Chapter ~ 9

24.6K 2.3K 47
                                    

[Zawgyi]

အချို့သောအရှက်ရမှုတွေက ကောင်းသောတိုက်ဆိုင်ခြင်းတွေဖြစ်လာဖို့အတွက် ရှေ့ပြေးနိမိတ်ပဲ...။

ခွန်းစစ်မင်းရဲ့မျက်လုံးတွေက အိပ်ချင်စိတ်မပြယ်သေးတာကြောင့် တော်တော်နဲ့ဖွင့်မရဘူး...။ ဒါနဲ့ ဟိုသည်လှိမ့်ဖို့ရည်ရွယ်ချက်နဲ့ အလှုပ်...လက်ထဲမှာတစ်ခုခုရှိနေသလိုခံစားလာရတာကြောင့် ခန္ဓာကိုယ်ရဲ့အလိုအလျောက်တုန့်ပြန်မှုအရ လက်ချောင်းတွေနဲ့ အားပါပါတစ်ချက်ညှစ်လိုက်မိတယ်...။

( ဟင်?...မာမာကြီး!...)

သူ အလန့်တကြားနဲ့မျက်လုံးကိုဖွင့်လိုက်မိတော့ မြင်လိုက်ရတဲ့အခြေအနေက လက်ကိုချက်ချင်းရုတ်ပြီး သူ့ကိုထထိုင်မိစေတယ်...။

" Shit!..."

လင်းခေတ်ဦးလက်မောင်းကို ကိုင်ထားခဲ့မိတဲ့သူ့ကိုယ်သူ နားမလည်နိုင်ဖြစ်သွားရတယ်...။ သူ ဆက်ကြည့်မိတော့...လင်းခေတ်ဦးက မျက်မှောင်ကြီးကြုတ်လို့...သူ့ရဲ့နောက်လက်တစ်ဖက်ကလဲ သူ့ညီလေးကိုအုပ်ကိုင်ရင်း ဒူးထောင်ပြီး ပေါင်နှစ်ချောင်းကိုစိထားလေရဲ့...။ ထိုအနေအထားကြောင့် သူ့ခေါင်းထဲဝင်လာတဲ့အတွေးက သူ့ကိုကြက်သီးပါထသွားစေတယ်...။

( မဟုတ်မှလွဲရော...သူ???...)

ကိုယ့်အတွေးနဲ့ကို မျက်နှာတစ်ခုလုံး အနီရောင်သန်းလာတဲ့အချိန်...လင်းခေတ်ဦးရဲ့စကားသံတိုးတိုးလေးထွက်လာတယ်...။

" မင်း...နိုးပြီမလား..."

" အင်း..."

" အဲ့တာဆို ငါသွားတော့မယ်..."

လှဲနေရာကထထိုင်ရင်း အတင်းထွက်သွားဖို့လုပ်နေတဲ့ လင်းခေတ်ဦးကို ခွန်းစစ်မင်းအမြန်လှမ်းဆွဲလိုက်ထားလိုက်တယ်...။

" ကျွန်တော် ခွင့်မပြုဘူး..."

ကြားလိုက်ရတဲ့စကားကြောင့် ရှုံတွသွားတဲ့လင်းခေတ်ဦးရဲ့မျက်နှာက ဘောလုံးကိုလေထုတ်လိုက်သလိုပဲ...။ ဒါတောင်မှ သူရဲ့ကြည့်ကောင်းမှုက လျော့မသွားဘူး...။

" ဘာလို့လဲ...အခုလင်းနေပြီလေ...ငါသွားပါရစေ ခွန်းရယ်..."

" ဟင့်အင်း...ကျွန်တော်ရှိနေရက်နဲ့ ခင်များညီလေးကိုမထိန်းနိုင်ဘူးဆိုတာက ခင်များကျွန်တော့်ကိုစော်ကားတာပဲ...ခင်များက တကယ်မယုံရဘူး..."

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now