[Zawgyi]
ခွန်းစစ်မင်း သူ့ကို လင်းခေတ်ဦးပေးထားဖူးတဲ့ သော့ပိုလေးနဲ့ဖွင့်ပြီး...လင်းခေတ်ဦးရဲ့အခန်းထဲကိုဝင်လိုက်တယ်...။ အခန်းလေးကတိတ်ဆိတ်နေပြီး အရာရာကနေသားတကျတော့ရှိနေသေးတယ်...။ သူအခန်းထဲရောက်တာနဲ့ အခြားဘယ်ကိုမှမသွားမိပဲ...သူအနှစ်သက်ဆုံးဖြစ်တဲ့ လင်းခေတ်ဦးရဲ့အိပ်ရာဆီကိုသာ တန်းတန်းမတ်မတ်သွားမိတယ်...။
" ဟူးးး..."
သူပစ်လှဲလိုက်မိရင်း လင်းခေတ်ဦးအုံးနေကျခေါင်းအုံးလေးကို ဆွဲယူဖက်လိုက်မိတယ်...။ အခန်းထဲမှာက အဝါရောင်ဖျော့ဖျော့အလင်းရောင်လေးပဲရှိနေတယ်...။ ပုံမှန်ဆို အဖြူရောင်မီးသာသုံးပေမဲ့...ခွန်းစစ်မင်းကမီးဖွင့်ထားမှအိပ်တတ်ပြီး လင်းခေတ်ဦးကလဲမီးပိတ်မှသာအိပ်တတ်တာကြောင့်...အိပ်ချိန်ဆို နှစ်ယောက်လုံးအဆင်ပြေစေမဲ့ အဝါရောင်မီးကိုသာသုံးဖြစ်တော့တယ်...။
ခွန်းစစ်မင်းအတွက် သူ့မျက်နှာနဲ့အပ်ထားတဲ့ခေါင်းအုံးလေးဆီကနေ...အခုထိလင်းခေတ်ဦးရဲ့အငွေ့အသက်လေးတွေကို ခံစားလို့ရနေတုန်းပဲ...။
( အင်းးး...ဒီအနံ့...)
ဒီအိပ်ရာပေါ်မှာပဲ သူတို့စနောက်ခဲ့ကြတယ်...။ စိတ်ဆိုးစိတ်ကောက်ခဲ့ကြတယ်...။ ဒီအိပ်ရာပေါ်မှာပဲ သူတို့ရုပ်ရှင်တွေအတူကြည့်ခဲ့ကြတယ်...။ မုန့်တွေစားခဲ့ကြတယ်...။ ဒီအိပ်ရာပေါ်မှာပဲ... သူတို့...။
( Shit!...မတွေးနဲ့ မတွေးနဲ့...)
မလုပ်နဲ့ဆိုကာမှ ပိုလုပ်ချင်ကြသလို...မတွေးနဲ့ဆိုကာမှ ပိုတွေးမိလာတဲ့ ပုထုဇဉ်လူသားတွေထဲကတစ်ယောက်ပေပဲမို့...ခွန်းစစ်မင်းရဲ့ခေါင်းထဲကို ထိုအတွေးတွေက ရုပ်ပုံကားချပ်တွေလိုတစ်ခုချင်း အသေးစိတ်ပေါ်လာတော့တယ်...။ ဒီအိပ်ရာပေါ်မှာ သူနဲ့လင်းခေတ်ဦး ဘယ်လိုဘယ်လောက်တောင် နှစ်ပါးသွားခဲ့ကြလဲဆိုတာတွေပေါ့...။
ထိုသို့တွေးမိရတာနဲ့တစ်ပြိုင်နက် ခွန်းစစ်မင်း သူ့ရဲ့ပေါင်နှစ်ချောင်းကိုပူးလိုက်မိပြီး...လင်းခေတ်ဦးခေါင်းအုံးကိုလဲ ပိုတိုးလို့ဖက်မိလိုက်တယ်...။
YOU ARE READING
ME, MYSELF AND MY FUCKIN' WORLD
Romance📌 Just Read. You Will Know What This Shit. 🚫 WARNING 🚫 (Age Restricted) [Zawgyi] ဤ fiction တွင် အလွန်ပွင့်လင်းသော အကြောင်းအရာများနှင့် စကားအသုံးအနှုန်းများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ [Unicode] ဤ Fiction တွင် အလွန်ပွင့်လင်းသော အကြော...