[Zawgyi]
" ခွန်း...အဲ့တာလေး မင်းနဲ့လိုက်တယ်..."
" အင်း...ကွက်တိပဲ..."
" ခွန်းလေး...ဒီဖိနပ်လေးရော..."
" ဒီအရောင်နဲ့ပိုအဆင်ပြေမယ်ထင်တယ် ..."
" အင်း...မင်းဝတ်ဖို့ထုတ်ထားသလားပဲ ..."
" ....."
ခွန်းစစ်မင်း မျက်စိရှေ့က အဝတ်အထပ်လိုက်ကြီးကိုကြည့်ပြီး...ဘာပြောလို့ပြောရမယ်မှန်းမသိတော့အောင် စိတ်လှုပ်ရှားနေရတယ်...။ ဒီရွေးထားသမျှအားလုံးကို လင်းခေတ်ဦးက ပိုက်ဆံရှင်းဖို့လုပ်နေတာကြောင့်ပေါ့...။ ပြောရရင် ဒီဆိုင်က လေးဆိုင်မြောက်ပဲ...။ ဒါပေမဲ့ ခွန်းစစ်မင်း အခုထိ ပါလာတဲ့ပိုက်ဆံတွေကိုမထိရသေးဘူး...။ ကောင်တာကအမကို ခဏဆိုတဲ့သဘောနဲ့လက်ပြလိုက်ပြီး လင်းခေတ်ဦးကိုအနားဆွဲကပ်လိုက်တယ်...။
" ကိုလင်း...ကျွန်တော်တို့ဝယ်ထားတာတွေ အရမ်းများနေပြီ... ဒါတွေအကုန်လုံးဝယ်မှဖြစ်မှာလား..."
" အင်းလေ...ဘာဖြစ်လို့လဲ..."
" သတ်သတ်ပိုက်ဆံဖြုန်းသလိုကြီး ဖြစ်မနေဘူးလား...ဝယ်သင့်သလောက်လဲ ဝယ်ပြီးနေပြီကို..."
" ဒါတွေကလဲ မင်းကြိုက်လို့ ရွေးထားတာတွေပဲမဟုတ်ဘူးလား...အဲ့တာဆိုရင်ဝယ်လိုက်...ကြိုက်လို့သဘောကျလို့ဝယ်တာ ဖြုန်းပစ်တာမှမဟုတ်တာ..."
" ကျွန်တော်ရွေးထားတယ်ဆိုတာက အဲ့ထဲကမှအကြိုက်ဆုံး တစ်ထည်နှစ်ထည်လောက်ပြန်ရွေးမှာလေ..."
" မလိုပါဘူးဆို..."
" ဒါပေမဲ့လဲ...ဟင်းးး...ကျွန်တော်က ခင်များကို..."
" ဘာလဲ...'ကျွန်တော်က ခင်များကိုကြိုက်တာ...ခင်များပိုက်ဆံတွေကိုကြိုက်တာမဟုတ်ဘူး' လို့ ပြောမလို့လား..."
ခွန်းစစ်မင်း စိတ်ကုန်စွာ နှာမှုတ်မိရတယ်...။ တစ်ဆက်တည်းမှာပဲ ငွေရှင်းကောင်တာဘက်ကို လှည့်လိုက်ပြီး..။
" အဲ့တာတွေ အကုန်ထည့်ပေးပါ..."
" ဟုတ်ကဲ့..."
ထိုအခါမှ...လင်းခေတ်ဦးလဲ သဘောအကျကြီးကျရင်း ခွန်းစစ်မင်းရဲ့ခါးလေးကို ဆွဲဖက်လာပြန်တယ်...။
ESTÁS LEYENDO
ME, MYSELF AND MY FUCKIN' WORLD
Romance📌 Just Read. You Will Know What This Shit. 🚫 WARNING 🚫 (Age Restricted) [Zawgyi] ဤ fiction တွင် အလွန်ပွင့်လင်းသော အကြောင်းအရာများနှင့် စကားအသုံးအနှုန်းများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ [Unicode] ဤ Fiction တွင် အလွန်ပွင့်လင်းသော အကြော...