"ခဏလောက် တွေ့ရအောင် ချန်း"
ဟိုးအရင်က သူမ တစ်ယောက်ထဲ သာ ခေါ်ခွင့်ရှိခဲ့သော အခေါ် အဝေါ်ကို သုံးပီး message ပို့လာတာ ဘာသဘောပါလဲ။
ထပ်ပီး အဆက်အဆံမလုပ်ချင်တာကြောင့် phကို ဒီတိုင်းပဲ ပြစ်ထားလိုက်သည်။
ဆက်တိုက် ဝင်လာတဲ့ message တွေကြောင့် စိတ်ရှုပ်ရှုပ်နဲ့ noလဲဖို့ ပြင်လိုက်ပေမဲ့ baeလေးက phဆက်လာမှာကြောင့် ပစ်ထားလိုက်သည်။
အပျင်းပြေ phထဲ game ဆော့ဖို့ phထဲဝင်လိုက်တော့ သူမ ပို့ထားတဲ့ message က ချန်းယောလ်ကို ချက်ခြင်းမတ်တပ် ထရပ်စေမိသည့်အထိ။
"ချန်း လာမတွေ့ရင် ချန်းဘေ ဘီကို တို့တစ်ခုခု မလုပ်ဘူးလို့ အာမ မခံဘူးနော် "
သူမ က ဘယ်လောက်ထိ ယုတ်မာ မှန်း ချန်းယောလ်သိသည်။
Baeလေး ကို ကာကွယ်ဖို့ သူသွားတွေ့မှာ ဖြစ်မည်။
"ဘယ်နေရာ လာခဲ့ရမလဲ "
ချန်းယောလ်ရဲ့စာကိုပို့လိုက်ပီး စက္ကန့်တောင် မခြားပဲ ပြန်စာ က ဝင်လာသည်။
Location တစ်ခုကိုပို့ထားခြင်းဖြစ်ပြီး ချက်ခြင်းလာခဲ့ဖို့ ပါ ပြောထားသည်။
အပေါ်ထပ် ကို ဆွဲယူလိုက်ပီး သူမ ပို့ထားတဲ့ ဆိုင်သို့ ကားကို မလျှင်အမြန် မောင်းခဲ့လိုက်တော့၏။
ဆိုင်ထဲ ဝင်ဝင်ခြင်း မိမိကို လက်လှမ်းပြတဲ့ သူမဆီသို့ မျက်နာတည်နဲ့ လျှောက်သွားလိုက်သည်။
အနားရောက်တာနှင့်..
"မင်း ဘာကိစ္စ ပြောစရာ ရှိတာလဲ"
"အရင်ထိုင်ပါဦး ချန်းရဲ့ "
"နောက်ထပ် ချန်းလို့ မင်းကို မခေါ်ဖို့ပြောပါရစေ
ဒီကိုလာရတဲ့ တစ်ခုထဲသော အကြောင်းအရင်းက ငါ့ချစ်ရတဲ့ ကလေးလေး မထိခိုက်အောင်လို့ပဲ"သူမ ညွှန်ပြတဲ့ ထိုင်ခုံမှာ ဝင်ထို်င်လိုက်ရင်း အမောတောင် မဖြေနိုင်ပဲ တစ်ရပ်စက်ပြောလိုက်သည်။
"အဟင်း...အချစ်သူရဲကောင်းကြီးပေါ့"
"တကယ် ချစ်တတ်သွားလို့ပါ
ပီးတော့ သူကလဲ ငါ့ကို တကယ်ချစ်ပီး မလှည့်စားဘူးလေ "
YOU ARE READING
Sugar Daddy😎😎(complete)
Romansaအသက်ကြီးမှ ဖြစ်တဲ့ ငါရဲ့အချစ်က တဖြည်းဖြည်းတိုး Babyသေးသေးလေးများနဲ့တို့ကအေးဆေးမို့ နှလုံးသား ကိစ္စအမြဲတမ်းပဲငါ နွေးထွေးလို့ လိုတာပြောကြည့် မင်းစိတ်တိုင်းကျ ဖြစ်မယ် ကလေးလေးမို့💝