တော်မဝင်ပါ
သို့သော်......***အပိုင်း(၂၀)***
M i n n_W a t h o n e_H t e t
အချိန်တရွေ့ရွေ့ကုန်ဆုံးလာသည်မှာ ခုဆို First Year (Second Semester )ရဲ့Final Examကြီးကတဖြည်းဖြည်းနီးကပ်လာချေပြီ။
"မြတ်တော်ဝင်"တစ်ဆောင်လုံး
စာကျက်သံများဖြင့် ညံနေ၏။မူမမှန်သော မိုးသက်လေပြင်းတိုက်ခတ်သံများကလည်း အဆောင်ပြင်အရပ်၌ စာကျက်သံများနှင့်အတူ တူယှဉ်ကာဆူညံပွက်လောရိုက်မြည်ဟိန်းနေကြသည်။သို့သော်လည်း အဆောင်နေကျောင်းသားများ၏ဇွဲ၊လုံ့လ၊ဝီရိယစိုက်ထုတ်ကာ ကြိုးစားပမ်းစားနဲ့ အပြိုင်အဆိုင် စာကျက်သံများကိုကား မယှဉ်နိုင်ပဲ အရှုံးပေးရသည်ပင်။"မှူး....ဖုန်းလာနေတယ်"
"လာပြီသုတရေ"
အမေ့ဆီမှဖုန်းလာသံကြောင့် လှေကားအနီး၌စာကျက်နေသော မှူးပိုင်အား သုတလှမ်းခေါ်လိုက်သည်။
"ဟဲလို...အမေ"
"ဟဲလို..အထွေးလေး
အမေဖုန်းခေါ်နေတာကြာပြီ၊ ဘယ်တွေသွားနေလို့ ဖုန်းချက်ချင်းမကိုင်ရတာလဲအထွေးလေး ""ဘယ်မှမသွားဘူး ၊ အထွေးလေး အခန်းအပြင်မှာထွက်ပြီး စာကျက်နေလို့ပါမေမေ၊ ဖုန်းကိုအခန်းထဲမှာထားခဲ့လို့"
"မသိပါဘူး ၊ အမေက အထွေးလေး ဘယ်တွေများသွားနေလဲလို့ ၊ နေကောင်းရဲ့လား အထွေးလေး"
"ကောင်းပါတယ်အမေ"
"အမေတို့ကော နေကောင်းကြရဲ့လား"
"အေး နေကောင်းကြတယ်"
"ဖေကြီးကိုလည်း အထွေးဆီဖုန်းဆက်ပါအုံးလို့ ၊ အထွေးလေး အဖေကြီးနဲ့ ဖုန်းမပြော ဖြစ်တာကြာပြီမို့ လွမ်းတယ်လို့"
"အေးအေး အမေပြောလိုက်မယ်နော်"
"ဟုတ် ၊ အိုး...ရာသီဥတုအခြေအနေမကောင်းရင် အဖေကြီးကို ငါးရှာမထွက်နဲ့လို့လည်းပြောလိုက်ပါနော် အမေ"
"ဟုတ်ပါပြီ ၊ အမေတို့အတွက် ဘာမှပူမနေနဲ့ ၊အထွေးလေးပဲ ကျန်းမာရေးကိုဂရုစိုက်ပြီး စာမေးပွဲကို ကောင်းကောင်းဖြေနိုင်အောင်ကြိုးစားနော်"
YOU ARE READING
တော်မဝင်ပါ...သို့သော်
Non-Fictionညီ့အချစ်က အကို့အတွက် တော်မဝင်ပေမယ့် မင်းဝသုန်ထက် (နှလုံးသားဖြင့်ရေးဖွဲ့သည်)