တော်မဝင်ပါ.....သို့သော် part(12)

43 1 0
                                    

      တော်မဝင်ပါ
                    သို့သော်......
_._._._._._._အပိုင်း(၁၂)
Minn Wathone Htet{ငသုန်}

🎼 တန်ခူးလရဲ့သင်္ကြန်ရောက်ရင်လည်း🎼
ြ🎼မြူးကြွတဲ့ မဏ္ဍပ်ပိုးလေးတွေ.....🎼
🎸🎸လောင်းလိုက်တော့ချမ်း..ချမ်း..ချမ်း..🚿🚿
🎸🎸ရင်တွေခုန်...ခုန်...ခုန်...🙆‍♂️🙆
🎸🎸တီးပါ ဗုံ....ဗုံ....ဗုံ....🥁🥁
သင်္ကြန်လည်းနီး ၊ စာမေးပွဲလည်းပြီးတော့ မှူးပိုင်တို့ အဆောင်တစ်ခုလုံး သင်္ကြန်သီချင်းသံများ ပျံ့လွင့်နေ၏။ မိမိနေရပ်အသီးသီးကိုပြန်ရတော့မည်ဖြစ်၍ အူမြူးတက်ကြွနေကြသည်မဟုတ်ပါလော။
မှူးပိုင်လည်း ပထမစာသင်နှစ် တစ်နှစ်၏ လေးလတာအချိန်ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပြီး သင်္ကြန်သီချင်းသံများ၌ စီးမျောခံစားရင်း သူများနည်းတူ ပျော်ရွှင်နေလေသည်။ မှူးပိုင် အခန်းဖော်သုတအားလှည့်ကြည့်လိုက်တော့ မိမိကဲ့သို့ ရွှင်ပျနေခြင်းမတွေ့ရှိရပေ။မျက်နှာညှိုးညှိုးလေးနဲ့ ဝမ်းနည်းနေသော မျက်ဝန်းများက မှူးပိုင်အားပြန်ကြည့်လေ၏။ မှူးပိုင် နည်းနည်းတုန်လှုပ်မိကာ သုတအား မဝံ့မရဲမေးလိုက်သည်။
"နေမကောင်းဘူးလား သုတ "
"ကောင်းပါတယ် မှူး"
"စာမေးပွဲ မဖြေနိုင်ခဲ့လို့လား..."
"ဖြေနိုင်ခဲ့ပါတယ်..."
"အာ့ဆို...ဘာလို့ဝမ်းနည်းအားငယ်နေရတာလဲ"
"ဝမ်းနည်းအားငယ်တယ်? ၊ ဟဲ..မဟုတ်ပါဘူးဗျာ"
"ဟုတ်ပါတယ်"
"အမ်...ကျနော်ဝမ်းနည်းနေတယ်လို့် ဘာလို့ပြောနိုင်တာလဲ"
"မျက်ဝန်းတွေလေ"
"မှူးက ကျနော့်မျက်ဝန်းတွေကိုကြည့်ပြီး ကျနော်ဝမ်းနည်းနေတယ်လို့ ဆိုလိုချင်တဲ့သဘောလား"
"အင်းလေ...မဟုတ်လို့လား"
"အဲဆို..ကျနော် ဘာဖြစ်လို့ဝမ်းနည်းနေလဲ ခန့်မှန်းကြည့်လေ"
"အဲလိုတော့...မခန့်မှန်းတတ်ဘူး၊ ဒါပေမယ့် တစ်ခုခုဖြစ်လို့ ဝမ်းနည်းနေတာတော့ သိတယ်"
"ဟုတ်ပါတယ် ၊ ကျနော်ဝမ်းနည်းနေတယ် ၊
ဘာကြောင့် ဝမ်းနည်းနေလဲကော သိလား"
"အော်...သိပြီ ၊ ဝတ်ရည်နဲ့ ခွဲရတော့မလို့ ဝမ်းနည်းနေတာမလား"
"မဟုတ်ဘူး "
"အမ်...အဲဆို မှူးမသိတော့ဘူး"
"ပထမအချစ်ဆုံးနဲ့ခွဲရတော့မလို့ ဝမ်းနည်းနေတာပါ"
"ပထမအချစ်ဆုံး?ဟုတ်လား? ဒါဆို ဝတ်ရည်ကဘာလဲ"
"သူကဒုတိယအချစ်ဆုံးပါ"
"ဟမ်း..မျက်နှာများလိုက်တာ ၊ ရုပ်ကလေးနဲ့မလိုက်ဘူး"
"ဟဲဟဲ...မဟုတ်ရပါဘူး မှူးရေ ၊ ကျနော်ရဲ့နှလုံးသားကို ချစ်တတ်လာအောင် လှုံ့ဆော်ပေးခဲ့ ၊ သင်ပေးခဲ့ ၊ စေခိုင်းပေးခဲ့တာက ပထမအချစ်ဆုံးသူပါ ၊ ကျနော့်ရဲ့တစ်ဖက်သတ်အချစ်ဦးပေါ့ ၊ ဒါပေမယ့် မဖြစ်နိုင်တဲ့အခြေအနေတစ်ခုကြောင့် သူ့ကို လက်လွှတ်ခဲ့တယ် ၊ ဒါကြောင့် ဖြစ်နိုင်တဲ့ တရားဝင်ချစ်သူ ဒုတိယအချစ်ဆုံးကို ဖမ်းဆုပ်ခဲ့တယ်ပါ"
"ဘာတွေမှန်းလဲမသိ..ရှုပ်နေတာပဲ ၊ နားကိုမလည်နိုင်တော့ဘူး"
"နားမလည်တာပဲ ကောင်းပါတယ် ၊ ဒါနဲ့ မှူးက ကိုယ့်ဆီကို ဘယ်တော့ပြန်မလဲ"
" ကိုယ့်ဆီကို မပြန်သေးပါဘူး ၊  မနက်ဖြန်တော့အဆောင်ကထွက်တော့မယ် ၊ရန်ကုန်က အကိုကြီးအိမ်မှာ တစ်ပတ်လောက်နေပြီး လျှောက်လည်အုံးမှာလေ...ဟိဟိ "
"ကောင်းပါတယ်...ကျနော်က သဘက်ခါမှပြန်ရမှာ ၊ မှူး မနက်ဖြန်သွားရင် ကျနော်တစ်ယောက်တည်း အခန်းထဲမှာနေခဲ့ရတော့မှာပေါ့နော် ၊ စိတ်တောင်မကောင်းဘူး..."
"ဟင်း...အဖြစ်သဲနေလိုက်တာ"
"ဟဲဟဲ...ကျနော်ကသရဲကြောက်တတ်လို့ပါ မှူးရာ"
"သရဲခြောက်ရင်..ပြန်ခြောက် "
"အဲလို စိတ်တိုပြီး မျက်စောင်းမထိုးပါနဲ့ ၊ ကျနော်အသည်းယားလို့ပါ...ဟဲဟဲ"
"လာပြန်ပြီ..ဒီအသည်းယားတာ ၊ အဲလောက်ယားနေရင်လည်း အယားပြယ်သွားအောင် ရင်ကိုခွဲပြီး ဖောက်ထုတ်ပစ်ပါလား..."
"ဟီး...နာမှာပေါ့လို့"
"ဟွန်း...တော်ပြီ မှူး လိုင်းသုံးတော့မယ်"
"သုံးပါဗျာ...သုံးပါ...ကျနော်လည်း Gameဆော့တော့မယ်"
တစ်ယောက်ကို တစ်ယောက် မိမိကုတင်၌ ကျောခိုင်းလဲလျောင်း
လိုက်ကြ၏။
နောက်တစ်နေ့ မနက်ရောက်တော့....
"သုတ....မှူး သွားတော့မယ်နော်"
"အင်းပါ...မှူး ၊ ဂရုစိုက်ပါနော်"
"တာ့တာ...သုတ"
"တာ့တာ... မှူး"
မှူးပိုင်  ငှါးစီးသွားသော TAXIလေး မြင်ကွင်းလေးထဲက ပျောက်ကွယ်သွားတော့မှ သုတ အဆောင်ပေါ်တက်ကာ အခန်းရှိရာဆီ တဖြည်းဖြည်းလျှောက်သွားလေ၏။
အခန်းတံခါးကို ဂျက်ချကာ အသံတိတ်ငိုနေရသူကား သုတပင်။
ခဏကြာတော့ ဝတ်ရည် ထံမှ ဖုန်းဝင်လာ၏။ တွဲလဲခိုနေသော မျက်ရည်စတို့အား လက်နဲ့ဖယ်ထုတ်ကာ ဖုန်းကိုင်လိုက်သည်။
"မောင်...ချစ် အဆင်သင့်ဖြစ်နေပြီ..သွားကြတော့မယ်လေ"
ဝတ်ရည် ဖုန်းဆက်တော့မှ မနေ့က မြကျွန်းသာ အတူသွားဖို့ Dateထားတာကို ချက်ချင်းသတိရသွား၏။
"ချစ်...sorryကွာ ၊ မှူး ပြန်တော့ ပစ္စည်းတွေကူသယ်ပေးနေရလို့
မောင် ရေတောင်မချိုးရသေးဘူး"
"ဟင်..မှူး ပြန်ပြီလား ၊ ချစ်တို့ကိုတောင် နှုတ်မဆက်သွားဘူး"
ထားဝယ်ကိုပြန်တာမဟုတ်သေးလို့နေမှာပေါ့ ၊ ရန်ကုန်က သူ့အကိုကြီးအိမ်မှာ တစ်ပတ်လောက်တော့နေအုံးမယ် ပြောတာပဲ ၊ ညကျရင် ချစ်တို့ဆီကို သူဖုန်းဆက်လာလိမ့်မယ် ၊ မောင့်ကို နောက်ထပ် (10)လောက်ပဲစောင့်နော်"
"အင်းပါ...မြန်မြန်လေးလုပ်နော်"
"အမိန့်တော်အတိုင်းပါဗျ...."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တော်မဝင်ပါ...သို့သော်Where stories live. Discover now