29❤

5.6K 379 50
                                    

"Sehun ကျွန်တော်ကို တစ်ခုလောက်ကူညီပါ့လား ဟင် "

တစ်ယောက်ထဲ ထိုင်နေတဲ့ ဆယ်ဟွန်းနားကို အမောတကော ပြေးဝင်လာပီး ရပ်လိုက်တဲ့ လူကြောင့် ဆယ်ဟွန်း လန့်သွားပေမဲ့ Krisဖြစ်နေလို့တော်သေးသည်...။

"အယ်...ဘာများလဲ ထူးထူးဆန်းဆန်း "

"ကျွန်တော် ရည်းစား ဟန်ဆောင်ပေးပါ့လား "

"အယ်..အဲ့တာက "

"ကူညီပါ ဆယ်ဟွန်းရယ် ဆယ်ဟွန်းမှ မကူညီရင် ကျွန်တော် ဒုက္ခ ရောက်လိမ့်မယ် "

"ဘာလို့လဲ ကျွန်တော်ကို သေချာ ပြောပြ ပါဦး "

"မေမေလေ မိန်းမ ပေးစားမယ် ပြောနေတာနဲ့ ချစ်သူ ရှိတယ်လို့ ပြောလာခဲ့လိုက်တယ် "

"အဲ့တာ ကျွန်တော်က ဘယ်လို ကူညီရမှာလဲ "

"မေမေက သူနဲ့ တွေ့ပေးဖို့ပြောတယ် "

"ဟို မိန်းကလေး တစ်ယောက်ယောက်ကို ခေါ်သွားလို့ မရဘူးလား "

"မိန်းကလေး တစ်ယောက် ခေါ်သွားရင် မေမေက ချက်ခြင်းပေးစားမှာ"

"အယ်.."

"ယောင်္ကျားလေးဆို မေမေက ငြင်းမှာ သေချာတယ် "

"ဟုတ်.. "

"ဆယ်ဟွန်း မကူညီချင်လဲ ရပါတယ်...
ကျွန်တော်မှာ သူငယ်ချင်းဆိုလို့ ဆယ်ဟွန်းပဲရှိလို့ အကူအညီတောင်းရတာပါ "

ဆယ်ဟွန်း အတွေးတို့ ဗျာများရလေပီ...။
Kris ဆိုတာက အမြဲတမ်း ဆယ်ဟွန်းကို ကူညီခဲ့တဲ့သူ..။

ခုလို တစ်ခါလေး အကူအညီတောင်းနေတာကို ဆယ်ဟွန်းမကူညီလိုက်ရင်လဲ မကောင်း..။

သူပေးထားတဲ့ အကူအညီတွေက အများသား..။ ဒါလေးကူညီလိုက်တာ ဘာမှ ဖြစ်မသွားလောက်ပါဘူးလေ... ။

"အိုခေလေ ကျွန်တော် ကူညီပေမယ် ဘယ်တော့လဲ "

"အခုပဲ မေမေက ကော်ဖီဆိုင်မှာ စောင့်နေမယ် တဲ့ message ပို့လာတယ် "

"အမ် ကျွန်တော် ပုံစံက စုတ်ပြတ်နေတာလေ "

"ချစ်ဖို့ကောင်းပီးသားပါ "

ဖျန်းခနဲ နီရဲသွားသော ဆယ်ဟွန်းမျက်နာလေး..။

ရှက်သွားတာလေးက နာမည်ကျော် ပန်ချီကားတစ်ချက်ထက် လှပနိုင်လွန်းသည်..။

Sugar Daddy😎😎(complete) Where stories live. Discover now