Chapter ~ 16

24.6K 2K 37
                                    

[Zawgyi]

ခွန်းစစ်မင်းရဲ့လက်ချောင်းလေးတွေက ရှိန်းဆက်ပိုင်ရဲ့ရှပ်အင်္ကျီကြယ်သီးတွေရှိရာကို တဖြည်းဖြည်းတိုးကပ်လာတယ်...။ ဒါက သူ့အတွက် ဖြေရှင်းချက်ပဲဆိုတာ သူသိတယ်...။ ဒါပေမဲ့ သူ့စိတ်ကိုတစ်ခုခုကဆွဲထားသလို နှောင့်နှေးတွန့်ဆုတ်နေမိပြန်တယ်...။

( ဘာတွေဒီလောက်တွေးပူနေရတာလဲ...ဒီလို အတွေးလွန်နေတတ်တာက ငါ့ပုံစံမှမဟုတ်တာ...စိတ်ကိုထိန်းစမ်း ခွန်းစစ်မင်း...ဒါကို မင်းလုပ်သင့်တယ်...မဟုတ်ဘူး...လုပ်ကိုလုပ်ရမယ်...)

" Fuck it!...ငါ လုပ်ရမယ်..."

အသက်ကိုတစ်ချက် အပြည့်ရှုသွင်းလိုက်တယ်...။ အဲ့နောက်မှာတော့ ဆုံးဖြတ်ချက်ပြတ်သားစွာနဲ့ပဲ ကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်လိုက်မိတယ်...။ ပြီးတဲ့အခါမှာ...ရင်ဘက်နဲ့ ဝမ်းဗိုက်တပြင်လုံး ရှင်းရှင်းလင်းလင်းမြင်လာရတဲ့အထိ အင်္ကျီကိုဆွဲဖွင့်လိုက်တယ်...

" ....."

ရုတ်တရက် သူမှင်သက်သွားရတယ်...။ ချက်ချင်းဆိုသလို အသက်ရှုတွေလဲမြန်လာရတယ်...။ မျက်လုံးလဲ မသိမသာကျယ်လာရကာ လက်တွေကို ရင်ဘက်ပေါ်ပို့လိုက်မိတယ်...။ ရှိန်းဆက်ပိုင်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေက ပက်လက်လှန်ထားတဲ့အနေအထားကြောင့် သိပ်မပေါ်လွင်သလိုဖြစ်နေပေမဲ့...ခန္ဓာကိုယ်က ဘယ်လောက်ကျစ်လစ်လဲဆိုတာ ခန့်မှန်းလို့ရတယ်...။ ဒါပေမဲ့...လက်ရှိခွန်းစစ်မင်းမှာတော့ သူ့ရဲ့အမြှောင်းလေးသာရှိတဲ့ တစ်ပြေးတည်းဗိုက်နဲ့ အရင်လိုနှိုင်းယှဉ်စိတ်ဓာတ်ကျနေဖို့ သတိမရတော့ပဲ...ရင်ဘက်တစ်ပြင်လုံးကိုသာ လက်ဖျားလေးတွေနဲ့ ခပ်ဖွဖွပွတ်ဆွဲနေမိတယ်...။

သူ စိတ်ရှုပ်ထွေးစွာနဲ့ ရှိန်းဆက်ပိုင်ကိုကြည့်နေမိတယ်... ။

" ဒါက အဖြေပဲပေါ့ ..."

အဲ့နောက်... နေရာကထပြီး ရေချိုးခန်းထဲကို ခပ်သုတ်သုတ်ဝင်လာလိုက်တယ်...။ ပြီးတော့ မှန်ထဲကကိုယ့်ပုံရိပ်ကို ပြန်ကြည့်နေမိရင်း စိတ်ငြိမ်အောင်ကြိုးစားနေမိတယ်...။ သူအဖြေကို ပြတ်ပြတ်သားသားသိလိုက်ရပြီ...။

သူဘာမှမခံစားခဲ့ရဘူး ...။ ရှိန်းဆက်ပိုင်ရဲ့ရင်အုပ်တွေက သူ့ကိုဘာခံစားချက်မှဖြစ်လာအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး...။ အဖြေကသိသာနေခဲ့ပြီ...။ ဘာမှထပ်ပြီးစမ်းသပ်နေစရာမလိုတော့ဘူး...။ ခန့်သူရိန်သစ်က သူငယ်ချင်းဖြစ်နေလို့ဆိုရင်တောင်...ရှိန်းဆက်ပိုင်ကတော့...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now