တော်မဝင်ပါ
သို့သော်……*******အပိုင်း(၂၄)*******
M i n n_W a t h o n e_H t e t
ပြူတင်းပေါက်ကို ဖြတ်၍မနက်ခင်းနေရောင်ဝါကလေးများ မှူးပိုင်မျက်နှာလေးပေါ် တည့်မတ်စွာ ဖြန့်ကျက် ကာကျလျက်။
တိုးဝှေ့ဝင်လာသော
လေပြေနုလေးများက မှူးပိုင်၏ လှပသော မျက်လွှာလေးများအား ပင့်တင်လိုက်သယောင် ယောင်....အိပ်မောကျနေသော သူ့အား လှုပ်နိုးလိုက် သယောင် ယောင်။ထိုလေပြေအေးလေးများကို အားပါးတရ အရသာရှိစွာဖြင့် ရှူရှိုက်ကာ မှူးပိုင် အိပ်ယာမှ ထလိုက်၏။
ဘေးကိုလှည့်ကြည့်လိုက်တော့ မင်းနောင်ရိုးအား မတွေ့ရပေ။ အခန်းတံခါးဝဖက်နားက မင်းနောင်ရိုး သူငယ်ချင်းများဖြစ်သော ကိုစိုးနိုင် နဲ့ ကိုဖြိုးဝေတို့ကိုသာတွေ့ရတော့.........
မနက်အစောကြီး
အဘယ်သို့သွားခဲ့ပါသနည်း.....
မှူးပိုင် အိပ်ယာမြန်မြန်ကလေး သိမ်းပြီး မင်းနောင်ရိုးကိုရှာရန် အဆောင်အောက်ထပ်သို့ဆင်းလာ၏။
အဆောင်ဝနား အရောက်တွင်ကား မုန့်ဈေးတန်းမှဈေးဝယ်၍ပြန်လာဟန်တူသော အဆောင်အောက်ထပ်အခန်းမှ အပျိုကြီးကို မုန့်ထုပ်များ ၊ချက်ပြုတ်ရန်အတွက် အသားငါးဟင်းများ လက်နှစ်ဖက် အပြည့်နဲ့တွေ့ရသည်။
"ကောင်လေး နင့်အကိုကို ရှာနေတာလား""ဟုတ်"
"ခုပဲ ငါနဲ့ ဈေးတန်းမှာတွေ့ခဲ့တယ် ၊ ချက်ပြုတ်စရာတွေဝယ်နေတယ်"
"အော်....ဟုတ်ကဲ့ပါ ၊ ကျေးဇူးပါ မကြီး"
"အေးအေး"
ထိုအခါမှ စိတ်ကိုဒုန်းဒုန်းချကာ မင်းနောင်ရိုးအခန်းရှိရာ အဆောင်အပေါ်ထပ်သို့ ပြန်တတက်လာခဲ့လိုက်၏။
အခန်းထဲကိုဝင်လိုက်စဉ်မှာပဲ...."မောနင်းညီ"
"မောနင်းပါ အကိုစိုးနိုင်"
"ညီတို့ ညီအစ်ကိုနှစ်ယောက်လုံး အစောကြီးနိုးနေကြတာပဲ"
"ဟုတ်"
"ဒါနဲ့ညီ့အကိုရော"
"ဈေးဘက်သွားတယ် အကို"
YOU ARE READING
တော်မဝင်ပါ...သို့သော်
Non-Fictionညီ့အချစ်က အကို့အတွက် တော်မဝင်ပေမယ့် မင်းဝသုန်ထက် (နှလုံးသားဖြင့်ရေးဖွဲ့သည်)