2💝

10.8K 591 42
                                    

ဂျုံအင်း စုံစမ်းပေးထားလို့ ထိုကောင်လေး အကြောင်းကို ချန်းယောလ် အကုန်နီးပါးလောက်သိနေပီ..

ကောင်လေးရဲ့ နေရပ်လိပ်စာ ၊ ph noတွေ အကုန်နီးပါးသိတယ်...

ကောင်လေးကလဲ သူတို့နည်းတူ မိဘမဲ့ပင်..

ချန်းယောလ်တို့လို မွေးထဲက စွန့်ပစ် ခံရတာတော့မဟုတ်။

အမေဖြစ်သူက မွေးပီးပီးချင်း နောက်ယောင်္ကျားနောက်ပါသွားခဲ့ပီး

အဖေဖြစ်သူကတော့ လွန်ခဲ့တဲ့ နှစ်ကမှ ဆုံးပါသွားခဲ့သည်။
အဖေထားခဲ့တဲ့အမွေ အကြွေးတွေကို ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ဆပ်နေခဲ့သည်တဲ့..။

သူ့အဖေဆိုတဲ့ လူက ချန်းယောလ်ဆီကနေ ငွေတွေ ယူထားခဲ့တာပဲ...ချန်းယောလ်ရဲ့လူသိမခံတဲ့အလုပ်ကနေ ငွေတွေ ချေးထားတယ်ပေါ့..

ဟက် ချန်းယောလ်အတွက် ထိုကောင်လေးအဖေကို ချေးပေးထားတဲ့ ငွေက မပြောပလောက်တာမို့ မတောင်းဖို့ တွေးထားပေမဲ့..

အို ကောင်လေးက သူ့ကလေးလေးဖြစ်ဖို့ကံပါတယ် ထင်ပါရဲ့..။

အကြွေးနဲ့ သိမ်းတာမဟုတ်ပါဘူး ကလေးလေးရေ....

အကြွေးနဲ့ သိမ်းချင်ယောင်ဆောင်ရုံတင်ပါ...

ကောင်လေးက ကလပ်မှာ တစ်ပတ်တစ်ခါ ကလေ့ ရှိပီး ကျန်နေ့များတွင်တော့ အချိန်ပိုင်းအလုပ်များဖြင့် မအားလပ်ပဲ ရှိနေတတ်သည်။

ကလပ်မှာ ဝါသနာအရမို့ တစ်ပတ်တစ်ခါ သာ ကနေခြင်းတဲ့။
ပိုက်ဆံအများကြီးရမှာသိပေမဲ့ တဏှာ အကြည့်တွေကို ကြောက်တယ်ထင်ပါသည်။

ဒါကြောင့် ကောင်လေး ကတတ်တဲ့ ရက်တိုင်းကို သူ ထို ကလပ်ကို သွားတတ်ခဲ့ပီ...။

ထိုကောင်လေးနာမည်က အိုဆယ်ဟွန်း...

ဆယ်ဟွန်း နောက်ကို တစ်ယောက်ယောက်လိုက်လာသည်ဟု ခံစားရတာမို့ နောက်ကို လှည့်ကြည့်သော်လည်း ပုံမှန်သွားလာနေကြလူများသာ...

ဒါပေမဲ့ သူသိသည် နောက်ကတစ်ယောက်ယောက် ပါလာတာကို..

ခြေလှမ်းတွေကို မပြေးရုံတမယ် အရှိန်မြှင့်လိုက်ပီး မျက်ခြေဖြတ်ဖို့ ကြံရသည်.။

Sugar Daddy😎😎(complete) Where stories live. Discover now