မနက်နိုးလာတော့ ဘေးမှာ Daddyရှိမနေ...
အရင်ရက်တွေက တင်းတင်းကြပ်ကြပ်ဖက်ခံထားရတာ အကျင့်ပါသွားတာထင်ရဲ့...
ဘေးမှာDaddyရှိမနေတော့ ဟာတာတာနှင့်...။
ဆယ်ဟွန်း လဲ ပုံမှန်အချိန်မှာပဲ နိုးတာပါ...။
ဘယ်တွေများအရေးတကြီး ထသွားရတာပါလိမ့်...။
မျက်နာသစ်ရန် ရေချိုးခန်းထဲ ဝင်ခဲ့လိုက်တော့ မှန်ပေါ်မှာကပ်ထားတဲ့ စာရွက်တစ်ခု..
ဘာများလဲ ယူကြည့်မိတော့
"Babyလေး Daddyအလုပ်ကိစ္စ အရေးကြီးလို့ အစောကြီးသွားတယ်...
နေ့လည် ကားလွှတ်လိုက်မယ် Daddyဆီလိုက်ခဲ့"
Daddyရဲ့ လက်ရေးလှလှလေးတွေဟာ ဆယ်ဟွန်းကို ပြုံးအောင်စွမ်းသည်...။
ရက်အနည်းငယ်ပဲ ရှိသေးပေမဲ့ Daddyကို သံယောဇဉ် တွဲနေပီထင်ပါရဲ့...။
မဖြစ်သင့်တဲ့ ကိစ္စမို့ ကိုယ့်စိတ်ကို ထိန်းဖို့သာ ဆုံးဖြတ်ချက်ချလိုက်ရ၏။
ခုတော့ Daddyဆီ သွားဖို့ ရေချိုးလိုက်ဦးမယ်... ။
ရေချိုးကန်ထဲမှာ လှချင်လွန်းတဲ့ ဆယ်ဟွန်း ဟာ တစ်နာရီ နီးပါး...
မနေ့ကမှ Daddy အသစ်စက်စက် ဝယ်ပေးထားတဲ့ အင်္ကျီ တွေကို တစ်ထည်ပီး တစ်ထည် ကိုယ်နဲ့တိုင်ကြည့်လိုက် မကြိုက်ရင် အသစ်ပြန်ရှာလိုက်နှင့် အင်္ကျီ ရွေးတာ နာရီဝက်ကျော်ကျော်လောက်...
"ဟက်ချိုး...အိ ဖျားတော့မယ် ထင်တယ်.."
အင်္ကျီ ကို စိတ်ကြိုက်အဖြစ်ဆုံးအရာကို ရွေးဝတ်ပီးတဲ့နောက် ကုတင်ပေါ်မှာ အင်္ကျီ တွေဟာ အထက်လိုက်...။
ဟီး အန်တီကြီးကို နောက်မှအကူညီတောင်းရမယ်...။
Daddyအလိုလိုက်တာနဲ့ ဆယ်ဟွန်းတောင်ပြောင်းလဲချင်နေပီ....ဟိ။
Daddyဟာ ဆယ်ဟွန်းအကျင့်ကောင်းတွေကို ဖျက်စီးပစ်နေတဲ့ လူဆိုးကြီးပဲ..။
ဆယ်ဟွန်းလဲပြင်ဆင်ပီးတော့ daddyလွှတ်လိုက်တဲ့ကားက ဆယ်ဟွန်းကို ခေါ်ဖို့ရောက်နေလေပီ...။
အင်္ကျီ တွေရှင်းပေးဖို့ အကူအညီတောင်းပီးမှ Daddyဆီသွားဖို့ ကားပေါ်သို့တတ်ခဲ့လိုက်သည်..။
တစ်လမ်းလုံးလဲ Daddyနဲ့ ဆယ်ဟွန်းရဲ့ ပတ်သက်မှု က ဘယ်လိုလဲဆိုတာ အဖြေထုတ်နေခဲ့ပေမဲ့ အဖြေရှာမရ...။
အို..ရှုပ်ရှုပ်ရှက်ရှက်တွေ တွေးမနေပဲ ဒီတိုင်းလေးပဲ စီးမြောနေလိုက်တာ ကောင်းပါတယ်...။
Company ရှေ့ရောက်တော့ Daddyဟာ ဆယ်ဟွန်းကို ကြိုဖို့ လူတစ်ယောက်ကို လွှတ်ပေးထားပြန်တယ်...။
"သခင်လေး ဒီလမ်းပါ ခင်ဗျ....
CEOက လမ်းမှားမှာ ဆိုးလို့ လွှတ်ပေးထားတာပါ.."
"ဟုတ်ကဲ့.."
Daddyဟာ အလိုက်သိလွန်းပါတယ်...~~
"ဒီရုံးခန်းထဲမှာပဲ ခဏစောင့်နေပေးပါတဲ့ CEO က အစည်းအဝေးပီးတာနဲ့ လာခဲ့ပါမယ်တဲ့"
"ဟုတ်"
ဆယ်ဟွန်းလဲ မှားထာတဲ့ အတိုင်း ဆိုဖာမှာပဲ ဝင်ထိုင်နေရင်း Daddyကိုစောင့်နေလိုက်သည်..။
နာရီဝက်လောက်ကြာတဲ့ထိဘပေါ်မလာသေးတာကြောင့် ငိုက်မြည်းလာရပြန်သည်...။
ချန်းယောလ် အစည်းအဝေးပီးလို့ အပြင်ထွက်လာတော့ ကလေးလေး အကြာကြီးစောင့်နေရမှာစိုးရိမ်တဲ့ အတွက် ရုံးခန်းဆီကို ခြေလှမ်း ကြဲ ကြီးများနဲ့ မပြေးရုံ တမယ် သွားလိုက်သည်.. .။
အခန်းထဲရောက်တော့ ဆိုဖာပေါ်မှာ ကလေးလေးဟာ ငုတ်တုတ်လေး အိပ်ငိုက်နေလေရဲ့....။
အတွင်းရေးမှူး ကို အရေးကြီး ကိစ္စမရှိပဲ အခန်းထဲ ဘယ်သူမှ မဝင်စေဖို့ မှာကာ..
အိပ်ပျော်နေတဲ့ ကလေးလေး သက်တောင့်သက်သာ ဖြစ်စေဖို့ ပုခုံးတစ်ဖက် ငှါးလိုက်၏။"အင်း..."
"နိုးလာပီလား bae"
"အင်း...ကျွန်တော် အိပ်တာ ကြာသွားလား"
"သိပ်မကြာပါဘူး နေ့လည်စာ လွတ်သွားရုံပါ "
"ဘယ်လိုလုပ်မလဲ တောင်းပန်ပါတယ်"
ချက်ခြင်းမတ်တပ်ရပ်ကာ ခါးကိုင်းပီး တောင်းပန်နေတဲ့ ကလေးလေးဟာလေ...
တကယ်ကို အူကြောင်ကြားလေး...
"အင်း.....Daddyကတော့ အပြစ်ပေးရတော့မှာပဲ"
မေးကို ပွတ်သပ်လို့ စဉ်းစားဟန်နဲ့ စနောက်လိုက်တော့...
"Daddyကြိုက်တဲ့ အပြစ်ပေးဘာ.."
"တကယ်လား"
"ဟ...ဟုတ်"
ဆယ်ဟွန်း မျက်လုံးထဲမှာ daddyဟာ သရေတွေ ယိုနေတဲ့ ကျားတစ်ကောင်လို...
"daddyစိတ်တိုင်းကျ daddyနားမှာပဲ နေရမယ်".....
YOU ARE READING
Sugar Daddy😎😎(complete)
Romanceအသက်ကြီးမှ ဖြစ်တဲ့ ငါရဲ့အချစ်က တဖြည်းဖြည်းတိုး Babyသေးသေးလေးများနဲ့တို့ကအေးဆေးမို့ နှလုံးသား ကိစ္စအမြဲတမ်းပဲငါ နွေးထွေးလို့ လိုတာပြောကြည့် မင်းစိတ်တိုင်းကျ ဖြစ်မယ် ကလေးလေးမို့💝