Chapter ~ 2

44.8K 3.1K 93
                                    

[Zawgyi]

နေရောင်ခြည်က မီးဖိုခန်းပြတင်းပေါက်ကနေ တောက်ပစွာ ဖြာကျနေတယ်...။ စကားသံအချို့ပြန့်လွင့်နေတာနဲ့အတူ ထိုရွှေဝါရောင်အလင်းသက်ဆင်းနေတဲ့ ကောင်လေးတစ်ယောက်ရဲ့မျက်နှာကတော့...ဆူပုတ်နေလိုက်တာ ညာဘက်ပါးပေါ်ကပါးချိုင့်လေးတောင် ပျောက်လုလု...။

" ဟုတ်တယ်လေ...မင်းအဲ့လိုတွေတွေးနေသ၍ ဘယ်တော့မှလဲ FA ဘဝကကျွတ်မှာမဟုတ်ဘူး..."

ခွန်းစစ်မင်း မျက်လုံးကိုထောင့်ကပ်လိုက်ရင်း လက်ထဲကကော်ဖီခွက်ကို ပြန်ချထားလိုက်တယ်...။

" ဒီမှာ ပါး'...ပါး' က ကျွန်တော့်ကို FA လို့သဘောထားတယ်ပေါ့...ရတယ်လေ...အဲ့တော့လဲ ကျွန်တော်က FA ထုတစ်ရပ်လုံးအတွက် အယူခံဝင်မှရတော့မယ်..."

" အင်း...ဆိုစမ်းပါအုံး..."

" FA လို့ခေါ်တာ သိပ်ကိုရိုင်းတယ်...ကျွန်တော်တို့တွေက လောကရဲ့နိယာမအတိုင်းလိုက်နေရုံပဲရှိတာ..."

" ဘယ်လို ဘယ်လို..."

ခွန်းစစ်မင်းချက်ချင်းပြန်မပြောသေးပဲ ဦးစစ်နိုင်နဲ့ ဦးမင်းစေသော်က... သူ့ရဲ့အပေါအရွှီးပေါင်းချုပ်မှာ နားစွင့်နေတာသေချာတော့မှ စကားကိုဆက်တယ်...။

" လူတွေက မွေးကတည်းကတစ်ယောက်တည်းပဲ...သေလဲ အဖော်ခေါ်လို့ရမှာမဟုတ်ဘူး...ပြီးတော့...လူဆိုတာ မွေးဖွားလာကတည်းက သေဖို့ဖြစ်လာတာ...ဘယ်နေ့သေမယ်မသိနိုင်တဲ့ဘဝမှာ ကျွန်တော်တစ်ယောက်တည်းပဲ အေးအေးဆေးဆေးနေချင်တယ်..."

" ဒါဆို မင်းက တစ်သတ်လုံးမိန်းမ မယူတော့ဘူးပေါ့..."

" ကျွန်တော့်ရဲ့ life plan မှာ ရည်းစားထားဖို့ကိုမပါတာ..."

" အဲ့တော့ မင်းရဲ့လက်သည်သာ မင်းရဲ့အကောင်းဆုံးအဖော်မွန်ပေါ့...ဟား ဟား..."

" ဘာလဲ...ပါး'က ဒီလက်တွေကို အီအီးကုန်းဖို့အတွက်ပဲ အသုံးဝင်တယ်လို့သဘောထားထားတာလား...ဒါပေါ့ ပါး'ရဲ့...သာယာမှုအတွက်နဲ့တော့ ဆန့်ကျင်ဘက်လိင်ကို မလိုအပ်ပါဘူး..."

ဦးစစ်နိုင် ခွန်းစစ်မင်းကိုကြည့်ပြီး ခေါင်းညိတ်လိုက်တယ်...။

ME, MYSELF AND MY FUCKIN' WORLD Donde viven las historias. Descúbrelo ahora