တော်မဝင်ပါ.....သို့သော် part(14)

26 3 1
                                    

တော်မဝင်ပါ
            သို့သော်.....

_____အပိုင်း(၁၄)

Minn Wathone Htet

"မှူး.....စကားမပြောဖြစ်တာတောင် တော်ကြာပြီနော်"
"ဟုတ်တယ် လင်းလက်"
"လင်းလက်ကချစ်သူနဲ့ ခရီးတွေထွက်နေတာလေ"
"ချစ်သူ?"
"Ommလေ.....ဒီမှာ လင်းလက်နဲ့ လင်းလက်ရဲ့ချစ်သူ"
လင်းလက်ဆီကပို့လာသော ပုံတွေကြည့်ပြီး မှူးပိုင် ဆွံ့အသွားသည်။
သူ့ရဲ့ ချစ်သူက ယောက်ျားလေးတစ်ယောက်။ အဲဒါထက် လူတကာ ရှေ့မှာ Kissingဆွဲနေတာ ၊ လူစုလူဝေးများကြား၌ လက်ချင်းချိတ်ထားတာ ၊ ဘုရားပေါ်မှာ အကျီ င်္ဆင်တူ ၊ ပုဆိုးဆင်တူ ဝတ်ထားတာတွေ။
"ဘယ်လိုလဲ လင်းလက်ရဲ့ဘဲဘဲ ချောလား"
"ချောပါတယ်...ဒါပေမယ့်"
"ဒါပေမယ့် ဘာဖြစ်လို့လဲ"
"လင်းလက်တို့ အများသူငါရှေ့မှာ ခုလိုတွေလုပ်နေတာ မရှက်မိကြဘူးလား"
"ဗုဒ္ဓေါ.....ရှက်စရာမှ မဟုတ်တာ မှူးရေ ၊ အဲဒါတွေက ချစ်တာလေ ၊ ဘယ်သူဘာပြောပြော လင်းလက်တို့်က သောက်ဂရုကိုမစိုက်တာ ၊ ပြောတဲ့သူတွေဆီက ထမင်းစားနေတာမဟုတ် ၊ ကိုယ့်ထမင်းကိုစားတာ ၊ သူတို့ပြောလေ ကိုယ်တို့က ပိုချစ်ပြလေ...ဟဲဟဲ"
"အော်"
"အင်း ၊ မှူးကော ချစ်သူရနေပြီလား "
" ဟင်...ဘာတွေမေးနေတာလဲ ၊ မှူးစိတ်မဝင်စားဘူး အဲဒါတွေကို"
"ဟမ်းဟမ်း...ထားပါတော့ ၊ ထားပါတော့ "
"မှူး outတော့မယ်"
"Ok မှူး"

အရှက်အကြောက်ကြီးတတ်မှုက မှူးပိုင်ရဲ့ပင်ကိုယ်အားနည်းချက်ပင်။ လင်းလက် မေးလိုက်တော့ ဆောက်တည်ရာမရပဲ ဖြစ်သွားရသည်။ ဟိုတွေးဒီတွေးနဲ့ ပြေးလွှားဆော့ကစားနေသော စိတ်အာရုံကို စုစည်းလိုက်ရင်း ပုံမှန်ထက်မြန်နေသရောင်ရှိသော ရင်ခုန်နှုန်းများကို ထိန်းချုပ်ကာ
မျက်လုံးလေးမှိတ်ပြီး အိပ်ယာပေါ် ငြိမ်ငြိမ်ကလေး လှဲ နေလိုက်၏။
"နေမကောင်းဘူးလား မှူး"
ရေချိုးပြီး ပြန်လာသော သုတ မေးသံကြားတော့မှ
မျက်လုံးလေးများကို သာသာကလေးဖွင့်လိုက်ကာ
"ကောင်းပါတယ်...ခဏမှေးနေတာပါ"
"အော်..အေးအေး ၊
နေမကောင်းလည်း ကျနော့်ကိုပြောနော် ၊ ရန်ကုန်မိုးက ရွာချင်ရွာတယ် ၊ သာချင်သာတယ် ၊ မမှန်ဘူး၊ ရာသီအကူးအပြောင်းဆို သတိထားရတယ် မှူးရေ"
"နေကောင်းပါတယ်ဆို.."
"ကျနော်က မှူးကို စိုးရိမ်လို့ ပြောတာပါ"
"ဟမ်း.........."
သုတ ကြားလိုက်သလား မကြားလိုက်သလား မသိ ၊ မှူးပိုင် သက်ပြင်းရှည်ကြီးချလိုက်သည်။
စိတ်ထဲကလည်း
"လာပြန်ပြီ နောက်တစ်ယောက်"
ဟု ဘုကလန့်ပြန်ပြောချင်ပေမယ့်
"ရပါတယ် ၊ မှူး ကို စိုးရိမ်ပေးတာ ကျေးဇူးပါ"
ဟာ...ဒီလူနဲ့ ဒီလူ ကျေးဇူးတင်စရာမလိုပါဘူး မှူးရာ ၊ တစ်ခန်းထဲအတူတူနေတာ တစ်ယောက်ကိုတစ်ယောက်ကူညီရမှာ ၊ စောင့်ရှောက်ရမှာပေါ့ ၊ မဟုတ်ဘူးလား"
"ဟုတ်ပါပြီ ၊ အပြင်သွားမယ်မလား မြန်မြန်လေးသွားလေ၊ ဝတ်ရည်စောင့်နေလောက်ပြီ"
"မှူး ကျနော်တို့နဲ့လိုက်ခဲ့မလား"
"ဘာလို့လိုက်ရမှာလဲ ၊ မလိုက်ချင်ဘူး ၊ ကိုယ့်ပါကို ပဲသွားကြပါ"
မှူးပိုင် သုတ အားကျောခိုင်းကာ နံရံဘက်မျက်နှာမူထားလိုက်၏။

တော်မဝင်ပါ...သို့သော်Where stories live. Discover now