ကျောင်းသွားဖို့တတ်ကြွနေတဲ့ ကလေးက အစောကြီး ထပီး ပြင်ဆင်နေလေရဲ့...။
ချန်းယောလ်ကတော့ အိပ်ယာပေါ်ကနေပဲ ကလေးရဲ့ အပြုအမူ တစ်ခု ချင်းဆီကို လိုက်ကြည့်နေလိုက်သည်။
မနေ့ကမှ အသစ်စက်စက် ပြောင်းလာတဲ့ blonde hair color နဲ့ ကလေးက တစ်အားများ ချောလွန်းနေလားလို့...။
အိမ်း...အရောင်ပြောင်းဖို့ အကြံပေးလိုက်တာက ချန်းယောလ်ဆိုတော့ ချက်ခြင်းကြီး ပြန်ပြောင်းခိုင်းဖို့ဆိုတာကလဲ မဖြစ်သင့်။
ကိုယ့်ဒုက္ခကိုယ် ရှာ သော ပတ်ခ်ချန်းဗယာလ် ပါပဲ။
အရမ်း J ဝင်တာ သိသာသွားမှာလဲ ဆိုးပါတယ်လေ။
တစ်လ မဟုတ်ဘူး အရမ်းကြာလွန်းတယ်..။
နှစ်ပတ်ကျော်ရင် အကြောင်းတစ်ခုပြပီး ပြန်ပြောင်းခိုင်းရမယ်..။"Daddy ဘယ်လိုနေလဲ ချောလား "
ချန်းယောလ်ရှေ့မှာ လာရပ်လို့ ခန္ဓာကိုယ်ကို ဟိုလှည့် ဒီလှည့် လုပ်ပြနေပြန်သည်။
"အင်း Daddyရဲ့ ကလေးလေးက ဘယ်လိုနေနေ ချောပီးသား"
"စိတ်မပါသလိုကြီး လာဖြေနေတယ် "
ဟော...စိတ်ကောက်သွားပီထင်တယ်။
"လာပါဦး Daddyဆီ "
စိတ်ဆိုးသွားတဲ့ကလေးလေးကို ချော့ဖို့ ရင်ခွင်ထဲလာရန် လက်ဆန့်ပေးမိတော့ တိုးဝင်လာတာများ ခွေးပေါက်လေးလို။
"ခွေးလေးလား ဟမ် အတင်းတိုးဝင်နေတယ် "
"ကြောင်လေးပါဗျ"
"အားဂူး...daddyကြောင်လေးပေါ့ ဟုတ်လား "
"အင်း...အင်း "
ခေါင်းကို အတင်းငြိမ့်ပြနေပြန်တဲ့ကြောင်လေးက တကယ်ကြောင်ပေါက်လေးလို။
ရင်ခွင်ထဲမှာ အတော်ကြာ ငြိမ်သက်နေပီးနောက်
"Daddy "
"ဟင် "
"နေ့တိုင်းကျောင်းပို့ ကျောင်းကြိုက Daddyတာဝန်နော် "
"ပြောစရာ လိုသေးလို့လား"
"ဟင့်အင် မလိုဘူး "
YOU ARE READING
Sugar Daddy😎😎(complete)
Romanceအသက်ကြီးမှ ဖြစ်တဲ့ ငါရဲ့အချစ်က တဖြည်းဖြည်းတိုး Babyသေးသေးလေးများနဲ့တို့ကအေးဆေးမို့ နှလုံးသား ကိစ္စအမြဲတမ်းပဲငါ နွေးထွေးလို့ လိုတာပြောကြည့် မင်းစိတ်တိုင်းကျ ဖြစ်မယ် ကလေးလေးမို့💝