"သခင်လေးက သခင်ကြီး အလုပ်သွားရင် အပြင်ထွက်သွားတတ်ပြီး သခင်လေး မပြန်ခင်လောက်ပဲ ပြန်ပြန်ရောက်လာတာပါ"
ဆိုတဲ့ maid တစ်ယောက်ကပြောပြလာသည်။
တကယ်က ချန်းယောလ် မေးလို့ ဖြေခြင်းရယ်ပါ။
ခုတစ်လော ကလေး မျက်နာ က ပုံမှန်ထက် ပင်ပန်းနေတဲ့ ပုံပေါက်တာကြောင့် maid တစ်ယောက်ကို ခေါ်ပြီး မေးမိခြင်းဖြစ်သည်။
ည ညဆို ချန်းယောလ် ပြန်မရောက်ခင် အိပ်ပျော်နေတတ်ပြီး မနက်ဆိုလဲ မျက်နာက အရမ်းပင်ပန်းနေတဲ့ပုံဖြစ်နေသည်။
အရင်လို ချန်းယောလ် အလုပ်က ပြန်လာတိုင်း ထွက်ကြိုတတ်တဲ့ ကလေးက ဘယ်များပျောက်နေပါလိမ့်။
ခုတစ်လော ချန်းယောလ် လဲ အလုပ်တွေ မအားလပ်တာကြောင့် ကလေးကို သေချာဂရုမစိုက်ဖြစ်ခဲ့။
တူတူမနေတာလဲ အတော်ကြာပြီဖြစ်သည်။
တကယ်ဆို ချန်းယောလ်က အတူနေချင်ပေမဲ့ ချန်းယောလ် ပြန်ရောက်လာတိုင်း အိပ်ပျော်နေတတ်တဲ့ ကလေးကြောင့် မဆက်ဆံရခြင်းဖြစ်သည်။
ချန်းယောလ် အရင်လို ဂရုမစိုက်မိတာကြောင့် ကလေးက ပြောင်းလဲသွားတာလား?
ချန်းယောလ်ကို မချစ်တော့တာလား ?
အသစ်တွေ့နေပြီလား?အတွေးတွေက နှိပ်စက်လွန်းတာကြောင့် ချန်းယောလ် ရင်တွေပူလောင်လာခဲ့သည်။
မဖြစ် ဒီနေ့ အိမ်ပြန်ရောက်ရင် သေချာ မေးမြန်းမှပါ။
အိပ်ပျော်နေတယ်ဆိုပြီး ညှာနေလို့ မဖြစ်ဘူး။အိမ်ကို ပြန်ချင်စောနှင့် အလုပ်စောစော သိမ်းပြီး အမြန် အိမ်ပြန်ခဲ့သည်။
အလုပ်စောသိမ်းတယ်ဆိုပေမဲ့ ည ၇နာရီခွဲလောက်ထိ ဖြစ်နေပြီ။အိမ်ရောက်ရောက်ချင်း အိတ်လာသယ်ပေးတဲ့ အစောင့်ကောင်လေးကို..
"ကျွန်တော် ကလေး အိမ်မှာ ရှိလား"
"သခင်လေး အိမ်မှာရှိပါတယ် သခင်ကြီး "
"အိတ်ကို စာကြည့်ခန်းထဲသွားထားလိုက်"
"ဟုတ်ကဲ့"
ခြေလှမ်းကျဲ များဖြင့် အိမ်ခန်းဆီ အမြန်သွားလိုက်သည်။
YOU ARE READING
Sugar Daddy😎😎(complete)
Roman d'amourအသက်ကြီးမှ ဖြစ်တဲ့ ငါရဲ့အချစ်က တဖြည်းဖြည်းတိုး Babyသေးသေးလေးများနဲ့တို့ကအေးဆေးမို့ နှလုံးသား ကိစ္စအမြဲတမ်းပဲငါ နွေးထွေးလို့ လိုတာပြောကြည့် မင်းစိတ်တိုင်းကျ ဖြစ်မယ် ကလေးလေးမို့💝