ကျွန်တော်ရဲ့ ပထမဆုံး ရင်ခုန်သံလေးမှာ ပိုင်ရှင် ရှိနေသတဲ့။
လောကကြီးက ဘယ်လောက်တောင် မတရားလိုက်သလဲ။
ကိုယ့်ကို လာကြိုက်ပါဆိုပီး မြူစွယ်ကြမ်းတိုက်နေတဲ့ တစ်ချို့ကျလဲ မျက်လုံးထဲ တိုးမဝင်။
ပထမဆုံး အချစ်ကို ခံစားဖူးချိန်မှ....
မတရားလိုက်တာ လောကကြီးရယ်လက်လွတ်ဖို့ ကြိုးစားမိပေမဲ့ တစ်ဖြေးဖြေး ခင်လာပီးနောက်ပိုင်း သူ့အပြုအမူ တစ်ခု ချင်းစီကစ လက်မလွှတ်နိုင်အောင် ရင်ခုန်စေပြန်တယ်။
နှုတ်ခမ်းပါးပါးလေးက သိမ်းပိုက်ချင်မိတာ အခါခါ...
နှုတ်ခမ်းပါးလေးက ဖြစ်ပေါ်လာတဲ့ အပြုံးလေးတွေကိုလဲ ကိုယ်တစ်ယောက်ထဲပဲ မြင်ခွင့် ရချင်မိသည်။
သူ့အပြုံးလေးတွေ ဖြစ်ပေါ်လာတာကလဲ ကိုယ့်ကြောင့်ပဲ ဖြစ်စေချင်သည်။
ဒါပေမဲ့ သူ့အပြုံးတွေက ကျွန်တော် အတွက် မဟုတ်ခဲ့သလို...
သူအပြုံးတွေ ဖြစ်ပေါ်နေတာလဲ ကျွန်တော်ကြောင့်မဟုတ်ဘူး။လက်လွတ်ဖို့လဲ မဖြစ်နိုင်ဘူး.. အချစ်ရယ်...
အချစ်လို့ပဲ ခေါ်ပါရစေတော့...။
"Kris ဘာတွေ တွေးနေတာလဲ"
အနောက်ကနေ ကျောကို စာအုပ်နဲ့ ရိုက်လိုက်တာမို့ကော့သွားရသည်။
သူ့အကြောင်းတွေးနေတယ်ဆိုတာ ပြောပြလိုက်ရင် ခုလို အနားမှာတောင် ရှိနေဦးမလား။
"Examအတွက် စာဘယ်လို ကြည့်ရင် ကောင်းမလဲ တွေးနေတာပါ ကွာ "
"ဝါး Kris က စာဂျမ်းပိုးကြီးပဲ "
"ဟား...ဟား....ကိုယ်က အဲ့လောက်လဲ မဟုတ်ပါဘူး "
"ကျွန်တော်ကတော့ ခုထိ စာတွေ သေချာ နားမလည်သေးဘူး "
"ကိုယ် ရှင်းပြတာတွေရော "
"အိ "
ဇာတ်လေးပု ရှာလေးထုတ်ပီး သူ့မရသေးကြောင်း ခေါင်းရမ်းပြတဲ့ သူ့ကို ဖြစ်နိုင်ရင် ဒီနေရာမှာပဲ ဖက်ထားပစ်လိုက်ချင်တယ်...။
ငါ့စိတ်ကို ငါ ထိန်းချုပ်နေရတာမို့ အူးယားအောင် သိပ်မလုပ်ပါနဲ့လား အချစ်ရယ်...
YOU ARE READING
Sugar Daddy😎😎(complete)
Romanceအသက်ကြီးမှ ဖြစ်တဲ့ ငါရဲ့အချစ်က တဖြည်းဖြည်းတိုး Babyသေးသေးလေးများနဲ့တို့ကအေးဆေးမို့ နှလုံးသား ကိစ္စအမြဲတမ်းပဲငါ နွေးထွေးလို့ လိုတာပြောကြည့် မင်းစိတ်တိုင်းကျ ဖြစ်မယ် ကလေးလေးမို့💝