Chapter ~ 4

29.7K 2.6K 51
                                    

[Zawgyi]

လင်းခေတ်ဦးက ဆေးတက္ကသိုလ်(၂)နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ လမ်းသွယ်လေးထဲမှာ တိုက်ခန်းတစ်ခန်းငှါးပြီးနေတယ်...။ သူတို့ကျောင်းနဲ့လဲနီးတာကြောင့် စာလုပ်ဖို့အတွက် လင်းခေတ်ဦးရဲ့နေရာကိုပဲ ရွေးချယ်လိုက်တယ်...။

ဒီနေ့အဖို့ သူတို့နှစ်ယောက်အတွက်က သာမန်နေ့တွေလိုပါပဲ...။ စာအတူလုပ်နေရတာကလွဲလို့ပေါ့...။ လင်းခေတ်ဦးက သူ့ကိုစာပြပေးရင်း...သူကိုယ်တိုင်လဲ စာလုပ်တယ်...။ အဲ့တာတွေကမထူးခြားပေမဲ့...ထူးခြားတာက လင်းခေတ်ဦးဒီနေ့ သူပြောသမျှကိုကန့်လန့်မတိုက်တာပဲ...။ ပထမဆုံးနေ့မို့လို့ စိတ်ထားကောင်းချင်ယောင်ဆောင်တာလဲ ဖြစ်နိုင်တာပဲလေ...။

ခွန်းစစ်မင်းတွေးမိတယ်...။ လင်းခေတ်ဦးဆိုတဲ့ငနဲက လူကသာ ပြုံးပြုံးပြုံးပြုံးနဲ့...စိတ်ကခန့်မှန်းလို့မရဘူးဆိုတာ သူသတိထားမိတယ်...။ စကားသိပ်မပြောပေမဲ့...တစ်ခွန်းဆိုတစ်ခွန်းဆိုသလောက် ဘယ်လောက်ထိသလဲ သူအမြဲခံနေရမို့ အသိဆုံးပဲ...။ အခြားသူတွေ ဘယ်လိုပဲ သူ့စကားတွေကြောင့် မခံမရပ်ဖြစ်ရပေမဲ့...လင်းခေတ်ဦးနဲ့တွေ့ရင်တော့ အမြဲမခံမရပ်ဖြစ်ရတာ သူပဲ...။

ဒါပေမဲ့...သူဝန်ခံပါတယ်...။ လင်းခေတ်ဦးက သူကြားထားတဲ့သတင်းတွေအတိုင်း စာရှင်းတာအရမ်းတော်တယ်ဆိုတယ်...။

" ကဲ...ရလား..."

" အင်း..."

" ဒါဆို...အင်း...၄ နာရီတောင်ခွဲတော့မယ်...ပြန်လိုက်တော့..."

ခွန်းစစ်မင်းခေါင်းညိတ်ပြလိုက်ပြီး ပစ္စည်းတွေသိမ်းလိုက်တယ်...။ အိတ်ကိုကောက်လွယ်ပြီး ထနေတုန်းမှာ လင်းခေတ်ဦးက လှမ်းပြောတယ်...။

" လိုက်ပို့ပေးရမလား..."

" ကျွန်တော် taxi ဖိုးအကုန်မခံနိုင်ဘူး..."

လင်းခေတ်ဦး နှုတ်ခမ်းထောင့်လေးက တွန့်တက်သွားတယ်..။

" ဒီအချိန်ဆို ကားကျပ်တော့မှာ..."

" ရတယ်...မလိုဘူး...ကျေးဇူးတင်နေရအုံးမယ်..."

အဲ့နောက် သူ့ကို အဓိပ္ပာယ်ဖော်မရတဲ့မျက်လုံးတွေနဲ့ ပြုံးပြီးကြည့်နေတဲ့လူသားကို... လစ်လျူရှုလိုက်ပြီး တိုက်ခန်းကနေထွက်လာခဲ့လိုက်တယ်...။

ME, MYSELF AND MY FUCKIN' WORLD Dove le storie prendono vita. Scoprilo ora