တော်မဝင်ပါ.....သို့သော် part(27)

32 0 0
                                    

တော်မဝင်ပါ
            သို့သော်.....

****အပိုင်း(၂၇)****

M i n n_W a t h o n e_H t e t

"ညီ အကိုသွားတော့မယ်နော် ၊ ကျန်းမာရေးကို အထူးဂရုစိုက်ပြီးနေနော်၊ စာလည်းကြိုးစား အကို့ကိုလည်း သတိရပေး ၊ အကိုပြန်လာတဲ့အထိ စောင့်မျှော်နေပေးပါနော်"
"ဟုတ်..."
ချစ်တဲ့သူနဲ့ ခွဲခွာရတော့မည့် အဖြစ်ကို ဘယ်သူကကော ဝမ်းနည်းပူဆွေးမှုမရှိပဲ နေ့ပါမလဲ ၊ ဖြစ်နိုင်ရင် အော်ငိုပြစ်လိုက်ချင်သည်။သို့သော် သွားသူအတွက် လမ်းခရီးဖြောင့်ဖြောင့်ဖြူးဖြူးနဲ့နောက်ဆန် မတင်းရအောင် ဝမ်းနည်းမှုကို ကြိတ်ဟန်ဆောင်ကာအားတင်း ပြုံးရင်း မျက်ရည်မကျအောင် အောင့်အည်းထိန်းချုပ်ထားရသူ မှူးပိုင်အဖို့ "ဟုတ်" မှလွဲ၍ တစ်ခြားပြောစရာများကို ပြောမထွက်နိုင်သည်အထိ ဖြစ်ရချေ၏။
   ကျောခိုင်းထွက်ခွာသွားသော မင်းနောင်ရိုး၏ ကျောပြင်ကို ကြည့်ရင်းက ထိန်းထားသော မျက်ရည်များပိုးပိုးပေါက်ပေါက်  ပါးပြင်ပေါ်စီးကျလာတော့သည်။

   ရင်ထဲမှာ ဗလောင်ဆူအောင် အူလှိုက်သည်းလှိုက် ဗြောင်းဆန်နေသည့်အတိုင်း ခံစားရသည်။ အရှက် သိက္ခာတရားများကို ခဏတာမေ့ထားပြီး ချုံးပွဲချ ငိုပါလေရော....
   နောက်တော့မှ အသိစိတ်ပြန်ဝင်ကာ ဘေးဘီကိုခေါင်းလေး ဝှေ့ကြည့်ရင်း ပါးပြင်ထက်က မျက်ရည်စများကို သုတ်လိုက်၏။ တော်ပါသေးသည် ၊ သူ့ကို ဘယ်သူမှ
ဂရုမစိုက်လို့.....
လေယာဉ်ပျံသန်းထွက်ခွာသွားတော့မှ
မှူးပိုင် အဆောင်သို့ပြန်လာခဲ့လိုက်သည်။
လာလမ်းတစ်လျှောက်မှာလည်း ရင်ထဲမှာဟာတာတာနဲ့ တစ်ခုခုလိုနေသလိုပင်။
ထွက်သွားသူကတော့ထွက်သွားပြီ
ကျန်ရစ်ခဲ့သူအဖို့မှာတော့ အလွမ်းအဆွေးများကိုရင်ဝယ်ပိုက်ရင်း
သတိရခြင်းများကို အဖော်ပြုနေရတော့၏။
ဒီနေ့ခေတ်မှာ Communicationကောင်းသည် ဆိုပေမယ့်
ဖုန်းထဲမှ ရုပ်ကော အသံကော မြင်ရ ကြားရသည်ထက် အပြင်၌ မြင်ရ ကြားရ ချင်သည်။ ဖြစ်နိုင်လျှင် တစ်စက္ကန့်လေးတောင်မှ အနားမှ မခွာစေချင် ၊ ခွဲမသွားစေချင်ပါ။
မတတ်သာ၍သာ.....

အချိန်အခါမဟုတ် ရွာချသော မိုးကြောင့်
အေးစိမ့်စိမ့်လေးနဲ့ ရှိ၏။အလွမ်းအဆွေးဓာတ်ခံရှိသူ မှူးပိုင် အဖို့  Hsu ကော်ဖီခါးခါးလေးတစ်ခွက်ကို အရသာရှိရှိ သောက်နေကာ စာအုပ်ဖတ်ရင်း အဝေးရောက်ချစ်သူအတွက် လွမ်းတဲ့စိတ်များကို
ဖြေဖျောက်နေလေသည်။
အခန်းအပြင်ဘက် ဝရန်ကို ဖြတ်ရင်း
တစ်ချက်တစ်ချက်တိုးဝှေ့ဝင်ရောက်တိုက်ခိုက်လာသော လေအေးလေးများက အလွမ်းနဲ့အထီးကျန်
ခြင်းများကို ပိုပိုတိုးလာစေ၏။
ဖတ်လက်စ စာအုပ်ကို ချကာ အပြင်ဘက်မှ
ငြိုးမာန်ဖွဲ့ ရွာသွန်းနေသော မိုးအား ငေးကာဆွေးကာဖြင့် တစ်ချိန်က မင်းနောင်ရိုးနဲ့ရှိခဲ့ဖူးသည့် အတိတ်များဆီသို့ အတွေးနဲ့ ခရီးဆန့်နေလေ၏။

တော်မဝင်ပါ...သို့သော်Where stories live. Discover now