Chapter ~ 34

28.5K 1.8K 74
                                    

[Zawgyi]

" မင်းသိပြီးပြီလား...ဟိုကန့်လန့်သွားကောင်က ကိုလင်းခေတ်ဦးနဲ့တွဲနေတာနော်...မနက်က နှစ်ယောက်သားခပ်တည်တည်ပဲ လက်တွဲပြီးကျောင်းထဲဝင်လာတာ ဟဲ့ရောင်ရေ..."

" ဟုတ်လား...ကျောင်းထဲကိုတောင်အဲ့လိုလာတယ်ပေါ့..."

" အေးဆို...မိန်းခလေးတွေပြောလဲပြောချင်စရာပဲ...ကျောင်းမှာယောက်ျားလေးတွေရှားပါတယ်ဆိုမှ ရှိတဲ့ထဲကလဲခြောက်နေကြတယ်ဆိုတာ..."

" ဟုတ်ပ...ငါထင်တော့ထင်သားပဲ...ဒီကောင်က မိန်းခလေးတွေဆိုကြည့်ရတာမဟုတ်ဘူးလေ..."

" အင်း...သူတို့တွေရောဘာမှမဖြစ်ကြဘူးလားမသိဘူး...သူတို့ရဲ့နှင်းဆီခိုင်ကြီးကို စောက်ခြောက်ကောင်ကဖြတ်လုသွားတာလေ..."

ဒီနေရာမှာ မှတ်သားစရာနှစ်ခုပေးမယ်...။ ပထမအချက်...ယောက်ျားလေးတွေလဲ အတင်းပြောတတ်တယ်...။ ဒုတိယအချက်...အိမ်သာထဲသူများသောက်တင်းပြောတော့မယ်ဆိုရင် အထဲမှာအခြားလူရှိမရှိအရင်စစ်...။

ခွန်းစစ်မင်းထိုင်ရာကနေဖြည်းဖြည်းထရပ်ပြီး ဘောင်းဘီကိုအသာဆွဲတင်ဝတ်လိုက်တယ်...။

" ကိုလင်းကရောဘာထဖြစ်တာလဲ...ငါက 3rd year က ဝတီကိုကိုနဲ့ကြိုက်တော့မယ်တောင်ထင်တာ..."

" ဘယ်သိနိုင်မလဲ...ကန့်လန့်ကောင်က ကန့်လန့်တိုက်တာအပြင် အခြားတော်တာတွေလဲရှိသေးလို့နေမှာပေါ့...ဟက် ဟက်!..."

" အဟား!...မင်းပြောတာဖြစ်နိုင်တယ်...ဘယ်လောက်တောင်ကောင်းကောင်း Bj ပေးနေလဲမှမသိတာ...ခွီးးး!..."

" တော်စမ်းကွာ...တွေးကြည့်တာနဲ့တင် ရွံတယ်...ဟ ဟ!...သွားရအောင်...ငါတို့..."

ရုတ်တရက်ထွက်လာတဲ့ အိမ်သာရေဆွဲချသံကြောင့် နှစ်ယောက်လုံး အပြင်ထွက်ဖို့လုပ်နေရာကတန့်သွားတော့တယ်...။ ခွန်းစစ်မင်းအေးအေးဆေးဆေးပဲ အိမ်သာထဲကထွက်လာလိုက်တယ်...။ ပြီးတော့ သူတို့နှစ်ယောက်ရှေ့ကပဲဖြတ်ပြီး ဘေဇင်မှာလက်ဆေးလိုက်တယ်...။ အဲ့နောက် ထိုနှစ်ယောက်ဘက်ကိုပဲ ရေလှည့်ခါလိုက်ရင်း လွယ်ထားတဲ့အိတ်ကိုသေချာပြင်လိုက်တယ်...။

ME, MYSELF AND MY FUCKIN' WORLD Dove le storie prendono vita. Scoprilo ora