်လာသည်။
မှူးပိုင် ဝတ်ရည်တို့အား နှုတ်ဆက်ရင်း ဆူးလေကိုရောက်သည့် လိုင်းကားပေါ်သို့ မင်းနောင်ရိုးနဲ့အတူ တက်သွားလိုက်သည်။"ဟွန်း...မှူး ကောင်စုတ် သူ့ကိုကိုနဲ့ တွဲကတည်းက ငါတို့နဲ့ သိပ်မပေါင်းဖြစ်တော့ဘူး ၊ သူ့ကိုကို ကိုပဲ အချိန်ပေးနေတော့တာပဲ"
"သူဇာနင် မှူးကို မနာလိုဖြစ်နေတာမလား"
"ဖြစ်စရာလား ဝေးသေး ၊ အမြင်ကတ်တယ် သူ့ကိုကို ကို"
"နင်က သူများကို အမြင်ကတ်နေတယ် နင့်မှာကော သူ့လိုလူတစ်ယောက်ရှိလို့လား"
"အမလေး...မထားချင်လို့ပါနော် ၊ လွတ်လွတ်လပ်လပ် နေချင်လို့ ၊ အဲဒါတွေက အပူတွေ...ဟမ်း"
"နောက်မှပူ ဟိုမှာ ကားလာနေပြီ"
"သူဇာနဲ့ ပြည့်ဖြိုး မြန်မြန်လာ ၊ ထိုင်ခုံရအောင်"
YOU ARE READING
တော်မဝင်ပါ...သို့သော်
Non-Fictionညီ့အချစ်က အကို့အတွက် တော်မဝင်ပေမယ့် မင်းဝသုန်ထက် (နှလုံးသားဖြင့်ရေးဖွဲ့သည်)