5💝

7.4K 507 40
                                    

ဆယ်ဟွန်း အိမ်ပြန်ရောက်ရောက်ချင်း သိမ်းစရာရှိတာများကို သိမ်းဆည်းပြီးနောက်ရေချိုးဖို့ပြင်လိုက်ပေမဲ့ ထိုလူကြီး အိမ်ရောက်မှပဲ ချိုးတော့မည်ဟု တွေးကာ တရေးအိပ်ရန် ပြင်လိုက်သည်...။

သို့သော် အိပ်စရာနေရာမရှိတော့...။
ပစ္စည်းမှန်သမျှ အကုန်သိမ်းလိုက်တာမို့..။

ပစ္စည်းတွေက သိမ်းစရာမများပေမဲ့ နေ့လည်မှ စသိမ်းရတာရယ်ကြောင့် မပီးမှာကြောက်နေသော်လည်း ထိုလူကြီး ထည့်ပေးလိုက်တဲ့ လူတွေကြောင့် အတော် အဆင်ပြေသွားသည် ပြောရမည်..။

ခုနကပဲ ထိုလူတွေပြန်သွားတာကြောင့် ဆယ်ဟွန်းတစ်ယောက်ထဲ ကျန်နေခဲ့ခြင်းသာ...

အချိန်ကြည့်လိုက်တော့ ညနေစောင်းလုနီးနီးမို့ ဆယ်ဟွန်းကို လာခေါ်မည့်သူတွေ လာနေမည်ဟုတွေးလိုက်သည်..။

တစ်ဆက်ထဲ ထိုလူကြီးပြောတဲ့လူကြီး ကစားနည်းဆိုတဲ့ အကြောင်းကိုလဲ တွေးလိုက်မိတော့ နည်းနည်း တော့ စိတ်ပူမိသွားသည်...။

လူကြီးကစားနည်းဆိုတာ လူသတ်ရမှာများလား..?

ဆယ်ဟွန်း ကိုမဟုတ်တာ တစ်ခုခုလုပ်ခိုင်းမှာများလား?

အတွေးတွေးကြောက်ဖို့ကောင်းလွန်းတာမို့ မဖြစ်နိုင်ဘူးဟု ကိုယ့်ပါးနှစ်ဖက်ကို ကိုယ်တိုင် ဘယ်ပြန်ညာပြန်ရိုက်ကာ အတွေးတွေကို မောင်းထုတ်ရပြန်သည်...။

မဟုတ်ဘူး မဟုတ်ဘူး ဆယ်ဟွန်းနီးလေး မဖြစ်နိုင်ဘူး... ဟုတ်တယ်ရယ်..။

ထိုလူကြီး သင်ပေးမှာဆိုတော့ အရမ်းကြောက်ဖို့ကောင်းတာ ဖြစ်မနေနိုင်လောက်ပါဘူး..နော့🙁

စိုးပူးဝါးဆယ်ဟွန်းနီးလေး ကိုယ့်အန္တရယ်ကို ကိုယ် ခုထိမရိပ်မိရှာသေး..

အတွေးတွေတောင် သိပ်မကြာလိုက်

အိမ်ရှေ့မှ ဟွန်းသံကြောင့်..အဝတ်အနည်းငယ်သာ ရှိသော အထုတ်ကို သယ်ကာ အိမ်ရှေ့ကို ထွက်လာခဲ့လိုက်သည်...။

ဆယ်ဟွန်း ထွက်လာတာ မြင်တော့ ဆယ်ဟွန်း အထုတ်ကို လာကူဆွဲ ကြပြန်တာမို့ အားနာနာနှင့်ပဲ သယ်ခွင့်ပေးလိုက်ရသည်.။

အိမ်အဟောင်းလေးကို သံယောဇဉ် မပြတ်စွာ နောက်ဆုံးတစ်ခေါက် လှည့်ကြည့်လိုက်ရင်း ကားပေါ်သို့ တတ်လိုက်သည်..။

ကားပေါ်ကနေ အိမ်လေးကို လှည့်မကြည့်ဖို့ ဆယ်ဟွန်း အတော်ကြိုးစားလိုက်ရသည်..။

ခုချိန်လှည့်ကြည့်မိရင် ဆယ်ဟွန်း ငိုမိမည်ထင်သည်..။

ဘာမှမဖြစ်ဘူးဟုတ်တယ် ဆယ်ဟွန်း ပြန်လာလည်လို့ရတာပဲလေနော်..။

တဖြည်းဖြည်းနှင့်ကားလေးဟာ...ချန်းယောလ်ဆိုတဲ့လူကြီးနေထိုင်ရာ စံအိမ်ဆီသို့

ထိုလူကြီးအိမ်ရောက်ရောက်ချင်း အိမ်တံခါးဝကနေ စောင့်နေတဲ့ထိုလူကြီးကို ဆယ်ဟွန်းချက်ခြင်း မျက်နာ မလွှဲနိုင်

အမှန်တိုင်း ဝန်ခံရလျှင် ထိုလူကြီး အတော်ချောသည်..။

သူများတွေထက်ရှည်တဲ့အရပ်..
သူများတွေထက်ထူးပီးကားနေတဲ့နာရွက်...
အရမ်းလှတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့်...
ထိုလူကြီးဟာ သုံးဆယ်ကျော်ဆိုတာကို ဆယ်ဟွန်းလက်မခံနိုင်...

မနာလဲလိုသည်😇

ဆယ်ဟွန်းကျ အလုပ်တွေ အရမ်းလုပ်နေရလို့ အသက်ဆယ်ရှစ်ဆိုတာ ဘယ်သူမှ မယုံ...

နှစ်ဆယ်ကျော်ပဲ ထင်နေကျတာကြည့်ပင်😒

ထိုလူကြီးကို မနာလိုလိုက်တာ...

ကားပေါ်ကနေ ဆင်းတော့ ဘေးကနေ လာကြိုတဲ့ လူကြီး...
ဆယ်ဟွန်းအထုတ်တွေကိုလဲ ဆယ်ဟွန်းအခန်းလို့ထင်ရမဲ့ အခန်းထဲသို့ maidတွေကို သွားပို့ခိုင်းသည်.. ။

"Babyလေး ကိုယ့်ကို Daddyလို့ခေါ်ဖို့ ကျင့်ပီးပီလား"

"အမ်...ဟုတ် "

"ခေါ်ကြည့်ပါဦး.."

"Da...daddy"

"ဝါး Daddyရဲ့ Babyလေးကတော်လိုက်တာ...
နောက်ဆို အမြဲ အဲ့လိုခေါ်ရမယ်နော်..."

"ဟုတ်"

"ခု Daddy အခန်းထဲသွားရအောင်"

"ကျွန်တော်က တစ်ခန်းထဲတူတူနေရမှာလား"

ဆယ်ဟွန်းကို စိုက်ကြည့်လာတာမို့...

"Daddy နဲ့တူတူလား"

Daddyလို့ခေါ်မှ ကျေနပ်သွားတဲ့ထိုလူကြီးရဲ့ရုပ်သွင်...

ဒီအခေါ်အဝေါ်ကို အသားကျဖို့ ဆယ်ဟွန်းအတော်ကြိုးစားရပါဦးမည်...။

.....
ဖြည်းဖြည်းချင်းပဲသွားတာပေါ့ချိမတို့😍

Sugar Daddy😎😎(complete) Where stories live. Discover now