တနေလုံး ဘာအလုပ်မှ မရှိပဲ ထိုင်စောင့်နေရပြန်တော့ ဆယ်ဟွန်း ပျင်းသည်။
အရင်က အလုပ်တွေရှုပ်ရှက်ခက်နေခဲ့တဲ့ ဆယ်ဟွန်းက ခုလို ဘာမှမလုပ်ရပဲ နေနေရပြန်တော့ မနေတတ် မထိုင်တတ်နှင့်...။
နောက်နေ့မှ Daddyကို ခွင့်တောင်းပီး အလုပ်ပြန်လုပ်ရမည်။
သူပြန်မလာချင်း စောင့်နေဖို့ ပြောသွားပြန်တော့...
ဘယ်အချိန် အလုပ်ကပြန်လာမှန်း မခန့်မှန်း တတ်တာမို့ ဒီနေ့ အလုပ်သွားဖို့ကလဲ မဖြစ်နိုင်ပြန်..။
မစောင့်နေပါက မနက်ကလို အပြစ်ပေးခံရမှာကို ကြောက်ပါသည်..။
ရင်ထဲ ခိုးလိုခုလုကြီး နဲ့ တော်တော်လေး နေလို့ မကောင်းဖြစ်ရပြီး...
ခုဆို ဆယ်ဟွန်း လည်ပင်းမှာ Daddyလုပ်သွားတဲ့ နီညိုညိုအရာတွေဟာ ခရမ်းရောင်ပြောင်းနေလေသည်။
မသိရင် ဝက်ဝံ ကိုက်ခံထားရသလို...
ကိုယ်တိုင်တောင် ထို ခရမ်းရောင် ဖြစ်နေတဲ့ အရာတွေကို မကြည့်ရဲတာမို့ လည်ပိတ်အင်္ကျီကို ဝတ်ထားရသည်..။
အိမ်ကြီးထဲမှာလဲ ဆယ်ဟွန်းရင်းနှီးတဲ့သူ မရှိတာမို့ စကားပြောစရာ အဖော်လဲမရှိ..။
ပျင်းလာတာမို့ အောက်ထပ်ကို ဆင်းကာ အိမ်ကြီးက အလုပ်သမား အချို့နဲ့ စကားပြောကြည့်ဖို့ တွေးမိသည်။
ထို့ကြောင့် အောက်ထပ်ကိုဆင်းလာလိုက်ပီး အိမ်ထဲက လူတစ်ချို့ကို လှည့်ပတ်ပီး ရှာလိုက်တော့ မီးဖိုခန်းထဲက ထမင်းချက် အန်တီကြီး တစ်ဦး ကိုသာ တွေ့ရသည်..။
"အန်တီ တစ်ယောက်ထဲလား"
"သခင်လေးပါလား တစ်ယောက်ထဲ ပျင်းနေပီလား"
ဆယ်ဟွန်းကို သခင်လေးလို့ ခေါ်လိုက်တာမို့ မနေတတ် မထိုင်တတ်..။
တကယ်ဆို သူ့ထက်ကြီးတဲ့ အန်တီကြီးခေါ်တာက မဖြစ်သင့်ဘူးလေ..။
"ကျွန်တော် ကို သခင်လေးလို့ မခေါ်ပါနဲ့ နာမည်ပဲ ခေါ်ရင်ရပါတယ် ဗျ "
"မဖြစ်ပါဘူး သခင်လေးရယ် သခင်ကြီးက သခင်လေးကို သခင်းလေးလို့ပဲ ခေါ်ခိုင်းထားတာ...
YOU ARE READING
Sugar Daddy😎😎(complete)
Romansaအသက်ကြီးမှ ဖြစ်တဲ့ ငါရဲ့အချစ်က တဖြည်းဖြည်းတိုး Babyသေးသေးလေးများနဲ့တို့ကအေးဆေးမို့ နှလုံးသား ကိစ္စအမြဲတမ်းပဲငါ နွေးထွေးလို့ လိုတာပြောကြည့် မင်းစိတ်တိုင်းကျ ဖြစ်မယ် ကလေးလေးမို့💝