1💝

18.7K 687 31
                                    

ချန်းယောလ် သူငယ်ချင်းတစ်ဦး၏ ဖိတ်ကြားမှုဖြင့် "Osen "လို့ အမည်ရတဲ့ Clubတစ်ခုကို ရောက်လာခဲ့သည်။

သူအနေဖြင့်တော့ Clubကို ယောင်လိုတောင် ခြေဦးမလှည့်ချင်။ တစ်စုံတစ်ယောက် ကြောင့်ဆိုပါတော့။

Clubထဲရောက်ရောက်ခြင်း သူငယ်ချင်းဖြစ်သူကို Phခေါ်ပေမဲ့ မကိုင်တာကြောင့် Clubထဲကို မျက်စိ ကစားလိုက်ရသည်။

ကျစ် Chanyeolက စိတ်ရှည်တတ်တဲ့လူမဟုတ် ။

Clubထဲမှာ စိတ်ရှုပ်စရာကောင်းလောက်အောင် ဆူညံနေခြင်းမရှိ။ ကြည့်လိုက်တာနဲ့ အဆင်တန်းမြင့်ထဲက လူတွေပဲ ရှိမှန်းသိနိုင်သည်။

ထပ်ပီး မျက်စိကစားလိုက်တော့ တွေ့ပါပီ ကင်ဂျုံအင်း။
တရုတ်ရုံးခွဲကနေ တစ်နှစ်တစ်ခါ ပြန်လာတတ်ပေမဲ့ ခု နှစ်နှစ်ကျော် ကြာတာတောင် တစ်ခေါက်ပဲ ပြန်ရောက်လာတာမို့ ချန်းယောလ် ကိုအတင်းခေါ်တာကို မငြင်းခဲ့တာ။

ခုလို သူ့ကို မျက်စိညောင်းအောင်ရှာရမယ်သာ သိရင် မလာဘူး။ ဘေးမှာလဲ ကောင်မလေးတစ်ယောက်နှင့်

"မင်း ငါ့ကိုခေါ်ထားပီး လာနှပ်နေတာနော် ဂျုံအင် "

ချန်းယောလ်ပြောတာကို အဖက်မလုပ်ပဲ သူ့ဘေးက ကောင်မလေး မေးဖျားကို ပင့်တင်လို့

"Honey ပီးရင် phခေါ်လိုက်မယ် ။ ခု ကိုယ့်သူငယ်ချင်းလာနေလို့ ခဏနော်"

"Ok Darling "

ကောင်မလေး ထ ထွက်သွားမှ ခုန ရီဝေဝေ မျက်လုံးတွေနဲ့ ဂျုံအင်က ချက်ခြင်း မျက်နာက ပြောင်စပ်စပ် ဖြစ်သွားသည်။

"ချန်းယောလ် ကလဲကွာ မတွေ့တာကြာတဲ့ သူငယ်ချင်းကြီးကို "

"အပိုမပြောနဲ့ သားကြီး အလုပ်အကြောင်းတွေကြောင့် Phအမြဲ ပြောနေတာပဲ"

"အပြင်မှာ မတွေ့တာကြာပ်ီလေ သားကြီးရာ မင်းကလဲ ပြေးကြည့်မှ ခင်တွယ်စရာဆိုလို့ ဒီနှစ်ယောက်ပဲ ရှိတာကို "

ဟုတ်တော့လဲ ဟုတ်ပါတယ်လေ။ ချန်းယောလ်နဲ့ ဂျုံအင်က မိဘမဲ့ နှစ်ယောက်ပဲဟာ..။

ငယ်ငယ်ထဲက မိဘမဲ့ ကျောင်းမှာထဲက သူငယ်ချင်း အရင်းကြီးတွေမို့။

နှစ်ယောက်လုံး မအိပ်မနား ကြိုးစားပီးမှ Companyတစ်ခုထောင်နိုင်ခဲ့တာ။ ဘယ်လောက်ထိ ကြိုစားခဲ့ရတယ် ဆိုတာ နှစ်ယောက်လုံးအသိဆုံး။ အခက်အခဲတွေ အများကြီးကိုကျော်ဖြတ်ခဲ့ပီးမှသာ။
အခက်ခဲတွေကြားထဲမှ သူတို့အောင်မြင်လာခဲ့ပီး ယခုဆို Top5ထဲက Companyတစ်ခုပင် ဖြစ်နေခဲ့ပီ..။

ဂျုံအင်းကို တရုတ် ရုံးခွဲဘက်ကို တာဝန်ယူပီး ချန်းယောလ် က ကိုရီးယားမှာပဲ တာဝန်ယူခဲ့သည်။

ချန်းယောလ် အရင်က ပျော်ပါးတတ်ခဲ့ပေမဲ့ တစ်စုံတစ်ယောက်ကြောင့် အလုပ်ထဲကိုပဲ ခေါင်းနှစ်နေခဲ့ပီး အပျော်ပါး ကင်းမဲ့ ခဲ့သည်မှ ဆယ်နှစ်ကျော် ကြာတဲ့ထိ။

ချန်းယောလ် က ဂျုံအင်းထက် တစ်နှစ်ကြီးတာကြောင့် ဂျုံအင်အပေါ်သူငယ်ချင်းလို အကိုလို အဖေလို ဂရုစိုက်ပေတတ်သည်..။

"ဂျုံအင်း မင်းကရောက်ရောက်ချင်း Clubတန်း လာတာနော် အိမ်ပြန်မလာပဲ"

"ဒီ Clubမှာ ကတဲ့ ကောင်လေးကို ကြည့်ချင်လို့ အရမ်း နာမည်ကြီးနေတာနဲ့ တွေ့ချင်လို့"

"အေးကောင်းတယ် "

Classics ဆန်ဆန် တေးသွားကနေ တေးသွားတစ်ခုသို့ ပြောင်းသွားသွားချင်း Clubထဲရှိ လူအများ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

"ပြောရင်းဆိုရင်း သူကတော့မယ်... သွားမယ် ထထ"

ချန်းယောလ် မလိုက်ချင်ပေမဲ့ ဂျုံအင်းက အတင်းဆွဲခေါ်နေတာကြောင့် ရုပ်မပျက်ချင်တာမို့ လိုက်လာခဲ့ရသာ်...။

ချန်းယောလ် ရောက်ရောက်ချင်း မြင်လိုက်ရတာက ရေထဲမှာ စီးချက်ကျ ကျ ကနေတဲ့ ကောင်လေးတစ်ယောက်။

ခန္ဓာ ကိုယ်က တေးသွားနှင့် စီးချက်ညီစွာ ယိမ်းနွဲ့နေသည်။
ရေထဲမှာ ဖြစ်တာကြောင့် အဖြူရောင် shirtအပါးလေးက ထိုကောင်လေး ခန္ဓာကိုယ်မှာ ကပ်နေသည်။

ချန်းယောလ် တစ်ယောက် မျက်နာမလွဲနိုင်လောက်အောင်ကို ထိုကောင်လေး ပြုစားလွန်းသည်။

ဘာရယ်မဟုတ် ဘေးကလူတွေကို ကြည့်လိုက်ပြန်တော့ ယောင်္ကျားလေး မိန်းကလေး အကုန်လုံး ထိုကောင်လေး ဆီက မျက်နာမလွှဲ နိုင်ကြ။

ချန်းယောလ် မကျေနပ်ပါ။ ဘာကြောင့်ရယ်မှန်းမသိပေမဲ့ ထိုကောင်လေးကို သူတစ်ယောက်ထဲပဲ ကြည့်ချင် မြင်ချင်သည်။

အချိန်တွေ အကြာကြီး ရပ်တန့်နေခဲ့တဲ့ သူ့နှလုံးသားကလဲ ခုမှ ပိုင်ရှင်တွေ့သွားသလိုမျိုး ခုန်နေလိုက်တာ။

သေချာတယ် ထိုကောင်လေးချန်းယောလ် အပိုင်ဖြစ်လာရမယ်...😇

........
ဟေ့ဟေ့ ဒို့ကို လွမ်းကြဘူးလား😞

Sugar Daddy😎😎(complete) Where stories live. Discover now