ကျောင်းရှေ့မှာ ကားကို မှီလို့ ရပ်စောင့်နေတဲ့ Daddyက smart ကျလွန်းနေတယ်။
ပဲအရမ်းများလွန်းနေသလားလို့။
ဘေးနားက ကောင်မလေးတွေကလဲ သူများ Daddyကို ငမ်းနေကြတယ်..။ ဓာတ်ပုံခိုးရိုက်တဲ့သူကလဲ ခိုးရိုက်နဲ့...။
ပဲအရမ်းများတဲ့ Daddyကို စိတ်ကောက်ပြမယ်။
ဆယ်ဟွန်းကို လာကြိုတာမှ မဟုတ်တာ ။ ပဲလာများတာ...။ဟွန့်...
စူပုတ်ပုတ်မျက်နာလေးနဲ့ ကလေးကချန်းယောလ်ကိုတောင် ဘာမှမပြောပဲ ကားထဲကို တန်းဝင်သွားသည်။
"ဝုန်း..."
ကားတံခါးကို စောင့်ပိတ်သွားတာများ ခင်ဗျားတို့ ကြားတဲ့အတိုင်းပါပဲလေ။
ချန်းယောလ်ကားက အကောင်းစားကြီးမို့သာ တော်တော့တယ်။
Driver seat မှာ ချန်းယောလ် ဝင်ထိုင်လိုက်တော့ ချန်းယောလ်ဘက်ကို မျက်နာမူလာပီး အပြုံးတုကြီးနှင့်...
"Bae က ပဲများတဲ့ Daddyကိုဆို မချစ်ဘူးတဲ့ "
ချက်ခြင်းပင် ကားပြတင်းပေါက်ဘက်ကို ခေါင်းလှည့်သွားပြန်သည်။
သဝန်တိုပုံလေးက တစ်မျိုးလေးနှင့် ဆွဲဆောင်မှု အားပြင်းလွန်းနေသည်။
ခပ်သေးသေး နှုတ်ခမ်းကိုပါ စူထားသေးတာမို့ လက်နဲ့ သွားဆွဲလိုက်တော့...
"နာတယ် ဗျ "
"မသိပါ ဘူး Daddyက မနာဘူးထင်လို့"
"Daddyနော် စိတ်တိုနေတာဗျ "
"ဘာလို့လဲ ပြောပါဦး "
"ကားမောင်းတော့
နောက်နေ့ဆို ကားထဲက မထွက်ပဲbae အလာကို စောင့်နေ ကြားလား "ကလေးသဘောအတိုင်း ကားမောင်းထွက်လာလိုက်ရင်း...
"ဘာလဲ သဝန်တိုတာလား "
"မတိုဘူး baeကို ကြိုက်တဲ့သူတွေ နည်းသွားမှာဆိုးလို့ "
"ဘယ်ပြောတယ် "
ကားကို ဆောင့်ရပ်ပစ်လိုက်တဲ့ Daddyကြောင့် ဆယ်ဟွန်းပါ ရှေ့ကိုယိုင်သွားရသည်။
မျက်နာကြီးကလဲ နီရဲလို့ ကားစတီယာတိုင်ကိုပါ လက်သီးနဲ့ ထိုးနေသေး၏။
YOU ARE READING
Sugar Daddy😎😎(complete)
Romanceအသက်ကြီးမှ ဖြစ်တဲ့ ငါရဲ့အချစ်က တဖြည်းဖြည်းတိုး Babyသေးသေးလေးများနဲ့တို့ကအေးဆေးမို့ နှလုံးသား ကိစ္စအမြဲတမ်းပဲငါ နွေးထွေးလို့ လိုတာပြောကြည့် မင်းစိတ်တိုင်းကျ ဖြစ်မယ် ကလေးလေးမို့💝