Chapter ~ 18

28.5K 2.1K 74
                                    

[Zawgyi]

" မင်းငါ့ကို မယုံဘူးမဟုတ်လား..."

" ဒါပေါ့...မေးနေစရာလိုသေးလို့လား..."

" အင်း...အဲ့တာက လက်တွေ့ကျပါတယ်...တကယ်လဲ ယုံကြည်လောက်စရာအချက် ရှိမှမရှိပဲ...မင်းကိုယုံပါလို့လဲမပြောချင်ဘူး...ဒါပေမဲ့...ငါဘာပြောနေလဲ ငါသိတယ်...ငါ့စကားကိုငါ အာမခံနိုင်တယ်..."

ဒီလူသားပါးစပ်ကထွက်တာကို မယုံရဘူးဆိုတာသိရက်နဲ့...သူ့စိတ်က သူတောင်မသိလိုက်ပါပဲ ထိုစကားတွေကိုအမှန်ဖြစ်စေချင်နေမိတယ်...။ ဒါက တော်တော်ကို ဂွကျပါတယ်...။ တစ်ချိန်လုံး 'သူ့ကိုကြည့်မရမျက်မုန်းကျိုးနေတဲ့သူတွေထဲကသူတစ်ယောက်' လို့သတ်မှတ်ထားတဲ့သူဆီက 'ကြိုက်ပါတယ်' ဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါမှာပေါ့...။

" မင်းငါနဲ့တွေ့တိုင်း ဒေါသထွက်နေရတာ ငါသိပါတယ်...ငါမင်းကို ဘာလို့အမြဲစနောက်နေလဲရောသိလား...အဲ့အချိန်က မင်းက အပွင့်လင်းအဖြူစင်ဆုံးမို့လို့ပဲ...ခွန်း...ငါမင်းကို ပြုံးခိုင်းဖူးလား..."

ခွန်းစစ်မင်း ကြောင်အမ်းအမ်းနဲ့ပဲ ခေါင်းခါပြလိုက်မိတယ်...။

" လူတိုင်းက မင်းကိုမပြုံးလို့ ပြုံးစေချင်ကြတယ်...အဲ့ထဲမှာ ငါလဲပါတယ်...ငါမင်းကို ပြုံးအောင်မလုပ်နိုင်ဘူးဆိုတာ ငါကိုယ်ငါသိတယ်...ဒါမှမဟုတ်...လုပ်ချင်လဲလုပ်နိုင်လိမ့်မယ်...ဒါပေမဲ့...မင်းမလုပ်ချင်တဲ့ အရာတစ်ခုကို ငါဖိအားပေးပြီး မလုပ်ခိုင်းချင်ဘူး...ဘာဖြစ်လို့လဲဆိုတော့ မင်းမှာလဲ အကြောင်းပြချက်ရှိမယ်ဆိုတာ ငါနားလည်လို့...ဒါကြောင့်...မင်းကို ရယ်မောပြုံးပျော်အောင်မလုပ်နိုင်မဲ့ အတူတူတော့...ဒေါသထွက်နေအောင်လုပ်ဖို့ပဲ ငါရွေးချယ်ခဲ့တာ...အနည်းဆုံးတော့...မင်းကိုအမြဲရယ်ဖို့ပြုံးဖို့ပြောနေတဲ့ သူတွေကြား...မင်းရယ်လာဖို့ ပြုံးလာဖို့ကြိုးပမ်းနေတဲ့ သူတွေကြား...အင်းးး...အနည်းဆုံးတော့ ငါကမင်းအတွက် ထူးခြားနေအောင်ပေါ့..."

အခုမှ ပြယ်ကာစရှက်စိတ်တွေက ပြန်အစပျိုးလာတယ်...။ ခွန်းစစ်မင်းရင်ထဲမယ် ခံစားချက်ပေါင်းစုံက နေရာယူလာပြန်တယ်...။ ဘယ်ဟာကဘာဆိုတာ သူမခွဲခြားနိုင်ဘူး...။ ကြားလိုက်ရတဲ့စကားတွေက သူ့ကိုရှက်သွေးဖြာစေတာတော့အမှန်ပဲ...။ အဲ့အချိန် သူခံစားမိလိုက်တာက..."ဒုတ် ဒုတ် ဒုတ် ဒုတ်"...။

ME, MYSELF AND MY FUCKIN' WORLD Tempat cerita menjadi hidup. Temukan sekarang