Chapter ~ 21

22.9K 2K 71
                                    

[Zawgyi]

စာမေးပွဲကြီးလဲ ပြီးသွားခဲ့ပြီ...။ အမှတ်စာရင်းတွေကလဲ တော်တော်နဲ့ထွက်အုံးမှာ မဟုတ်သေးလို့ တစ်ပတ်နှစ်ပတ်လောက်တော့ စိတ်လွတ်ကိုယ်လွတ်နေလို့ရသေးတယ်...။ ပုံမှန်အတိုင်းပဲ ခွန်းစစ်မင်း ဒီနေ့မနက်ကို ရှိန်းဆက်ပိုင်နဲ့အတူလာဖြစ်တယ်...။ သူကားပေါ်ကမဆင်းခင်တောင် ရှိန်းဆက်ပိုင်က 'ညကျရင် ၇နာရီ အိမ်ရှေ့လာခေါ်မယ်' ဆိုပြီး မှာလိုက်သေးတယ်...။

အတန်းထဲရောက်လို့ နေရာမှာထိုင်တာနဲ့ Professor ရောက်လာတာကြောင့်...သူတို့အချင်းချင်း စကားပြောချိန်တောင်မရလိုက်ဘူး...။ ဒီလိုနဲ့ မနက်ပိုင်းတစ်ချိန်ကတော့ အေးအေးဆေးဆေးပဲပြီးသွားခဲ့တယ်...။ အဲ့နောက် နေ့လည်စာစားပြီး နောက်တစ်ချိန်တက်ချိန်မှာတော့ ဇာတိတွေကပြလာတော့တယ်...။ စားပြီးသောက်ပြီးချိန်လဲဖြစ်တဲ့အတွက် အရာရာကစတင်ဝေဝါးလာတယ်...။ ခန္တာကိုယ်တစ်ခုလုံးရဲ့အလေးချိန်ကို အနှီမျက်ခွံသေးသေးလေးကပဲ ထမ်းထားရသယောင်...။

ဘယ်လိုမှသည်းမခံနိုင်တဲ့အဆုံးမှာတော့...ခွန်းစစ်မင်းတစ်ယောက် အိပ်ချင်စိတ်ပြေလိုပြေညား ဖုန်းခိုးထုတ်ပြီးလိုင်းပေါ်တက်လိုက်တယ်...။ အံမယ်...သူ့ထက်အကြံဦးတဲ့သူတွေကရှိနေတယ်...။ ဘေးကပ်ရပ်က သကောင့်သားနှစ်ကောင်ကို chat group ထဲ အဆင်သင့်တွေ့လိုက်ရတယ်လေ...။ ဒီ group က လင်းခေတ်ဦးနဲ့ Cara မပါတဲ့...သူရယ် ခန့်သူရိန်သစ်ရယ် ခတ်နွယ်ရယ် သုံးယောက်သာပါတဲ့ သီးသန့် group...။

( ချီး!...ဒီ group ထဲက nickname တွေတစ်ခါမြင်တိုင်း တစ်ခါသွေးအန်ချင်မိတယ်...ဟိုဖက် group ကဟာတွေကမှ တော်သေးတယ်...)

အဆင်အာရုံခံစက် (ခတ်နွယ်) ~ ဘာတွေပြောနေမှန်း တစ်ခုမှနားမလည်တော့ဘူးဟာ...

အဆွေးမင်းသားလေးသစ်သစ် (ခန့်သူရိန်သစ်) ~ တီချယ်က ဘယ်အချိန်ထိသင်နေမှာလဲမသိဘူး...ငါတော်တော်ကို အိပ်ချင်နေပြီ...

အဆင်အာရုံခံစက် ~ Break time ပေးရင် ကန်တင်းလစ်ရအောင်ဟာ...ပြီးရင် နောက်တစ်ချိန်မှပြန်လာတော့မယ်...

အဆွေးမင်းသားလေးသစ်သစ် ~ အေး ငါလဲပြောတော့မလို့...အင်း...ဒီနေ့ မ'တို့ကျောင်းလာရင် ကောင်းမှာပဲနော်...

ME, MYSELF AND MY FUCKIN' WORLD Donde viven las historias. Descúbrelo ahora