"ကလေးလေးရယ် ကျေးဇူးပြုပြီး သတိရပါတော့နော် "
ချန်းယောလ်ရဲ့ ဘေဘီလေး သတိမေ့နေတာ တစ်ပတ်ပြည့်တော့မည်ဖြစ်သည်။
မိန်းမယုတ်ကိုတော့ ချန်းယောလ် အာဏတွေရော ၊ပါဝါတွေရော အကုန်သုံးပြီး တစ်သက်တစ်ကျွန်းထောင်နန်းစံခိုင်းခဲ့ ပြီ။
Wu Krisကတော့ ဆယ်ဟွန်း သတိရလာရင် ကိုရီးယားက နေ ထွက်သွားတော့မည်ဟုပြောသည်။
ဆယ်ဟွန်း သတိရလာတာကို စောင့်နေမှ စိတ်အေးနိုင်မှာလို့ ဆိုသည့်အတွက် စိတ်ကြိုက် နေခိုင်းလိုက်သည်။
ဆယ်ဟွန်း ဒီလိုဖြစ်သွားရတာ သူ့အပြစ်မကင်းဘူးဆိုပြီး ခဏခဏ တောင်းပန်လွန်းလို့ တားထားရတဲ့အထိ။
ငိုထားမယ်ဆိုတာလဲ အရမ်းသိသာအောင် ဆေးရုံကို လာတိုင်း မျက်လုံးတွေ နီရဲနေတတ်သည်။တကယ်တော့ Wu Krisဘဝ က သနားစရာကောင်းသည်။
အမေနေရာကို ဝင်လုထားတဲ့ wu ming zhiကို မိထွေး နေရာမှာ ရိုရိုသေသေ စကားနားထောင်ခဲ့ပြီး သူမ၏ ထားရာနေ စေရာသွား ဘဝမှာ နေခဲ့၏။
မိထွေးဆိုပေမဲ့ ငယ်ငယ်ထဲက စောက်ရှောက်ခဲ့တဲ့ ကျေးဇူးတွေကြောင့် သူမ၏ အမိန့်တွေကို မလွန်ဆန်ရဲခဲ့ဖူးပါတဲ့။ဆယ်ဟွန်းကို ချစ်နေကြောင်းပြောပြတော့ ချန်းယောလ်နဲ့ ဆယ်ဟွန်းပတ်သတ်မှုကို သိပြီး Wu Kris ကို ကူညီခဲ့ခြင်းဖြစ်သည်။
အနေကြာတော့လဲ သူတို့နှစ်ယောက်ကြားနှ သံယောဇဉ် တော့ ရှိကြမှာပါလေ။
"ဒေါက် ဒေါက်"
တံခါးခေါက်သံကြားမှ လွင့်ပြယ်နေတဲ့ အတွေးတွေက ချန်းယောလ်ဆီ ပြန်ရောက်လာတော့သည်။
"ဝင်ခဲ့ပါဗျ "
ကုတ်တုတ်တုတ်လေးနဲ့ ဝင်လာတဲ့ Kris။
"Kris လာပြီလား"
"အင်း ဟို ဦးလေး ချန်းယောလ် ခဏ အိပ်ချင် အိပ်လေ ကျွန်တော် ဆယ်ဟွန်းကို ကြည့်ထားပေးမယ်လေ "
ပြသနာတွေ ရှင်းပြီးနောက်ပိုင်း Wu Kris က ချန်းယောလ်ကို ဦးလေးထည့်ခေါ်သည်။
"ရပါတယ် ကွာ...
သူနိုးလာတဲ့အချိန် ကိုယ် မသိလိုက်မှာ ကြောက်တယ် "
YOU ARE READING
Sugar Daddy😎😎(complete)
Storie d'amoreအသက်ကြီးမှ ဖြစ်တဲ့ ငါရဲ့အချစ်က တဖြည်းဖြည်းတိုး Babyသေးသေးလေးများနဲ့တို့ကအေးဆေးမို့ နှလုံးသား ကိစ္စအမြဲတမ်းပဲငါ နွေးထွေးလို့ လိုတာပြောကြည့် မင်းစိတ်တိုင်းကျ ဖြစ်မယ် ကလေးလေးမို့💝