28💝

5.9K 366 63
                                    

"Daddy "

"ဗျ "

"ပစ်ကနစ် ထွက်ရအောင် ပစ်ကနစ် "

နဂိုက စကားမပီတဲ့ baeက ဗိုလ်လို မှုတ်တော့ ချန်းယောလ် နားမလည်ဖြစ်ရပီ။

သေချာအောင် မေးရင် စိတ်ဆိုးသွားမလား?

"Picnic ကိုပြောတာလား bae"

"အင်းလေ ဘာထင်လို့လဲ "

"အယ်...ဘာမှ မထင်ပါဘူး သွားမယ်လေ bae သွားချင်တဲ့ အချိန်ပြော "

"အခုပဲ daddy ပြင်ဆင်ကြမယ် ရေး..."

Picnic သွားဖို့ စိတ်လောနေတဲ့ ကလေးကြီးက ချက်ခြင်းပဲ ကုတင်ပေါ်က ပြေးဆင်းကာ ရေချိုးခန်းထဲ ဝင်သွားချေပီ...။

ချန်းယောလ်ကတော့ ဒီနေ့ Company တစ်ခုလုံးကို အားလပ်ရက် ပေးလိုက်ရသည်။

ချန်းယော်လ်က သူဌေးဆိုတော့ တစ်ရက်လောက် အလုပ်ပိတ်ပေးလိုက်တာနဲ့ စီးပွားရေး မထိခိုက်ဘူးလေ...။
အဟင်း....။

ဘောင်းဘီ ဒူး အထက် အတိုလေးနှင့် hoddie အဝါနု လေးကို တွဲဝတ်ထားတဲ့ baeက တကယ် ကလေးပေါက်စလေးလို... မဟုတ်ဘူး...ကြက်ပေါက်လေးလို။

"Daddy ရေမြန်မြန်ချိုးပီး အောက်ဆင်းခဲ့တော့
Bae အောက်မှာ စားဖို့ သွားပြင်လိုက်ဦးမယ်နော် "

"အိုခေပါဗျာ "

ပြေးလွှားနေတဲ့ baeကြောင့် baeရဲ့ အကိတ်လေးဟာ ချန်းယောလ် မျက်စိအစာကျွေးစရာ တစ်ခု ဖြစ်လာသည်။

ရုတ်တရက် အပေါက်ဝမှာ ရပ်လိုက် တဲ့baeကြောင့် ချန်းယောလ် ကမန်းကတန်း အကြည့်လွှဲရ၏။

အကိတ်လေးကို ငမ်းနေတာ သိရင် ညစာ အငတ်ထားလိမ့်မယ်။

"Daddy အမြန်လုပ်ဆိုကွာ ခုထိ အိပ်ယာထဲက မထဘူး.."

အပေါက်ဝမှာ ရပ် လက်ကြီးကို ပိုက်လို့ ပြောနေတဲ့ baeက ကလေးအမှားလုပ်လို့ ဆူနေတဲ့ ဆရာနဲ့ တူသည်။

"ဟုတ်ပါပီဗျာ...လာ.."

"လာထူခိုင်းမယ် မကြံနဲ့နော် အကြံဆိုးကြီးကို "

စကားတောင် မပီးသေးဘူးလေကွာ...။ တန်းငြင်းတယ် တဲ့လား။

"ထပီကွာ.."

Sugar Daddy😎😎(complete) Where stories live. Discover now