Chapter ~ 53

20.5K 1.8K 119
                                    

[Zawgyi]

ဝတီကိုကိုက လင်းခေတ်ဦးဆီပြေးသွားကာ လက်မောင်းကိုတွဲခိုနေတော့တယ်...။ ပြိုတော့မဲ့မိုးလိုမျက်နှာပေးလေးနဲ့ လင်းခေတ်ဦးကိုအားကိုတကြီးမော့ကြည့်နေပုံတွေက ခွန်းစစ်မင်းကိုအကြိမ်ကြိမ်အခါခါအော့အန်လိုက်ဖို့ လုံလောက်စေတယ်...။ ခွန်းစစ်မင်း ထိုမြင်ကွင်းကို မထူးဆန်းတော့စွာကြည့်နေရင်းပဲ ရေချိုးခန်းထဲက အသာလှမ်းထွက်လာလိုက်တယ်...။

" ဘာဖြစ်တာလဲ..."

" ကိုလင်း...ဝတီပြန်ချင်ပြီ..."

" အကိုပြန်လို့မရသေးဘူး...မမကလဲပေးပြန်မှာမဟုတ်ဘူး..."

" ကိုလင်း..."

" ဝတီအရမ်းပြန်ချင်နေရင်ပြန်လေ...အကိုအစကတည်းက လိုက်မလာဖို့ပြောသားပဲကို..."

" ဒါပေမဲ့..."

" အံ့သြဖို့ကောင်းလိုက်တာ..."

သူဝင်ပြောလိုက်တာကြောင့် ဝတီကိုကိုကသူ့ကိုမျက်စောင်းထိုးကာပြန်ကြည့်လာတယ်...။ ခွန်းစစ်မင်းလဲ နှစ်ယောက်နားကိုတိုးသွားကာဆက်ပြောလိုက်တယ်... ။

" ခုနကခင်များဘာလုပ်လိုက်လဲဆိုတာကို ကိုလင်းမသိပါစေနဲ့ပေါ့..."

မျက်နှာပျက်ယွင်းသွားတဲ့ဝတီကိုကို'ကို သူအသာပဲတွန်းထုတ်လိုက်တယ်...။ ထိုသို့ပြုမူခံလိုက်ရတာကြောင့် ဆွံ့အမှင်သက်သွားရတဲ့ဝတီကိုကို'ကို သူလစ်လျူရှုလိုက်ပြီး...လင်းခေတ်ဦးရဲ့မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံလိုက်တယ်...။

" ကိုလင်း...ကျွန်တော်ခင်များကိုလက်လျှော့မိတော့မလို့ပဲသိလား...ဒါပေမဲ့အခုလေးတင်ပဲ ကျွန်တော်ဆုံးဖြတ်လိုက်ပြီ...ခင်များကိုကျွန်တော်ပြန်မရရင်တောင် သူတော့လုံးဝမရစေဘူး..."

" ....."

" ခွန်းစစ်မင်း နင်..."

( ခင်များကိုကျွန်တော်လုံးဝလက်မလျှော့ဘူးကိုလင်း...)

ခွန်းစစ်မင်းအရင်က လင်းခေတ်ဦးအပေါ်ရှိတဲ့သူ့ရဲ့ခံစားချက်တွေကို သူကိုယ်တိုင်နားမလည်ခဲ့ဘူး...။ လင်းခေတ်ဦးပြန်အလာကို မပျင်းမရိစောင့်နေခဲ့တာက 'တောင်းပန်ပါတယ်' ဆိုတဲ့စကားလေးတစ်ခွန်းပြောဖို့အတွက်ပဲမဟုတ်ဘူးဆိုတာတော့ သူကိုယ့်သူသိတယ်...။ အရင်တုန်းက သူ့ကြောင့် ဘေးကသူတန်ဖိုးထားရတဲ့လူတွေပါ ထိခိုက်လာမှာကိုစိုးရိမ်ခဲ့မိတယ်...။ ဒါကြောင့်လဲ လင်းခေတ်ဦးနဲ့လမ်းခွဲဖို့ကြိုးစားခဲ့တယ်...။ ဒီတစ်ခါမှာတော့ သူ့ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် သူတစ်ကိုယ်ကောင်းဆန်သင့်ရင်ဆန်ရမယ်...။ သူ့ဘေးကလူတွေထိခိုက်ရအုံးမယ်ဆိုရင်တောင် ဒီတစ်ကြိမ်တော့ လင်းခေတ်ဦးကိုပဲသူရွေးချယ်မယ်...။ တစ်ခါတစ်လေမှာ ပျော်ရွှင်မှုဆိုတာ ကိုယ်တန်ဖိုးထားရတဲ့လူတွေကိုထိခိုက်စေတယ်ဆိုရင်တောင် တစ်ကြိမ်တစ်ခါတစ်ကိုယ်ကောင်းဆန်ပစ်လိုက်ဖို့တော့ ထိုက်တန်ပါတယ်...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now