"Baby ဒါလေးဝတ်.."
"ဟုတ် "
ဒီနေ့ Daddyက Shoppingလိုက်ပို့မယ်ပြောထားတာကြောင့် ဆယ်ဟွန်းတို့ ပြင်ဆင်နေခြင်းပင်... ။
Daddy အသင့်ဝယ်လာပေးတဲ့ Hoddie ပန်းရောင်လေးနှင့် ဘောင်းဘီ အနက်လေးကို တွဲဝတ်လိုက်တော့ ဆယ်ဟွန်းဟာ အတော် ချစ်ဖို့ကောင်းတဲ့ ကြောင်ကလေး အတိုင်းပင်...။
Daddyကလဲ သူနှင့်ဆင်တူ Hoddieကို အနက်ရောင်ဖြစ်ကာ ဘောင်းဘီကလဲ ဆယ်ဟွန်းလို အနက်ရောင်ပင်...။
အရင်လို ဆံပင်ကို လှန်မတင်ထားပဲ ချထားတာကြောင့် Daddyဟာ လူငယ်လေး တစ်ယောက်လို...။
ဆယ်ဟွန်းလဲ Daddyအိမ်ရောက်တာ မကြာသေးပင်မဲ ဘာမှမလုပ်ရတာကြောင့် နဂိုဖြူတဲ့ အသားအရေဟာ ပိုပြီး နုလာသယောင်...။
Daddyနဲ့Sehunကိုကြည့်လျှင် အကိုကြီးနဲ့ညီလေး Shopping ထွက်လာသည် ဟု ထင်ရမည်ဖြစ်သည်...။
ဒါကလဲ ဆယ်ဟွန်းအတွေးသက်သက်သာ...
Mallထဲရောက်တော့ ဆယ်ဟွန်းလက်ကို လှမ်းဆွဲတဲ့ Daddy...
"လမ်းပျောက်မှာဆိုးလို့ လူအရမ်းများတယ်လေ"
"ဟုတ် "
ဆယ်ဟွန်း လဲ Daddyလက်ကို ပြန်ဆပ်ကိုင်လိုက်တာက လူအရမ်းများတဲ့ Mallထဲမှာ ဆယ်ဟွန်း Daddyကိုပျောက်သွားမှာကြောက်လို့...
ချန်းယောလ်ကတော့ ကိုယ့်အတွေးတင် မျက်နာက ပြုံးဖြီးနေပီ...။
Mallထဲ စဝင်ဝင်ချင်း သူ့ကလေးလေးကို ကြည့်နေတဲ့ မမ တစ်သိုက်ကို သူ့အပိုင်ဖြစ်ကြောင်းသက်သေပြလာခဲ့ပီလေ...။
တခြား ဘယ်သူတွေကမှ သူ့ကလေးလေးကို ထပ်ကြည့်တော့မှာမဟုတ်...။
သူတို့နှစ်ယောက်လုံးကိုပဲ အထူးအဆန်းကြည့်လိမ့်မည်...။
ဆယ်ဟွန်း ရုတ်တရက် ထူးဆန်းသလို ခံစားလာရသည်...။
လူတစ်ချို့က ဆယ်ဟွန်းတို့နှစ်ယောက်ကို ကွပ်ကြည့်ကွပ်ကြည့်နှင့် တစ်ချို့မိန်းကလေးငယ်ငယ်လေးဆို ဆယ်ဟွန်းတို့ကို ဓာတ်ပုံပါ ခိုးရိုက်နေကြသည်ဟု ထင်သည်...။
"Daddy..."
"ပြောလေ baby"
"ဆိုင်တစ်ဆိုင်ထဲ ဝင်ရအောင်လေ ဟိုကောင်မလေးတွေက ဓာတ်ပုံရိုက်နေသလိုပဲ"
YOU ARE READING
Sugar Daddy😎😎(complete)
Romansaအသက်ကြီးမှ ဖြစ်တဲ့ ငါရဲ့အချစ်က တဖြည်းဖြည်းတိုး Babyသေးသေးလေးများနဲ့တို့ကအေးဆေးမို့ နှလုံးသား ကိစ္စအမြဲတမ်းပဲငါ နွေးထွေးလို့ လိုတာပြောကြည့် မင်းစိတ်တိုင်းကျ ဖြစ်မယ် ကလေးလေးမို့💝