တော်မဝင်ပါ သို့သော်........
*****အပိုင်း(၁၇)*****
M i n n _W a t h o n e _ H t e tမှူးပိုင်က သေရွာမှပြန်လာသူပင်။
အသက်လေးနှစ်အရွယ်မှာ အပြင်းဖျားပြီး ဆေးရုံတက်ခဲ့ရလေသည်။ ဆေးရုံတွင်(၂၂)ရက်တိတိ သတိမေ့နေခဲ့သော မှူးပိုင်၏ အသက်ကို ဆရာဝန်များက ကြိုးစားပမ်းစား ကုသကြပေမယ့်
လက်လျှော့ခဲ့ရ၏။ မှူးပိုင်၏ မိခင်ဒေါ်တင်မမ မှာကား အဖြစ်ဆိုးလှသော သူ့သားထွေးလေးအတွက်
ဖြည်မဆည်နိုင်အောင် ပူဆွေးသောက ဗျာပါဒ
များခဲ့ရလေသည်။သူ့သားထွေးလေးဘေးမှ တစ်ဖဝါးတောင် မခွာပဲ
"အောင် သဗ္မုဒ္ဓေ" ဂါထာတော်ကို နေ့ညမပြတ်
ရွတ်ဖတ်ပူဇော်ခဲ့၏။
မှူးပိုင်၏ အဖေဖြစ်သူခမျာမှာတော့ သားထွေးဆေးရုံတက်နေတာတောင် အနားမှာမနေနိုင်ပဲ မြစ်ပင်လယ်ကြီးထဲမှာ စားဝတ်နေရေး ၊
ဆေးကုသစရိတ်များအတွက် ရုန်းကန်လှုပ်ရှားနေရသည်။
သားကြီး ထွန်းနိုင် နှင့်သမီးနှစ်ယောက်ကိုတော့ ရွာမှာပဲ ဆွေမျိုးတွေနဲ့အပ်ထားခဲ့သည်။
"အောင် သဗ္မုဒ္ဓေ"ဂါထာကို နေ့ညမပြတ် ရွက်ဖတ်ပူဇော်ခဲ့သော အကျိုးကြောင့် (၂၃)ရက်မြောက်နေ့မှာ မှူးပိုင် သတိပြန်ရခဲ့၏။
မိခင်ခမျာ သေရွာမှပြန်လာသူ သူ့သားထွေးလေးကိုကြည့်ပြီး ဝမ်းသာမဆုံးဖြစ်ခဲ့ရသည်။ဆေးရုံဆင်းပြီးစတွင်ကား
အမေကို အစ်မခေါ် ၊ အစ်မကို အမေခေါ်နဲ့ အသိစိတ်တွေမေ့ပျောက်ကာ လမ်းမလျှောက်တတ်တော့ပဲ ရှိခဲ့၏။ တော်တော်လေး ပြန်လေ့ကျင့်ပေးခဲ့ရသည်။ ကျောင်းနေစအရွယ်မှာကား တစ်ခြားကလေးများထက် ဥာဏ်ပိုကောင်း၏ ။ နှစ်စဉ်နှစ်တိုင်း ပထမဆုကို ဆွတ်ခူးခဲ့သည်ပင်။ သားသမီးလေးယောက် ကျောင်းစရိတ်မနိုင်၍ သမီးနှစ်ယောက်ကို ကျောင်းထုတ်ကာ သားနှစ်ယောက်ကို ကြိုးစားကာ ကျောင်းပြီးအောင်ထားခဲ့သည်။မှူးပိုင်ခြောက်တန်း၌ရောက်ချိန်တွင်
အကိုကြီးဖြစ်သူက ဘွဲ့ရပြီးနေပြီ။ သို့သော်
အလုပ်မရှိအကိုင် မရှိပဲ ယောင်လည်လည်နဲ့ပေါ့။ မှူးပိုင် ခြောက်တန်းနှစ်အရွယ်မှာ မိသားစုအတွက် ကံကြမ္မာဆိုးကြီးကျရောက်လာတော့သည်။
မှူးပိုင်အဖေက မိမိကိုယ်ပိုင်ငါးဖမ်းစက်လှေထက်ပိုကြီးသော တစ်ခြားတစ်ယောက်ဆီမှငါးဖမ်းစက်လှေတစ်စီးငှါးကာ အလုပ်သမားလေးယောက်နဲ့အတူ ငါးဖမ်းထွက်ခဲ့သည်။
YOU ARE READING
တော်မဝင်ပါ...သို့သော်
Non-Fictionညီ့အချစ်က အကို့အတွက် တော်မဝင်ပေမယ့် မင်းဝသုန်ထက် (နှလုံးသားဖြင့်ရေးဖွဲ့သည်)