ကုတင်ပေါ်မှာ အိပ်နေတဲ့ ကောင်လေးက အရုပ်လေးလို လှပနေလွန်းသည်။
ရောက်ထဲက မင်းကို ထိုင်ကြည့်နေမိတဲ့ ကိုယ်က ခုချိန်ထိ ထမင်းလဲ မစားရသေးလို့ ကျောလဲ မချ ရသေးဘူးကွ...မင်းသိလား။
မင်းကို တစ်စိတ့်စိမ့် ငေးနေအောင်ကို မင်းက ဆွဲဆောင် နိုင်လွန်းလို့လေ။
မင်းကို ဒီလို ခေါ်လာမိလို့ ကိုယ့်ကို မမုန်းရဘူးနော်။
တစ်ဖြေးဖြေး လှုပ်ခတ်လာတဲ့ မျက်တောင်တွေနှင့် အတူ ကျွန်တော် အချစ်လေး သတိရတော့မယ်ထင်သည်။
"ဟင်း...အင်း..."
မျက်လုံးပေါ်ကို လက်ချောင်းတွေနဲ့ ပွတ်သပ်နေတဲ့ အပြု အမူ တစ်ခုချင်းဆီက အစ လက်လွတ်မခံနိုင်အောင်ပင်။
"ဟင်...Kris ဘာလို့ ကျွန်တော် အိမ်ကို ရောက်နေတာလဲ"
"ဒါ မင်း အိမ်လား သေချာ ကြည့်ပါဦး ကလေးလေးရဲ့ "
Kris ပြောလိုက်မှ ဘေးပတ်ဝန်းကျင် ကို သတိထားပုံရသွားပုံရသည်။
ပီးနောက် ကုတင်ပေါ်ကနေ ခြေထောက်ကို ချလိုက်ရင်း..
"kris က ကျွန်တော်ကို အလည်ခေါ်လာတာလား
ကျွန်တော်မေ့ကုန်ပီ ဟီး...Daddyမျှော်နေတော့မှာပဲ ပြန်ပို့ပေးဦးနော် "
"မင်းကို ငါ ခိုးပြေးလာတာ "
"လာနောက်နေတယ် kris ကတော့..ဟားဟား.."
"အတည်ပြောနေတာ အရုပ်လေးရဲ့"
"...ဟား...ဟား..Krisကလဲ ထိုင်နေရာကနေ ထပီး ကျွန်တော့ကို လိုက်ပို့ဦး "
"အရုပ်လေးအတွက် စားစရာ ယူလာပေးမယ် စောင့်နေနော် "
"kris ...မဟုတ်..မဟုတ်ဘူးမလား..
ကျွန်တော်ကို အဲ့လောက်ထိ မနောက်ပါနဲ့"ဆယ်ဟွန်းရဲ့ မယုံကြည်တဲ့ မျက်လုံးတွေနဲ့ စကားတွေကို မကြားနိုင်စွာ တံခါးကို ပိတ်ပီး အပြင် ထွက်ခဲ့လိုက်သည်။
တံခါးခြေရင်းမှာ ထိုင်ချလိုက်တာနှင့် တရစပ် ကျလာတဲ့ မျက်ရည်တွေ...
တောင်းပန်ပါတယ် အရုပ်လေးရယ်...
မင်းယုံကြည်မှုကို အလွဲသုံးစားလုပ်မိလို့...
YOU ARE READING
Sugar Daddy😎😎(complete)
Romanceအသက်ကြီးမှ ဖြစ်တဲ့ ငါရဲ့အချစ်က တဖြည်းဖြည်းတိုး Babyသေးသေးလေးများနဲ့တို့ကအေးဆေးမို့ နှလုံးသား ကိစ္စအမြဲတမ်းပဲငါ နွေးထွေးလို့ လိုတာပြောကြည့် မင်းစိတ်တိုင်းကျ ဖြစ်မယ် ကလေးလေးမို့💝