"Daddy အပြင်သွားရအောင်လို့"
Daddy company ထိလိုက်ပီးကို အပြင်လိုက်ပို့ဖို့ ဂျီကျနေသော ဆယ်ဟွန်းရယ်ပါ။
Daddyပေါင်ပေါ်ကိုထိုင်ပီး ချွဲနေပေမဲ့ အလုပ်မအားတဲ့ Daddyက အပြင်လိုက်ပို့ဖို့ ငြင်းဆန်နေတုန်းပင်။
"Daddyတကယ် မအားတာကွာ နောက်နေ့ လိုက်ပို့မယ်နော် "
"Daddyကလဲ လိုက်ပို့ပါဆို"
"Bae ခုပြန်တော့ အိမ်ရောက်ရင်တွေ့မယ် "
ချန်းယောလ် တကယ် အလုပ်ရှုပ်နေတာမို့ ကလေးကို ပြောလိုက်တဲ့ အသံက အနည်းငယ်တော့ မာသွားသည်။
"အဲ့လို လေသံမာမာနဲ့ မပြောနဲ့ "
ချက်ခြင်းပဲ ပေါင်ပေါ်ကနေ ဆင်းသွားပီး ထွက်သွားလေရဲ့...။
"ဒုန်း"'
ချန်းယောလ် တံခါးတွေ ခိုင်မခိုင်ပြန်စစ်မှ။ မဟုတ်ရင် bae လုပ်တာနဲ့ ပျက်ကုန်တော့မယ်။
ဆယ်ဟွန်း daddyကို စိတ်ကောက်ပီး အပြင်ကို ဝုန်းဒိုင်းထွက်လာကာ တွေ့တဲ့ Taxiကို တားပီး အရင် ဆယ်ဟွန်းကဖူးတဲ့ Clubကို သွားဖို့ပြင်လိုက်သည်။
"Daddyက ငါ့ကိုအော်တယ် ဟွန်း အိုဆယ်ဟွန်း အကြောင်းသိစေရမယ် "
"ဦးလေ ဒီ.....ကိုမောင်း"
Sehunအရင်က အချိန်ပိုင်း ကခဲ့ဖူးတဲ့ Clubကို မောင်းဖို့ ပြောလိုက်ပီး နောက်ခုံကို မှီထိုင်လိုက်တာက ငပျင်းတစ်ကောင်လို။
Daddyကိုလဲ ပါးစပ်ကနေ ပွစိပွစိနှင့် မေတ္တာ ပို့နေမိသေး။
တစ်ခါ တစ်ခါ စိတ်မကြည်လျှင် ရှေ့က ထိုင်ခုံ ကိုသွားသွားကန်တတ်တာမို့..."လူလေး ဦးလေးက ကားအငှါးမောင်းတာမို့ မလျော်နိုင်ဘူးကွဲ့ "
"ဟုတ် ကျွန်တော် စိတ်တိုနေလို့ sorry"
စိတ်ကောက်နေတာက လိန်ပိန်နေတာမို့ ရှေ့က Taxiဦးလေးကြီးကိုလဲ သေချာ တောင်းပန်ချင်စိတ်မရှိ။
ပီးမှပဲ ပိုက်ဆံပိုပေးလိုက်ဖို့တွေးလိုက်သည်..။
Daddyဆီရောက်ပီးနောက်ပိုင်း ဆယ်ဟွန်းလက်ထဲမှာ ငွေဆိုတာ ရေထက်တောင် ပေါသေး။
YOU ARE READING
Sugar Daddy😎😎(complete)
Romanceအသက်ကြီးမှ ဖြစ်တဲ့ ငါရဲ့အချစ်က တဖြည်းဖြည်းတိုး Babyသေးသေးလေးများနဲ့တို့ကအေးဆေးမို့ နှလုံးသား ကိစ္စအမြဲတမ်းပဲငါ နွေးထွေးလို့ လိုတာပြောကြည့် မင်းစိတ်တိုင်းကျ ဖြစ်မယ် ကလေးလေးမို့💝