Chapter ~ 27

25.7K 2K 47
                                    

[Zawgyi]

ခတ်နွယ်နဲ့ခန့်သူရိန်သစ်တို့ထွက်သွားတာနဲ့...ခွန်းစစ်မင်းတစ်ယောက် လင်းခေတ်ဦးကားရပ်ထားတဲ့နေရာရဲ့ မနီးမဝေးမှာရှိနေတဲ့ အုတ်ခုံလေးမှာသွားထိုင်နေလိုက်တယ်...။ ပြီးတော့... လင်းခေတ်ဦးကိုဖုန်းဆက်ခေါ်ဖို့ ပြင်လိုက်တယ်...။ ဒါပေမဲ့...လင်းခေတ်ဦးဆီဖုန်းမဝင်ခင် သူ့ဆီကို ဖုန်းတစ်ကောဝင်လာတယ်...။ Contact က နာမည်ကိုမြင်လိုက်တာနဲ့ သူအချိန်မဆိုင်းတော့ပဲ ပြန်ဖြေလိုက်မိတယ်...။

" ရှိန်း..."

" Ommm...ခွန်း..."

" မင်းတွေ့ပြီးပြီထင်တယ်..."

" အင်း...အခုမှတွေ့တယ်...အဲ့တာ တွေ့တွေ့ချင်း ဖုန်းဆက်လိုက်တာ..."

" ဪ..."

" အဆင်ပြေရဲ့လား..."

" မပြေစရာဘာအကြောင်းမှ'မှမရှိတာပဲ...မင်းရော..."

" ငါကကိစ္စမရှိဘူးလေ...နဂိုတည်းက ငါဘာဆိုတာ လူတိုင်းသိပြီးသားပဲဟာ...ပြီးတော့ ငါတို့နှစ်ယောက်ကိစ္စကလဲ ရူးတဲ့သူနဲ့ပေါတဲ့သူပဲယုံလိမ့်မယ်...ငါမင်းကိုလိုက်ခဲ့တာကို ငါတို့နှစ်ကျောင်းလုံးကလူတွေအကုန်သိတာမို့...ငါအငြင်းခံလိုက်ရတာကိုလဲ ဘယ်လိုဖြစ်ပြီးတော့လဲမသိပေမဲ့...လခွမ်း!...အကုန်သိကြတယ်ဟ..."

" အင်! ဟုတ်လား..."

" အေးဆို...အဲ့တာထက် အခြားမင်းအကြောင်း သပုတ်လေလွင့်ပြောထားတာတွေကိုရော ဘာလုပ်မှာလဲ...ဪ ဆောရီး...ငါမေ့လို့...ငါပြောနေတာ ခွန်းစစ်မင်းဆိုတဲ့ ဘေးတိုက်သွားကောင်ဆိုတာ ငါမေ့သွားတယ်...မင်းဂရုမစိုက်ဘူး မဟုတ်လား..."

" မင်းမှန်တယ်...ဒါနဲ့ နေပါအုံး...ရှိန်း မင်းက ငါငြင်းတာခံလိုက်ရပေမဲ့ ဘာမှလဲသိပ်မခံစားရသလိုပဲ...အခုထိ အရင်လိုစောက်စကားကများတုန်း...လူချင်းတွေ့လဲ လက်ရဲဇက်ရဲနိုင်အုံးမှာဆိုတာ လောင်းရဲတယ်...မင်းငါ့ကိုတကယ်ကြိုက်ခဲ့တာရော ဟုတ်ရဲ့လား..."

" အမလေးလေး...ငါကမင်းကိုကြိုက်တာလေ...ချစ်တာမှမဟုတ်တာ...နှစ်ပတ်လောက် မစားနိုင်မသောက်နိုင်ဖြစ်ပြီးတာက မလုံလောက်သေးဘူးလားဟ...ကိုယ်ကြိုက်တဲ့သူဆီကအငြင်းခံရတာလေးကို ငါ့ကိုဘယ်လောက်ထိခံစားစေချင်နေတာတုန်းလို့..."

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now